ရှယ် ထားနော် ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူးယူမျှဝေသည်

ရှယ် ထားနော် ဆေးနည်းေ ပါင်း စုံတွေ တစ်သက် လုံးအ သုံးဝ င်တယ်

ချောင်း ဆိုးလျှင်….ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ ။

ရင်ပြည့်ရင်ကယ် ..ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ ။

နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ ။

တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် ။

ရေငတ်ဝမ်းကျ …..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ ။

ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ ။

ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား ။

ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာစားရပါသည် ။

ခြေတုန်လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ ။

ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ ။

ငှက်ဖျားထလျှင် …..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ ။ခံတွင်းပျက်လျှင်…..ကြိတ်မှန်ရွက်ယိုထိုးစားပေးပါ ။

ခေါင်းတခြမ်းကိုက်လျှင်…….ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ ။

စကားထစ်လျှင်. . နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ ။

စအိုယားနာ….ကြိတ်မှန်ရွက် အရည်ညှစ်၍စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများကျဆင်းလာပါလိပ်မည် ။

ဆီးချုပ်လျှင်….ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ ။

ဆီးတစက်စက်ကျလျှင်…ကြက်သွန်နီကိုပြုပ်၍ အရည်ကိုသောက်ပေးပါ ။

ဆီးချုပ်လျှင် ……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ ။

ဆီးအောင့်ကျောက်တည်လျှင်……ကြာဟင်းရွက်ကိုနွားနို့ နှင့်သကြားရော၍ နေ့စဉ်စားပေးပါ ။

ဆီးချိုဖြစ်လျှင် ….ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင်ကျို၍ သောက်ပါ ။

ဆီးအနှစ်ကျလျှင်…..သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ ၊ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တနေ့လုံးသောက်ပေးပါ ။

ဆီးပူလျှင်…..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ်။

ဆံပင်ပြန်ပေါက်ဆေး……သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကိုလိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏

တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကိုသွေးလိမ်းပေးပါ ။

ဓာတ်ချုပ်လျှင် ……ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ ။

နားကိုက်လျှင်…..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်၏ ။

နားအူ နားလေထွက်လျှင်….သဘောၤရွက် မီးအုံး၍ အတို့အမြှုပ်လုပ်စားပေးပါ ။

နားပြည်ယိုလျှင်….ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ကြက်တောင်နှင့်ကျပ်ပေးပါ ။

နားအတွင်းပိုးကောင်ဝင်လျှင်….ခရမ်းကစော့သီးကိုမီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့်နားကိုကျပ်ပေးပါ ။

နို့ကြောင်းပိတ်လျှင်….ကြိတ်မှန်ရွက်ကို ငါးကြင်းသားကင်နဲ့ ချက်စားပေးပါ ။

နို့လှိုင်လှိုင်ထွက်ဆေး……စမြိတ်စေ့ကို လှော်၍စားလျင်နို့ထွက်ကောင်း၏

နှလုံးရောဂါဖြစ်လျှင်.. ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ ။

နှခေါင်းသွေးလျှံလျှင်……ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ ။

နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်. … ကြိတ်မှန်ရွက် ညှစ်၍ရသောအရည်ကို ခဏ ခဏရှူပေးပါ ။

ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူယူမျှဝေသည်။ ချစ်ညီလေး.ညာဏ်ကြွယ်