တစ်ထောင်တန်အုပ်ကြီး အထပ်လိုက် ကိုင်ပြီး လမ်းသွားလမ်းလာတွေကို လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ ဖြူဖြူထွေး ရဲ့ ဗီဒီယို

သရုပ်ဆောင် ဖြူဖြူထွေးက သွက်လက်ပြီး ဟန်ဆောင်မှုမရှိတာကြောင့် လူကြီး၊ လူငယ်တိုင်းရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ်ကနေ

အနုပညာရှင်အဖြစ် ကြော်ငြာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရပြီပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက မပြည့်စုံတဲ့ဘဝကနေ တက်လာရသူမို့ ချို့တဲ့သူတွေအပေါ် စာနာထောက်ထားပြီး

အလှူတွေ ပြုလုပ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ဖြူဖြူထွေးက ဒီကနေ့ ဇွန်လ (၁၁) ရက်နေ့မှာ ကျရောက်တဲ့ အကယ်ဒမီ ခန့်စည်သူရဲ့ မွေးနေ့လေးကို သွားရောက်ခဲ့ပါတယ်။ ဖြူဖြူထွေးကလည်း

ခန့်စည်သူရဲ့ မွေးနေ့လေးမှာ သံဃာတော်အပါး (၄၀)နဲ့ နွမ်းပါးပြည်သူ အယောက် (၂၆၀)စာအတွက် တတ်နိုင်သလောက်လေး ပါဝင်အားဖြည့်လှူဒါန်းခဲ့ပြီး လမ်းသွားလမ်းလာတွေကိုလည်း လှူဒါန်းပေးခဲ့တာကို တွေ့ရပါတယ်။

ဖြူဖြူထွေးကတော့ သူမရဲ့ နေ့စဉ်ဘဝမှာ ကောင်းမှုတစ်ခုမဟုတ် တစ်ခုပြုနိုင်အောင် အမြဲကြိုးစားနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ပေးကြပါဦးနော်။

Credit to original writer