ယနေ့အသက်(၂၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထော

အဆိုတော်ကြီး ထူးအိမ်သင်ကတော့ သူ့ရဲ့ဂီတသက်တမ်းတစ်လျှောက် ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီဆိုခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ထူးအိမ်သင်က လွန်ခဲ့တဲ့ (၂၀၀၄)ခုနှစ်က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အခုဆိုရင် လူ့လောကထဲမှာ မရှိတော့တာ (၁၆)နှစ်တိုင်တိုင်ရှိပြီပဲဖြစ်ပါတယ်။

ထူးအိမ်သင်က လူကွယ်လွန်သွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေကတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေကြားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

ထူးအိမ်သင်လို့ဆိုလိုက်တာနဲ့ ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောကိုလည်းအားလုံးသတိရကြမယ် ထင်ပါတယ်။

ဒီကနေ့ ဇွန်လ (၄) ရက်နေ့ကတော့ ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသော တုနှိုင်းမဲ့ရတနာလေး မိကွန်ထောရဲ့ အသက် (၂၃)နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။

မိကွန်ထောက ဖခင်မရှိတော့ပေမယ့်သူမရဲ့ဘဝကို အကောင်းဆုံး ရပ်တည်ခဲ့ပြီး ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်ပါတယ်။

ပရိသတ်ကြီးကလည်း ထူးအိမ်သင်ရဲ့ သမီးလေး မိကွန်ထောပအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ပေးကြပါဦးနော်။

Source : Mikhin Htaw’s Facebook