နေပူပူမှာ ပင်ပန်းစွာအလုပ်လုပ်နေကြတဲ့ လမ်းလုပ်သားတွေကို မုန့်နဲ့ရေသန့်ဘူးများ လှူဒါန်းနေတဲ့ ပြည်သူ့အချစ်တော် ပွင့်

နေပူပူမှာ ပင်ပန်းစွာအလုပ်လုပ်နေကြတဲ့ လမ်းလုပ်သားတွေကို မုန့်နဲ့ရေသန့်ဘူးများ လှူဒါန်းနေတဲ့ ပြည်သူ့အချစ်တော် ပွင့်

ပရိသတ်ကြီးရေ.. ပွင့်လို့ပြောလိုက်တာနဲ့ ၀၀ကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ဟာသ သရုပ်ဆောင် အဆိုတော်မလေး ကို ပြေးမြင်မိကြမှာပါ ။

ဝပေမယ့် ပရိသတ်တွေအားလုံးအချစ်ပိုရတဲ့ ဟာသသရုပ်ဆောင်မလေး ပွင့်ကတော့ စိတ်ထားလေးအရမ်းမွန်မြတ်ပြီး သူမတတ်အားသမျှအားနည်းသူတွေကို ကူညီတတ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ ပရိသတ်တွေ အတွက် ကြည်နူးသွားစေမယ့် အလှူလေးတစ်ခု ကို ပြုလုပ်ခဲ့ပြန်ပါပြီ ။

” ပွင့်နယ်တွေမှာ သီချင်းသွားဆိုရင်း လမ်းခရီးမှာသွားရင်း လမ်းပြင်နေတဲ့ လမ်းလုပ်သားလေးတွေကိုလှူ ဖို့ မုန့်တွေရေတွေ တတ်နိုင်သလောက်လေးဝယ်ဝယ်သွားပြီး လှူ ဖြစ်တယ်။

သူတို့လေးတွေ နေပူထဲမှာပင်ပန်းစွာ လုပ်နေလို့ ပွင့်တို့တွေ သွားရေးလာရေး အဆင်ပြေတာ ကျေးဇူးတင်မိသလို သူတို့လေးတွေနေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့စိတ်နဲ့ရင်ထဲမှာ မချိဘဲ နင့်နေအောင်ကိုယ်ချင်းလည်းစာမိတယ်။

ကိုယ်လှူ လိုက်လို့သူတို့လေးတွေ ဗိုက်ဝပြီး ကိုယ့်မျက်နှာလေးမြင်ရ/ကိုယ်နဲ့နှုတ်ဆက်စကားပြောရလို့ သူတို့လေးတွေခဏတာဘဝအမောတွေပြေပြီး ပျော်ရွှင်အောင်စိတ်ခွန်အားလေးတွေအမြဲပေးနိုင်သူဖြစ်ပါရစေ…တကယ်လိုအပ်နေတဲ့ကွက်လပ်ကလေးတွေကိုအမြဲဖြည့်နိုင်ပါရစေ

ဘုရားလူသားတိုင်းဆင်းရဲခက်ခဲပင်ပန်းကြမ်းတမ်းတဲ့ဘဝလေးတွေကင်းဝေးပြီး ကျန်းမာချမ်းသာပြည့်စုံကြပါစေ ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ မွန်မြတ်လှတဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်ကြီး ကြည်နူးရအောင် မျှဝေပေးလာပါတယ် ။

ပရိသတ်တွေကတော့ ပွင့်ရဲ့ မွန်မြတ်ပြီး ကြည်နူးဖွယ်ကောင်းတဲ့ အလှူလေးကို သာဓုခေါ်နေကြပြီး ဒီထက်မက လှူနိုင်ဖို့ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါတယ် ။ ပရိသတ်ကြီးလည်း ပွင့်နဲ့အတူ မွန်မြတ်တဲ့အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့ အလှူပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော် ။

Source : Pwint