အရေးကြုံလာရင် စိတ်တည်ငြိမ်အောင် ဗုဒ္ဓဘုရားရှင် လမ်းစဉ်အတိုင်း တရားထိုင်ခြင်းပြုလုပ်ရတဲ့ အမေရိကန် မရိန်းတပ်သားများ

မရိန်းတပ်သားတွေဆိုတာဟာ ကမ္ဘာ့အမာဆုံးတပ်သားတွေဖြစ်တယ်ဆိုပေမယ့်လည်း စိတ်ဓါတ်ခွန်အားပြည့်ဝဖို့အတွက် တရားထိုင်ခြင်းတွေ ယောဂလေ့ကျင့်ခန်းတွေပြုလုပ်ရပါတယ်။ တရားထိုင်ခြင်းဟာ မရိန်းတပ်သားတွေရဲ့အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေပြီး

လေ့ကျင့်မှုတွေမှာလည်း ရလဒ်ကောင်းတွေပိုမိုထွက်ရှိလာကြောင်းတွေ့ရှိပါတယ်။ တရားထိုင်ခြင်းဆိုတာကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ လမ်းညွှန်မှုတစ်ခုဖြစ်ပြီး အတွင်းစိတ်အေးချမ်းစေဖို့ လုပ်ဆောင်တဲ့ လေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ပါတယ်။

အီရတ် နဲ့ အာဖဂန်မှာ တိုက်ပွဲဝင်ပြီးပြန်လာတဲ့စစ်သားတွေဟာ စစ်ပွဲအတွေ့အကြုံတွေကြောင့် စိတ်မအေးချမ်းနိုင်ဖြစ်နေတဲ့အတွက် မရိန်းကော်ပိုရေးရှင်းဟာ တပ်ဖွဲ့ဝင်တွေစိတ်အေးချမ်းစေမယ့်နည်းလမ်းတစ်ခုကိုရှာဖွေခဲ့ပါတယ်။

ဒီနည်းလမ်းကိုတော့ “Mindfulness-Based Mind Fitness Training” လို့ခေါ်ပြီး တရားထိုင်တဲ့အလေ့အကျင့်ကို တိုက်ပွဲကပြန်လာတဲ့ တပ်သားတွေကိုကျင့်သုံးစေခဲ့ပါတယ်။ တရားထိုင်ခြင်းဆိုတာဟာ အရှေ့တိုင်းမှာ ဘာသာရေးဆန်တဲ့အပြုအမူတစ်ခုဖြစ်ပြီး

အလွန်အစွမ်းထက်တဲ့လေ့ကျင့်ခန်းတစ်ခုပါပဲလို့ မရိန်းကော်ပိုရှင်းရဲ့ လေ့ကျင့်ရေး ဒီပျူတီ Jeffery Bearor ကပြောကြားခဲ့ပါတယ်။ အခုဆိုရင်တော့ အနောက်ပိုင်းမရိန်းဌာနချုပ်ဖြစ်တဲ့ Pendleton မှာ မရိန်းတပ်သား ၈၀ ကို ၈ ပတ်ကြာ တရားထိုင်နည်းသင်တန်းပို့ချနေပြီဖြစ်ပါတယ်။

ဒီသင်တန်းကိုတက်ရောက်ခဲ့ရတဲ့ မရိန်းတပ်သား Lance Cpl.Carlos Lozano ကလည်းအခုလိုပဲသူ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။“ကျွန်တော်တို့ကို ပြေးလွှားတိုက်ခိုက်ရတဲ့လေ့ကျင့်ခန်းတွေမလုပ်ခိုင်းပဲ ငြိမ်ငြိမ်လေးထိုင်ခိုင်းထားပြီး

စစ်ဖိနပ်ကို စိုက်ကြည့်ခိုင်းထားတယ်။ ကျွန်တော်တို့ ဒါကိုလုံးဝမလုပ်ချင်ခဲ့ဘူး။ဒါပေမယ့် ဒီလေ့ကျင့်ခန်းတွေလုပ်နေရင်းနဲ့ ပိုပြီး သက်တောင့်သက်သာရှိလာပြီး တက်ကြွလာသလိုခံစားရတယ်” လို့ပြောပြခဲ့ပါတယ်။Mindfulness-Based Mind Fitness Training ခေါ်

M-Fit လေ့ကျင့်ခန်းကိုတော့ အမေရိကန်စစ်တပ်ကပ္ပတိန်ဟောင်းတစ်ယောက်ဖြစ်တဲ့ Gerogetown တက္ကသိုလ်မှ ပရောဖက်ဆာ Elizabeth Stanley က တီထွင်ခဲ့တာပဲဖြစ်ပါတယ်။ Elizabeth Stanley ဟာ တိုက်ပွဲမှာပြန်လာတဲ့အခါ ခံစားရတဲ့

တုန်လှုပ်မှုတွေကို ယောဂ နဲ့ တရားထိုင်မှုတွေ ပြုလုပ်ရင်း ဖြေဖျောက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။ အခုလိုတရားထိုင်ခြင်းဟာ ရှုပ်ထွေးနေတဲ့အခြေအနေတွေ (သေခြင်းနဲ့ရှင်ခြင်းကြားရွေးရတဲ့အခြေအနေမျိုး) မှာ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချနိုင်အောင်

ကူညီပေးနိုင်စွမ်းရှိတဲ့အပြင်ကြောက်ရွံ့ထိတ်လန့်မှုတွေကလည်းဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်လို့လည်း Stanley ကပြောကြားထားပါတယ်။စစ်သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက စစ်ဘက်ဆိုင်ရာတိုက်ရည်ခိုက်ရည်ပြည့်ဝဖို့ပဲလိုအပ်တာမဟုတ်ပါဘူး။

စိတ်ကြည်လင်အေးချမ်းနေဖို့နဲ့ အရေးကြုံတဲ့အခါ ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချနိုင်ဖို့အတွက် မရိန်းတပ်သားတွေကို တရားထိုင်နည်းလေ့ကျင့်ခန်းပို့ချနေတာပဲဖြစ်ပါတော့တယ်။ ခရက်ဒစ်