မောင်နှမနှစ်ယောက် TABLET လုရာမှ (၁၅)နှစ်အစ်ကိုဖြစ်သူက (၁၀)နှစ် ညီမလေးကို တူနဲ့ထုသတ်

အသက်အရွယ်အားဖြင့် အလွန်ငယ်သေးတဲ့ မောင်နှမနှစ်ယောက်ဟာ အချင်းအချင်း စကားများရန်ဖြစ်ရာမှ အစ်ကိုဖြစ်သူရဲ့ လက်ချက်နဲ့ ညီမလေး သေဆုံးခဲ့ရပါတယ်။ သူတို့ မောင်နှမနှစ်ယောက်ဟာ Tablet တစ်ခုကို သူသုံးသင့်တယ်၊ ငါသုံးသင့်တယ် အချင်းများရာကနေ ရန်ဖြစ်ခဲ့ကြတာပါ။

ဒီအဖြစ်အပျက်ဟာ ကာဇက်စတန်နိုင်ငံ၊ Taraz မြို့က နေအိမ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးအမည်ကတော့ Luda လို့ သတင်းတွေက ဖော်ပြထားပြီး၊ မေလ(၁၃)ရက်နေ့မှာ သူမရဲ့ အလောင်းကို အစ်ကိုဖြစ်သူက လူမသိသူမသိ စွန့်ပစ်ခဲ့တာပါ။

Luda ဟာ အစ်ကိုဖြစ်သူရဲ့ တူချက်နဲ့ ဦးနှောက်တွင်း သွေးယိုစီးမှုဖြစ်ကာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အစ်ကိုရဲ့အမည်ကတော့ Aleksey လို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ ယခင်တုန်းကလည်း Tablet အတွက် မကြာခဏ စကားများ ရန်ဖြစ်ကြပြီး၊ ညီမဖြစ်သူကို အဖေအမေက ဦးစားပေးပြီး ကိုင်ခိုင်းလေ့ရှိပါတယ်။

အိမ်နီးနားချင်းတစ်ဦးဖြစ်တဲ့ Shynar Myrzakhmetova ကတော့ Luda သေဆုံးခြင်းမတိုင်မီ၊ Aleksev တစ်ယောက် စတိုခန်းကနေ တူတစ်ချောင်း ယူသွားတာကို မြင်ရတယ်လို့ အတည်ပြုခဲ့ပါတယ်။ Aleksev ရဲ့ ဖြောင့်ချက်မှာ ဖခင်နဲ့မိခင် နေအိမ်မှာမရှိချိန် ညီမလေးအိပ်နေတာကို အခွင့်ကောင်းယူပြီး တူနဲ့ ထုသတ်ခဲ့တာလို့ ဆိုပါတယ်။

Luda ရဲ့အလောင်းကို စစ်ဆေးကြည့်ချိန်မှာတော့ ဦးခေါင်းကို အကြိမ်ပေါင်းများစွာ တူနဲ့ ထုသတ်ခံထားရပြီး၊ အလောင်းကိုတော့ အခင်းဖြစ်နေအိမ်နဲ့ ခပ်လှမ်းလှမ်းက ခြံဝင်းတစ်ခုအနီးမှာ စွန့်ပစ်ခဲ့ပြီး၊ Aleksev ဟာ သူရဲ့ သွေးပေအဝတ်အစားတွေကို လဲလှယ်ကာ ဖခင်နဲ့မိခင်ကို Luda ပျောက်ဆုံးသွားပြီလို့ လိမ်လည် တိုင်ကြားခဲ့တာပါ။

နောက်ပိုင်းမှာတော့ ရဲက အခင်းဖြစ်စဉ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Aleksev အနေနဲ့ နိုင်ငံရဲ့ ဥပဒေအရ ထောင်ဒဏ်(၁၅)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ Aleksev ကိုယ်တိုင်ကလည်း လူသတ်မှုကို ဝန်ခံထားပြီး၊ သူ့အနေနဲ့ ဒေါသကို မထိန်းနိုင်တဲ့အတွက် အခုလို ဖြစ်ခဲ့ရတာလို့ ထွက်ဆိုခဲ့ပါတယ်။

လင်းဇော်ကို

Credit_ Original Uploader