ရန်ကုန်မြို့အနီးတဝိုက်မှာခြံဝယ်ပြီးသူမ မြတ်နိုးတဲ့ 🌻နေကြာပန်း🌻တွေ စိုက်နိုင်ဖို့ ပြင်ဆင်နေတဲ့” စမိုင်းလ်”

လူတော်တော်များများမှာတော့ အခြားသူတွေနဲ့မတူတဲ့ အကြိုက်တစ်မျိုးစီရှိတတ်ကြပါတယ်။ စမိုင်းလ်ကတော့ နေကြာပန်းတွေကို အရမ်းကိုသဘောကျတဲ့သူတစ်ယောက်ပါ။

မကြာသေးခင်ကပဲ စမိုင်းလ်ကို နေကြာပန်းပုံပန်းချီကားချပ်ကို လက်ဆောင်ရခဲ့တာကြောင့် ပျော်ရွှင်နေခဲ့ပါသေးတယ်အခုလည်း နေကြာပန်းတွေကို ခြံကြီးဝယ်ပြီးတော့ စိုက်ပျိုးဖို့အတွက် စိတ်ကူးယဉ်နေပုံရပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရန်ကုန်နဲ့အနီးတစ်ဝိုက်မှာနေကြာစိုက်ချင်လို့မြေဝယ်ချင်ပါတယ်။ နေကြာစိုက်လို့ရမဲ့မြေရောင်းရန်

ရှိရင်ပြောကြပါနော်” လို့ ရေးသားထားတာပါ။ မိန်းကလေးအများစုကတော့ နေကြာပန်းခင်းကြီးထဲမှာ ဓာတ်ပုံရိုက်ကူးရတာကို အလွန်နှစ်သက်တတ်ကြပါတယ်။

နေကြာပန်းတွေကို ကြိုက်နှစ်သက်တတ်သူစမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူက Surprise အနေနဲ့လက်ဆောင်တွေပေးတိုင်း နေကြာပန်းတွေမပါမဖြစ်ဆိုတာကို သတိထားမိကြမှာပါ။ အခုလည်း နေကြားပန်းတွေကို ခြံကြီးနဲ့စိုက်ဖို့အတွက် ပြင်ဆင်နေပါပြီနော်..

Source : Smile စမိုင်းလ်