ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၅)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖွေးဖွေးတို့မိသားစု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၇၅)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဖွေးဖွေးတို့မိသားစု

မင်းသမီးချောလေး ဖွေးဖွေးကတော့ ဆယ်စုနှစ်ကျော်တစ်စုစာ အနုပညာသက်တမ်းမှာ အကယ်ဒမီဆုကြီးသုံးဆုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးက လက်ရှိမှာလည်းထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေပြီး အိမ်ထောင်မပြုသေးပဲ တစ်ကိုယ်တည်း အပျိုကြီးအဖြစ် မိသားစုနဲ့အတူတူ အချိန်တွေကုန်ဆုံးနေဆဲ ဖြစ်ပါတယ်။

ဖွေးဖွေးကတော့ အသက် (၃၅)နှစ်ကျော်လို့မှ ဖူးစာမတွေ့ရင် အပျိုကြီးပဲလုပ်တော့မယ်ဆိုပြီး အင်တာဗျူးတွေမှာ ပြောထားတာပဲ ဖြစ်ပါတယ်

ဒီနေ့မှာတော့ ဖွေးဖွေးတို့ မိသားစုလေးက ဇွန်လ (၁၉) ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၅)နှစ်ပြည့် မွေးနေ့လေးအတွက် မွေးနေ့ဆုတောင်းပေးနေတာကို တွေ့ရပါတယ်။

ဖွေးဖွေးတို့က မိသားစုစုံညီနဲ့ “အမေစု သက်ရှည် ကျန်းမာ အန္တရယ်ကင်း ပျော်ရွှင်ပါစေ” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။

ဖွေးဖွေးတို့ မိသားစုလေးကတော့ အရမ်းရိုးရှင်းပြီး သာမာန်မိသားစုတွေလိုပဲ အရမ်းချစ်စရာကောင်းတာပဲနော်။

ပရိသတ်ကြီးလည်း အမေစုရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းတောင်းပေးကြဖို့ မမေ့ကြပါနဲ့နော်။

Source: Phway’s Fans’s fb