ဖြိုးပြည့်စုံကတော့ ချင်းပြည်နယ်က ရင်သွေးငယ်များခိုလှုံရာပရဟိတ ဂေဟာမှာ ရေစုကန်ဆောက်လုပ်ဖို့အတွက် သိန်း ၃၀ လှူဒါန်း

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဖြိုးပြည့်စုံကတော့ ဒီနေ့မှာ အလှူလေး တစ်ခုပြုလုပ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိတ်တွေ သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြ လာခဲ့ပါတယ်။

အလှူလေးကတော့ ချင်းပြည်နယ် ကန်ပက်လက်မြို့ ရင်သွေးငယ်များခိုလှုံရာ လူငယ်ဖွံဖြိုးရေးက ပရဟိတဂေဟာမှာ ရေစုကန် ဆောက်လုပ်ဖို့ကို လှူဒါန်းပေးခဲ့တာ ပဲဖြစ်ပါတယ်။

ဖြိုးပြည့်စုံကတော့ ဒီအလှူလေးကို ပြီးခဲ့တဲ့ မွေးနေ့အတွက် ရယ် အမေဖြစ်သူ အတွက်ရယ် ဆရာဖြစ်သူ KAT အတွက် အလှူလေးပြုလုပ် ချင်တာကြောင့် စုထားတဲ့ ငွေသိန်း (၃၀) ကို လှူဒါန်းပေးခဲ့ တာပဲဖြစ်ပါတယ်။

ဖြိုးပြည့်စုံက ရင်သွေးငယ်များ ခိုလှုံရာလူငယ်ဖွံဖြိုးရေးက ပရဟိတဂေဟာမှာရှိတဲ့ ကလေးငယ်တွေ ပိုမိုအဆင်ပြေပြီး ဘဝရည်မှန်းချက်တွေ အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတွေ တောင်းပေးထား ပါသေးတယ်။

ဖြိုးပြည့်စုံက အခုလိုလှူဒါန်းဖြစ်တဲ့ အလှူငွေတွေဟာ သူ့ကို အစဉ်တစိုက် ပံ့ပိုးအားပေးတဲ့ သူတွေရဲ့ အလှူငွေတွေ ဖြစ်တာကြောင့် (၇) ရက်သားသမီးတွေ ထပ်တူရစေဖို့

အမျှပေးဝေထား ပါသေးတယ်။ ပရိသတ်ကြီးရေ ဖြိုးပြည့်စုံရဲ့ အလှူလေးအတွက် သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြ ပေးလိုက်ပါတယ်။ ခရက်ဒစ်