မိုးရွာကြီးထဲ ပန်းရောင်းနေရတဲ့ ကလေးမလေး(၂)ယောက်ကို ဖျားနာမှာစိုးလို့ မိုးကာအင်္ကျီ ပေးခဲ့တဲ့ ဟန်လေး

လှပပြီး ကျော့ရှင်းတဲ့ အလှပိုင်ရှင် အလှမယ် သရုပ်ဆောင် ဟန်လေးကိုတော့ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။

ဟန်လေးကတော့ ရှမ်းတိုင်းရင်းသူလေး တစ်ယောက်ဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ ချစ်ဖို့ကောင်းလွန်းသူလေးပါ.။ Miss Universe Myanmar (2015- 2016) ရဲ့ First Runner Up တစ်ယောက်ဖြစ်ပြီး

မော်ဒယ်လောကကနေ စတင်ကာ သရုပ်ဆောင်လောကကို ကူးပြောင်းလာသူလေးပဲဖြစ်ပါတယ်.။ ဟန်လေးကတော့ MTV တော်တော်များများကိုလည်း ရိုက်ကူးခဲ့ပြီး ပုရိသပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု အမြောက်အမြားကို ရရှိပိုင်ဆိုင်ထားသူလေးပါ.။ ပျော်ရွှင်လွတ်လပ်စွာ နေထိုင်တတ်သူ ဟန်လေးက

သူမရဲ့ တစ်နေ့တာ ဖြစ်စဉ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာရဲ့ မိုင်ဒေးလေးမှာ တင်လေ့ရှိပါတယ်.။ ဒီနေ့ ဇွန်လ (၂၃)ရက်နေ့မှာတော့ ဟန်လေးက သူမအပြင်ထွက်ရင်း မီးပွိုင့်နားရှိ မိုးရေထဲမှာ စံပယ်ပန်းရောင်းတဲ့ ကလေးမလေးတွေအတွက် မိုးကာအင်္ကျီလေးတွေကို ပေးဖြစ်ခဲ့တဲ့

ဗီဒီယိုဖိုင်လေးကို မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်.။ လှပကျော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်ထားသူ ဟန်လေးကတော့ စိတ်ထားလှလှလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါပဲနော်..ပရိသတ်ကြီး.။

ပရိသတ်ကြီးအတွက်လည်း ကလေးမလေးတွေအတွက် မိုးကာအင်္ကျီလေးတွေကို ပေးနေတဲ့ ဟန်လေးရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်.။