အခုတလောခေတ်စားနေတဲ့ပုံစံလေးနဲ့ သားတော်မောင်ပုံလေးကို ပြောင်းကြည့်ပြီးစနောက်ထားတဲ့ မေမေပိုးအိအိခန့်

ပရိတ်သတ်ကြီးရေ …..အများအားကျချစ်ခင်ရတဲ့မိသားစုများထဲမှာ ရုပ်ရှင်သရုပ်ဆောင်ပိုးအိအိခန့်နဲ့ နိုင်ငံကျော်ဘောလုံးသမားအောင်သူတို့မိသားစုလေးကလည်း အပါအ၀င်ပဲဖြစ်ပါတယ်။

အောင်သူတို့ဇနီးမောင်နှံဟာ တစ်ဦးနဲ့တစ်ဦးကြည်ကြည်နူးနူးနဲ့ချစ်ခင်ကြင်နာစွာနေထိုင်ကြတဲ့ သူလေးတွေပါ။

ပိုးအိအိခန့်ဟာ အိမ်ထောင်ရှင်မကောင်းတစ်ဦးဖြစ်တဲ့အပြင် အောင်သူဟာလည်း ထူးချွန်တဲ့အိမ်ထောင်ဦးစီးတစ်ယောက်ပါ။

သားလေးသဲကိုးဟာလည်း အမြဲမျက်နှာချိုချိုလေးနဲ့ ချစ်စရာကောင်းနေတာကြောင့် ပရိတ်သတ်တွေကလည်း အချစ်ပိုနေရတာဖြစ်ပါတယ်။

သဲကိုးလေးဟာလည်း ၁၁လပြည့်သွားပြီဖြစ်ပြီး မျက်စိအောက်တင်တစ်နေ့တစ်ခြား တစ်နှစ်ပြည့်လာတာတော့မှာပါနော်။

ပိုးအိအိခန့်ဟာ သူမတို့မိသားစုရဲ့ပုံရိပ်လေးတွေနဲ့ သားလေးသဲကိုးရဲ့ပုံလေးတွေကို တင်ပေးလေ့ရှိသူတစ်ယောက်ပါ။

မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ “ဒါဘယ်သူ့သမီးလေးလဲFace app ခေတ်စားနေလို့ သားတော်မောင်ကို ကလိထားတာ” ဆိုတဲ့စာသားလေးနဲ့အတူ သားလေးပုံလေးကို applicationလေးနဲ့ပြင်ထားတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။

ကဲ…..ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Poe Ei Ei Khant’s Facebook acc