ထပ်တူဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ် ကိုကျော်ဇင်ထွဋ်ရေ

9-6-2020 နေ့လည်2:00အချိန်တွင် 100%ကျော်ဇင်ထွဋ်ရဲ့မေမေ ဒေါ်မြင့်မြတ်အေး အသက် ( 74 ) နှစ် သည်ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားပါ၍

အမေ့ နောက်ဆုံးခရီးစဉ်ကို လိုက်ပို့ပေးခဲ့ကြတဲ့အမေ့ရဲ့ ဆွေမျိုးညီအကိုမောင်နှမများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းသတင်းပို့ပါအိ…

100%ကျော်ဇင်ထွဋ်ရဲ့မေမေ ကောင်းရာသုဂတိလားပါစေ 🙏🙏🙏 ဆိုပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်အကောင့်ကနေပြီး မျှဝေခဲ့တာဖြစ်ပါတယ်။

စိတ်မကောင်း ဘူး မောင်လေး… အန်တီဟယ်လင်အတွက် ဆုတွေတောင်းပေးနေမယ်… အန်တီ ဟယ်လင် ကောင်းရာ သုဂတိလားပါစေ 🙏

ထပ်တူဝမ်းနည်းကြေကွဲရပါတယ်၊ အန်တီကောင်းရာဘုံဘဝသို့ရောက်ပါစေ..

ကျော်ရီးရေ … ခုမှတွေ့တယ် .. တကယ်စိတ်မကောင်းပါဘူးကွာ …

အကိုစိတ်မကောင်းဘူးဗျ ကျွန်တော်လည်းအန်တီနဲ့ဆုံဘူးသလို ဟိုတလောကလည်းအကိုနဲ့တွဲရိုက်ထားတာတွေ့သေးတယ် အန်တီကောင်းရာဘုံဘဝကိုရောက်ပါစေဗျ

ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်အစ်ကိုရေ ကြီးကြီး ကောင်းရာသုဂတိလားပါစေဗျာ

အထူးဝမ်းနည်းရပါတယ် မာမီကောင်းရာဘုံဘဝရောက်ပါစေ ဆိုပြီး သူရဲ့ ပရိသတ်အပေါင်းအသင်းများကလည်း ဆုတောင်းပေးခဲ့ပါတယ်.

Credit_