သစ္စာ မရှိ ဖောက်ပြန်ထားသော သူ များ မတက်ရဲ တဲ့ တောနက်ထဲ က န တ်ကြီးသော ဘုရားအကြောင်း

သစ္စာ မရှိ ဖောက်ပြန်ထားသော သူ များ မတက်ရဲ တဲ့ တောနက်ထဲ က န တ်ကြီးသော ကျိန်စာသင့်ဘုရားအကြောင်း

ပ ရိသတ်ကြီးရေ “ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့” ဆိုတာ ကြားဖူးမှာပါနော်…ဒီစကားအလကားထားခဲ့တာမဟုတ်ပါဘူး။

ဘယ်နေရာ ဘယ်ဒေသ သွားသွား သက်ဆိုင်ရာဒေသတွေမှာ ချမှတ်ထားတဲ့ အယူ စည်းကမ်းတွေကို ဖောက်ဖျက်လို့မရပါဘူး။

ဖောက်ဖျက်ရင် အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နိုင်ပါတယ် ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး မုလအိဘုရားရဲ့ ထူးခြားဆန်းကြယ်ပုံတွေကို

လူမှုကွန်ရက် စာမျက်နှာမှာ ခုလိုဖော်ပြထားပါတယ်။ “မုလအိ ဘုရားရှိရာတောင်ပေါ်ကအဆင်းမှာ ကားဘရိတ်ပေါက်ပြီးသေဆုံးတဲ့နာရေးသတင်းကြားရလို့ စိတ်မကောင်းပါဘူး။

သေဆုံးသူအကြောင်းလည်းသေချာ အတိအကျသိပ်မသိပေမယ့် မုလအိဘုရားနဲ့ပတ်သက်ပြီး သိထားသင့်စရာ သတိထားစရာ အချက်တွေရှိပါတယ်။

ဘုရားကို တည်ထားခဲ့သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆိုခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေ တဆင့်ပြောပြ သတိပေးထားပါတယ်။

ဘုရားရှိရာတောင်နဲ့ အနီးပါတ်ဝန်းကျင် နေရာများအားလုံးမှာ “တောပြစ် သားကောင်မပြစ်ရ။” ဘုရားရှိရာ တောင်အနီး ပါတ်ဝန်းကျင် တဝိုက်မှာ တောအရမ်းနက်ပါတယ်။

တောမပစ်ရန် သားကောင်တွေ့သမျှ မပစ်ရန် အလှည့်ကျ ကျောင်းထိုင်ပေးသော ဆရာတော်များက အမြဲသတိပေးပါတယ်။

သစ်ပင်များလည်း မခုတ်ရပါ။ တောအရမ်းနက်သဖြင့် ရံဖန်ရံခါတောင်ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်။

“ဘုရားရှိရာ တောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်း ခရီးတဝက်မှာ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သွားအောင် ရေချိုးရပါမယ်။”

အမျိုးသမီးများ လစဉ် ဓမ္မတာလာနေလျှင် တောင်ပေါ်မတက်ရပါ။ အဝတ်အစားအတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ။ “ဘုရား‌ရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။

တောင်ပေါ်စခန်းနားနေရာတွေမှာ အတူမအိပ်ရပါ။“ဘုရားရှိရာတောင်ပေါ်ကိုတက်နေစဉ်ဘုရားဖူးနေစဉ် စကားကြမ်းကြမ်းမပြောရပါ။ ဆဲတာဆိုတာ နိမိတ်မရှိသော စကားများမပြောဆိုရပါ။”

“သစ္စာမရှိ ဖောက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပစ်ချဖူးသောအကြောင်းကိစ္စများလည်းရှိခဲ့ဖူးပါသည်။

အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝကျူးကျော် ဝင်ဖူး၍မရပါ။” မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက်ပေးသော

ဆရာတော်ကြီးများကလည်း အထူးသတိပေးထားတာမို့ မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသော ဘုရားဖြစ်တာမို့ အလည်အပါတ်

အပျော်သဘောမျိုးဖြင့်မသွားသင့်သည်ကို သတိထားရပါမည်နော်။”ဆိုပြီး ရေးသားထားတာပါ ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဘုရားဖူးသွားမယ်ဆို ရှောင်ရမယ့်အချက်လေးတွေကို သတိထားကြပါနော်…

အားလုံးကျန်းမာချမ်းသာကြပါစေ…။