ဖြူဖြူထွေးဘာလို့အောင်မြင်လာလဲ

ဖြူဖြူထွေးကိုကြည့်ပြီး စဉ်းစားမိတယ်။ အမှတ်တမဲ့ နဲ့ ဘာမှ မဟုတ်ဘူး ထင်ရတဲ့ သူတစ်ယောက်က ကြောက်ခမန်းလိလိ အောင်မြင်လာတယ်။ သူ့ရဲ့ ပေ့ချ် ကို ကြည့်လိုက်တာ Followers က (၃)သန်း ကိုးသိန်းကျော်တယ်။

Follower က ထားပါအုံး တင်လိုက်တဲ့ ပို့စ်တိုင်း like လုပ်ကြတာကလည်း 100K အထက်မှာပဲ အမြဲရှိတယ်။ တနေ့က တင်ထားတဲ့ ပိုက်ဆံတွေ ဝေတယ်ဆိုတဲ့ ပို့စ်က Like ပေးတဲ့သူက 1M (တစ်သန်း) နား ကပ်နေပြီ။

Followers (၉)သန်းကျော်တဲ့ နာမည်ကြီး စိုင်းစိုင်းတို့ K က ဆယ်ဂဏန်းပဲရှိတယ်။

အေးသောင်းတို့ ကိုလည်း ချန်ထားခဲ့ပြီ။ 20 K အထက်ကို မတက်လာတော့ဘူး။ ဟိုတစ်ယောက်ဆို အကုန်ချွတ်ကုန်ပြီ

ဖြူဖြူထွေးဘာလို့ အောင်မြင်လဲ စဉ်းစားကြည့်တယ်။ တခြား ဘာမှ အများကြီး ချီးကျူးစရာ မတွေ့ဘူး။ တစ်ခု ပဲ တွေ့တယ်။ သိပ်ရိုးသားပွင့်လင်းပြီး ဟန်ဆောင်မှုကင်းတယ်။

ဒါလေး သွားတွေ့တယ်။ ဘာလေး လုပ်လုပ် ရိုးသားမှု ရှိရမယ် ဆိုတာလေးကို ဖြူဖြူထွေးက အလုပ်နဲ့သက်သေပြနေတယ်။ ဒါကြောင့်လည်း သူ့ကို စီးပွါးရေးကုမ္ပဏီတွေက ဖြူဖြူထွေးဘက်ကို လှည့်လာကုန်တယ်။

ဖြူဖြူထွေး ရိုက်ချင်သလို ရိုက်၊ လုပ်ချင်သလို လုပ် ဆိုတဲ့သဘောမျိုးနဲ့သူ့အိမ်ကို နေ့တိုင်း ပစ္စည်းတွေ လာချနေကြတယ်။

ဟိုကလည်း လှူတယ်။ ဝေတယ်။ မနားတမ်းပဲ။ ကုသိုလ်ပေးခြင်း ရဲ့ အကျိုးရော၊ ရယူလိုမှု လောဘကို ထိန်းထားနိုင်သလို၊ အောင်မြင်မှုကို သာယာမနေ ဘဲ ရိုးရိုးရှင်းရှင်းလေးပဲ ဖြတ်သန်းနေတာ သိပ်ချစ်စရာကောင်းတယ်။

ဒါကိုကြည့်ရင် လောကမှာ ဘာတွေ ဘယ်လိုအောင်မြင်မြင်၊ ကိုယ်တက်လာခဲ့တဲ့ ဘဝ လေး အတိုင်း ပြန်နေတတ်ဖို့လိုတယ်။ ကမ္ဘာ့သူဌေးကြီးတွေဖြစ်တဲ့ ဘီလ်ဂိတ် (Bill Gates, မိုက်ခရိုဆောဖ့်) တို့

မာ့ခ်ဇတ်ခဘတ် Mark Zuckerberg, Facebook) တို့ ဟာ ရိုးရိုးရှင်းရှင်းလေးပဲ ဘဝကို ဖြတ်သန်းနေကြတယ်။ သူတို့ အောင်မြင်မှုကလည်း ကမ္ဘာပျက်ရင်တောင် ကျန်နေခဲ့မယ့် အောင်မြင်မှုမျိုး။

တကယ်တော့ အောင်မြင်မှုအစစ်ဆိုတာ အများအတွက် တစ်ခုခု ရိုးရိုးသားသားနဲ့ အကျိုးဖြစ်နေတဲ့ အလုပ်ပါပဲ။

soenaingscibn