ကြော်ငြာရိုက်ကူးရေးလုပ်နေတဲ့အချိန်လေးမှာ စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးခဲ့တဲ့ ဖြူဖြူထွေးရဲ့ video

ပရိသတ်ကြီးရေ တက်သစ်စမင်းသမီးချောလေး ဖြူဖြူထွေကတော့ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်နေကာ အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး ရပ်တည်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူထွေး ဟာဆိုရင်တော့ ကြော်ငြာတွေအပြင် ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရတာကိုလည်းတွေ့ရပါတယ်။အသက်ငယ်ငယ်လေးနဲ့ မိဘကို သိတတ်ပြီး အနုပညာအလုပ်နဲ့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဖြူဖြူထွေးက အလှူအတန်းနဲ့ပတ်သက်ရင်လည်း အင်မတန်ရက်ရက်ရောရော လှူဒါန်းပေးသလို သူတစ်ပါးပေါ်မှာလည်း တတ်နိုင်သလောက်ကူညီပေတက်တဲ့သူလေးပဲဖြစ်ပါတယ်။

ဖြူဖြူထွေး ကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ပိုပြီးဝတ်ဆင်တက်တာကိုတွေ့ရပါတယ်။ ယခုတစ်ခါမှာဆိုရင်လည်း ဖြူဖြူထွေး က ဝူခုန်းခြင်ဆေးခွေ ကြော်ငြာရိုက်ကူးရေးလုပ်နေတဲ့ အချိန်လေးမှာ သူမရဲ့လှုပ်ရှားမှုတွေကို ရိုက်ထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေး ထဲမှာတော့ ဖြူဖြူထွေးက ကြော်ငြာရိုက်ကူးရေးပြီးတဲ့အချိန်လေးမှာလည်း စက်အဖွဲ့သားတွေကို တက်နိုင်သလောက် မုန့်ဖိုးပြန်ပေးခဲ့သေးတယ်။ ယခုလိုဖြူဖြူထွေးရဲ စိတ်သဘောထားပြည့်ဝစွာပြုလုပ်ခဲ့တဲ့ မြင်ကွင်းကတော့ ကြည်နူးစရာကောင်းလှပါတယ်။

ကဲ…ချစ်ပရိသတ်တွေလည်း ဖြူဖြူထွေး ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုရင်း ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Video ကြည့်ရန်

Source : Phyu Phyu Htwe