စည်သူပလပ်ကျွတ်လှူဒါန်းတဲ့ဖိနပ်တွေနဲ့အတူလိုအပ်တာတွေကို လက်လုပ်လက်စားသမားတွေဆီ လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ဇွန်လ (၁၃) ရက်နေ့ ဒီနေ့မှာတော့ တောင်ဒဂုံနဲ့ စက်မှုဇုန်စည်ပင်ဝန်းထဲမှာရှိတဲ့ လက်လုပ်လက်စား သမားတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။

အမြဲလိုလို လိုအပ်တဲ့နေရာတိုင်းမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ ပရဟိတမင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ အခုလည်း စည်သူပလပ်ကျွတ်ရဲ့ အလှူလေးနဲ့အတူ ထပ်မံလှူဒါန်းမှုတွေပြုလုပ်ခဲ့ပြန်ပါပြီ ။

ဒီနေ့ဇွန်လ (၁၃) ရက်နေ့မှာ သရုပ်ဆောင် စည်သူပလတ်ကျွတ် ဆီက ဖိနပ် အရံ ၂၀၀ ဝယ်ယူပြီးမိန်းကလေးဝတ် အကျီအထည် ၂၀၀ နှင့်အတူရောင်ပြန် ပါ စည်ပင်ဝတ်စုံ အထည် ၂၀ တို့ကို

သူမရဲ့ ဂေဟာအသစ်လေးဆောက်လုပ်မယ့် နေရာဖြစ်တဲ့ တောင်ဒဂုံ ၁၀၄ ရပ်ကွက်နှင့် စက်မှုဇုံ စည်ပင်ဝန်း ထဲရှိ လက်လုပ်လက်စားများ ၊ ဆိုင်ကယ် ကယ်ရီများ ၊ ဆိုက်ကားဆရာများနဲ့ စည်ပင်ဝန်ထမ်းများကို သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်လို့သိရပါတယ် ။

လူသားများရဲ့ လိုအပ်ချက်တိုင်းကို တထောင့်တနေရာက ဖြည့်စည်းပေးနိုင်တဲ့ လူသား အဖြစ် ဆက်လက်ရှင်သန်ခွင့်ရ ရပါစေလို့လည်း သူမရဲ့ အလှူလေးအတွက် ဆုတောင်းစာလေးရေးသားထားပါသေးတယ် ။

ပရိသတ်ကြီးလည်း သာဓုခေါ်ဆိုနိုင်ဖို့ ခိုင်နှင်းဝေ ရဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

credit_ Original Uploader