ကြက်ဥခွံတွေကို လွှင့်မပစ်နဲ့ ဒီလို အပင်တွေအတွက် အားဆေးလုပ်လို့ရပါတယ်

ကြက်ဥခွံံရှာလကာရည် အသီးအပွင့် အားဆေး အလွယ်တကူ ပြုလုပ်အသုံးပြုနည်းကို မျှဝေပေးပါမယ်။ကြက်ဥရှာလကာရည်၏ အကျိုး အာနိသင်အသီးအပွင့်များအောင်မြင်စေပြီး အသီးနုပုပ်ခြင်း ၊ ကြွေကျခြင်း ၊ အရွက်နုများ နူခြင်း၊

လိပ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။အသီးများကို ိအချိုဓာတ် ထူးကဲစြာ တိုးစေပါသည်။ထို့ကြောင့် သြဂဲနစ် တောင်သူများလက်စွဲထားသုံးစွဲသင့်သော သဘာဝ ပစ္စည်းစစ်စစ် ဖြစ်ပါသည်။

ကြက်ဥခွံအမှုန့် ၁၀ ကျပ်သားကို

ရှာလကာရည် ၁လီတာ

တွင်(၇)ရက်ကြာ စိမ်ထားပါ

လေးဂါလံဆန့် ဆေးဖြန်းပုံး တစ်ပုံးတွင်ကြက်ဥရှာလကာရည် ၂၀၀စီစီ ထည့်၍ ရေဖြင့်ရောစပ်အသုံးပြုနိုင်ပါသည် ။အပင်များပွင့်ဖူးစအချိန်မှ စတင်ပြီး

၁၀ရက်လျှင်တစ်ကြိမ်ဖြန်းပက်နိုင်ပါသည်။ထို့ကြောင့် တစ်ဧကလျှင် ကြက်ဥခွံ

၁၀ ကျပ်သား ( သို့မဟုတ် ) ကြက်ဥရှာလကာရည် တစ်လီတာခန့် သုံးစွဲရန်သာလိုအပ်ပါသည်။သဘာဝ ကြက်ဥခွံမှာတော့ ကယ်လ်စီယမ်ဓါတ် အများအပြားပါဝင်တဲ့ အပြင် အပင်အတွက် လိုအပ်သော အခြားအာဟာရဓါတ်တွေ

ဖြစ်တဲ့ မက်ဂနီစီယမ် , ဖော့စဖော့ရပ်စ် , ပိုတတ်စီယမ် တို့လည်း ပါဝင်ပါသည်။ကြက်ဥခွံသည် အလွယ်တကူရရှိနိုင်ပြီး အိမ်တွင် တောင်သူများကိုယ်တိုင် အလွယ်တကူ ဆေးရည်ပြုလုပ်နိုင်သည့်အပြင်

ကုန်ကျစရိတ်လည်း သက်သာသောကြောင့် သြဂဲနစ် တောင်သူများ လက်စွဲထားအသုံးပြုသင့်သော သဘာဝ အသီးအပွင့်အားဆေး တစ်မျိုးဖြစ်ပါသည်။

စိုက်ပျိုးရေး နည်းပညာ