အကောင့်တုတွေနဲ့ သူ့ အယောင်ဆောင်ကာ ပိုက်ဆံတွေလိုက်ချေးနေတာကြောင့် ပရိသတ်တွေအထင်မမှားစေဖို့ ပြောပြလိုက်တဲ့ ဖြိုးမြတ်အောင်

ပရိသတ်ကြီးရေဖြိုးမြတ်အောင်ကတော့ Myanmar Idol Season ( 3 ) ရဲ့ Winner တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ရတဲ့ အဆိုရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။

လူကြီးလူငယ်မရွေး သဘောကျခံရတဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး အသံပါဝါကောင်းကောင်းကို ရရှိပိုင်ဆိုင်ထားတဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။

သူရဲ့ ရိုးသားပွင့်လင်းတဲ့အပြောလေးတွေနဲ့ မာန်မာနမရှိမှုတွေကြောင့်ပရိသတ်တွေအချစ်ပိုနေရတယ်ဆိုလည်းမမှားပါဘူးနော်။

ပြိုင်ပွဲကနေ ဆုရရှိပြီးနောက်မှာ အနုပညာနယ်ပယ်မှာ အောင်မြင်စွာ လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အါးလုံးကို အသိပေးစရာလေးရှိလို့ပါ။

တခြား page အတု အကောင့်တု များက ကျွန်တော် နံမည် သုံး၍ ပိုက်ဆံများ ချေးယူခြင်း တခြားသော အရာ များ အလွဲသုံးစား လုပ်နေပါသဖြင့် ယခု page နှင့် BlueMark ရထားတဲ့Account နှစ်ခုပဲသုံးပါတယ်။

အကောင့်တုများမှကျွန်တော့်နာမည်နဲ့ပိုက်ဆံချေးခြင်း နှင့် အခြားအကြောင်းများ ရှိပါက ကျွန်တော် ဖြိုးမြတ်အောင် မှ မဟုတ်ကြောင်း အကြောင်းကြားအပ်ပါသည်။

ပုံပါ အကောင့်သည် အတုဖြစ်ပါသည်။”ဆိုတဲ့စာလေးနဲ့ သူအဖြစ်ဟန်ဆောင်ထားတဲ့ အကောင့်ကို သက်သေတကွပြခဲ့ကာ သတိပေးခဲ့တာဖြစ်ပါတယ်။

အခုတလောမှာလည်း ဆယ်လီအနုပညာရှင်တွေအနေနဲ့အကောင့်ဟက်ခြင်း အကောင်တုနဲ့အယောင်ဆောင်ခြင်းတွေနဲ့ တိုက်ခိုက်ခံနေရတာကြောင့် ဖြိုးမြတ်အောင်ပရိသတ်တွေလည်း သိထားဖို့ ဖော်ပြပေးလိုက်ပါတယ်ပရိသ​တ်ကြီးရေ ။

Source: Phyo Myat Aung