စျေးရောင်းရတာ အရမ်းရှက်နေရတဲ့အကြောင်းရင်းကို ပြောပြလိုက်တဲ့ ခင်မို့မို့အေး

ခင်မို့မို့အေးဟေ့ဆိုလိုက်ရင် မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီးရဲ့မျက်လုံးထဲမှာ မျက်ဝါးထင်ထင်ပေါ်လာတာကတော့ ထမီစွန်တောင်ဆွဲပြီး

တစ်အိမ်တက်တစ်အိမ်ဆင်းအကြွေးလိုက်တောင်းတဲ့မိန်းမကြီးအဖြစ်တစ်ဖုံ၊ရပ်ကွက်ထဲမှာ အတင်းအဖျင်းပေါင်းစုံပြောတဲ့မိန်းမကြီးနေရာကတစ်သွယ်၊ မင်းသမီးကိုအော်ကြောလန်အောင်နှိပ်စက်ညှဉ်းဆဲတဲ့

မိထွေးနေရာက မုန်းစရာမိန်းမကြီးအဖြစ်တစ်ဖုံ မြင်မိကြမှာပါ။ ခင်မို့မို့အေးရဲ့အများဆုံးရိုက်ရတဲ့ပုံစံတွေကလည်းဒါတွေပဲကိုလေ။ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာတော့ ခင်မို့မို့အေးကဗီလိန်နေရာတွေမှာအများဆုံးသရုပ်ဆောင်ဖြစ်ရခြင်းအကြောင်းကိုဖွင့်ဟလာခဲ့ပါတယ်။

အန်တီခင်မို့မို့အေးက အစကတော့ ဝါသနာပါလို့ရိုက်ပေမယ့် နောက်ပိုင်းမှာအိမ်စားရိတ်တွေကာမိအောင်ရော ဝါသနာပါတာရောကြောင့်ဆက်ရိုက်နေဖြစ်ကြောင်းကို “အမှန်အတိုင်းပြောတာပါ။ ပထမကတော့ ဝါသနာပါလို့ိ့ရိုက်တာ။နောက်ကျတော့ တီတီ့မှာသမီးလေးတွေရှိတယ်လေ။ သမီးလေးတွေရဲ့ကျောင်းစားရိတ်တွေ အိမ်စားရိတ်တွေ ရှိတဲ့အခါကျတော့ ပိုက်ဆံရဖို့လည်းအရေးကြီးတဲ့အခါကျတော့ မုန်းစရာကောင်းတာက သူ့ဘာသူကားထွက်မှ မုန်းချင်မုန်း အော်ချင်အော် ဆဲချင်ဆဲနေ တီတီမကြားရဘူးလေ။ လောလောဆယ်အရေးကြီးတာက ပိုက်ဆံရဖို့အရေးကြီးတယ်ဆိုတော့ ရိုက်ဖြစ်ပါတယ်”လို့ပြောထာားပါတယ်။

အစက ဗီလိန်ဇာတ်ရုပ်ရိုက်ရတာများပေမယ့် အသက်ရလာတဲ့အခါမှာတော့ ဒရာမာဘက်လည်းကူးလာကြောင်းကို “အခုနောက်ပိုင်းအသက်အရွယ်ရလာတော့ ဒီလိုကားတွေလည်းငှားပါတယ်။ ဒရာမာတွေဘက်ကိုငှားလာတာလည်းများတာပေါ့။ဒီအရွယ်နဲ့လည်း ကတ်ကတ်လန်ပြီးရန်ဖြစ်ရမယ့်ဟာမျိုးလည်းမဟုတ်တော့။ ဗီလိန်ဇာတ်ရုပ်တွေကိုမငှားဘူးမဟုတ်ပါဘူး။ ငှားပါတယ်။ ပြတ်ပြတ်တောက်တောက်ကြီးတော့ မဖြစ်သွားဘူးပေါ့။ ဒရာမာလေးတွေလည်းငှားတယ်။ မျှမျှတတလေးဖြစ်လာတာပေါ့”လို့ပြောပြထားပါတယ်။

ရုပ်ရှင်ထဲမှာ ကတ်ကတ်လန်တတ်ပေမယ့်အပြင်မှာတော့မလန်ကြောင်းကို အန်တီက “အပြင်မှာတော့ မလန်ပါဘူး။ ငယ်ငယ်တုန်းကတော့ လန်တယ်။ ငယ်ငယ်ကတော့ ဆိုးတယ်။ ငယ်ငယ်တုန်းက ကိုယ့်ကိုတစ်ချက်လုပ်ရင် ကိုယ်ကနှစ်ချက်လောက်ပြန်လုပ်ချင်တာ။ ကြီးလာတော့ ဒါတွေကမကောင်းဘူးဆိုတာ သိလာတယ်”လို့ ပြောထားပါတယ်။

လက်ရှိမှာ ဆိုရင်တော့ဆက်ပြီးတော့ရပ်တည်လို့ရအောင် ချဉ်ပေါင်ကြော်နဲ့ ငံပြာရည်ကြော်ရယ်၊ ငပိတောင်းလေးရယ်ကို သရုပ်ဆောင် အကယ်ဒမီ ခင်မို့မို့အေး ကိုယ်တိုင် ရောင်းနေရပါတယ်။ အားပေးလိုက်ကြမယ်နော်။