အိပ္မက္မဟုတ္ တကယ္ေျပာင္းလဲသြားတဲ့ ေက်ာင္းဆရာတစ္ဦးရဲ႕ ပင္စင္ထုတ္ အေတြ႕အႀကံဳ

ဒီေန႔ ပဲခူးမွာ ပင္စင္သြားထုတ္ပါတယ္။ ပင္စင္ပဲ ရန္ကုန္ထုတ္လည္း မရဘူးလား ေျပာစရာေပါ့။ ရန္ကုန္ထုတ္လည္း ရပါတယ္။ ေျပာင္းေပးမယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့ ကိုယ္က ေျပာင္းခ်င္တာမွ မဟုတ္တာ။ ပင္စင္အေၾကာင္းျပ ပဲခူးျပန္ေရာက္ရမွာေလ။

ပင္စင္အေၾကာင္းျပဆိုလို႔လည္း ေၾကာက္ရမယ့္သူ မရွိပါဘူး။ ကိုယ္တိုင္ပဲ အထိုင္အထ ပ်င္းလြန္းတာေၾကာင့္ မေရာက္ႏိုင္တာကို ေရာက္ရမွာမို႔လို႔ပါ။ ခုလည္းၾကည့္ ပင္စင္ မထုတ္ျဖစ္တာ ၁၁ လ ရွိသြားပါၿပီ။ ဒါေတာင္ လြန္ခဲ့တဲ့ ၃ ရက္ေလာက္က ပင္စင္ကဒ္

ထည့္ထားတဲ့အိတ္ကို ျပန္ဖြင့္ၾကည့္မိလို႔။ မၾကည့္မိလို႔ တစ္ႏွစ္ ေက်ာ္ရင္ ျပႆနာတက္ၿပီ။ ပဲခူးကိုေရာက္ေတာ့ ၁၁ နာရီခြဲေနၿပီ။ ဘုရားလမ္းေပၚက ဘဏ္ထဲလည္း ဆိုင္ကယ္ေတြ လူေတြအျပည့္။ ငါေတာ့ေစာင့္ရေတာ့မယ္ထင္။ ခါတိုင္းလိုထင္ၿပီး

ဘဏ္အထဲထိဝင္။ ပင္စင္ထုတ္တာဘယ္မွာလဲေမး။ ဘဏ္ေခါင္းရင္းဘက္မွာ သီးျခားအေဆာင္ေလးရွိပါတယ္လို႔ ဝန္ထမ္းေကာင္မေလးကေျပာ။ ဘဏ္ထဲက ျပန္ထြက္။ အျပင္မွာ အေဆာင္ေလးတစ္ေဆာင္။ စက္ဘီးအပ္တဲ့ ႐ုံလိုလို။ ေဘးဘီမွာ အကာမရွိ။

တန္းစီေနၾက၏။ ကိုယ္လည္း ခပ္ခြာခြာဝင္ၿပီးတန္းစီ။ ထိုင္ေစာင့္ေနသူေတြအတြက္ကလည္း ထိုင္ခုံေလးေတြကိုယ္စီ။ ဒါေပမဲ့ ထိုင္ေနသူမရွိၿပီ။ ကိုယ့္အလွည့္ေရာက္မွ ကဒ္ကေပ်ာက္ျပန္ၿပီ။”ရတယ္ဆရာ ရွာေတြ႕ရင္ျပန္လာပါ ခ်က္ခ်င္းလုပ္ေပးပါ့မယ္ တန္းမစီပါနဲ႔” လို႔

ပလတ္စတစ္အကာထဲက ဝန္ထမ္းကေလးတစ္ေယာက္ကေျပာ။ အဲဒီေတာ့မွ အိတ္ထဲဟိုရွာ သည္ရွာ စိုးရိမ္လြန္ၿပီး အတြင္း အိတ္ထဲမွာ ဇစ္ပိတ္ကာထား ေယာင္ခ်ာခ်ာ။ ကဒ္ကေလးကို ေပးေတာ့ ”မ်က္ႏွာဖုံးျဖဳတ္ပါ ဒီတည့္တည့္ၾကည့္ပါဆရာ” တဲ့

ကင္မရာေလးကို ၾကည့္ခိုင္းတာ။ ကင္မရာေလးကို ၾကည့္ၿပီးေတာ့ ေဘးထြက္ရပ္ေတာ့ အထဲက ေကာင္ေလးက “အဲဒါ ႐ိုးမေပၚက ဆရာေလအစ္မ” တဲ့ သူ႔ေဘးက ေကာင္မေလးကို​ေျပာတာ။ အဲဒီေတာ့မွ သတိထားလိုက္တာ ငါ့ကို သိလို႔လားလို႔ မဟုတ္ပါ။

အားလုံးကိုၾကည္ျဖဴစြာ “ဪ ဒါ ငါ့စာဖတ္ပရိသတ္ပါလားေပါ့” “ဆရာ အဲဒီစာ႐ြက္ေပၚမွာ လက္မွတ္ေလး ထိုးေပးပါ” တဲ့ အသင့္ခ်ေပးထားတဲ့ ခုံေပၚမွာ တင္ထားတဲ့ ေဘာပင္ကိုယူ၊ သူတို႔ ထုတ္ေပးတဲ့ စာ႐ြက္ေပၚ လက္မွတ္ထိုးေပး။

“ဟိုဘက္ကို သြားပါဆရာ” ဒီဘက္အေပါက္ကေန ဟိုဘက္အေပါက္ေျပာင္းရပ္ “ဆရာမထုတ္တာၾကာၿပီ ၁၁ လေတာင္ရွိေနၿပီေနာ္”“ဟုတ္ကဲ့ ေမ့ေနလို႔ဗ်ာ” စိတ္ထဲမွာ ဒီက စလစ္ယူ တိုကင္ယူ ဘဏ္ထဲသြား တန္းစီရမယ္ေပါ့။ ဝန္ထမ္းေကာင္ေလးက ပိုက္ဆံေတြရၿပီးေတာ့

“ဒီမွာဆရာ ပိုက္ဆံ ျဖတ္ပိုင္းေလးယူသြားဦးေနာ္” ဒါပါပဲ ေျပာခ်င္တာက ဒီဘက္အေပါက္မွာရပ္ ကင္မရာကိုၾကည့္ လက္မွတ္တစ္ခ်က္ထိုး ဟိုဘက္အေပါက္မွာ သြားရပ္ ပိုက္ဆံထုတ္ေပး ဒါပဲ ဒါပါပဲ ပင္စင္ထုတ္တဲ့တစ္ေလွ်ာက္ ဒီေလာက္လြယ္ကူစြာ ပိုက္ဆံရခဲ့တာ

တစ္ႀကိမ္မွမရွိဘူးေသးဘူး။ အဲဒီေတာ့ ေမးခ်င္တာက ပင္စင္စားေတြကို အဲသည္လိုေလး ထုတ္ေပးလည္း ရႏိုင္သားနဲ႔ ဟိုးတုန္းက မနက္မိုးမလင္းမီတန္းစီ၊ တစ္ေနကုန္ေလာက္ထိုင္ေစာင့္၊ ဘဏ္မပိတ္မီအခ်ိန္မွ ပိုက္ဆံရ ဘာေၾကာင့္လဲ ဘာျဖစ္လို႔လဲ

ပင္စင္ထုတ္တာ ဘဏ္ထဲဝင္စရာမလိုဘဲ ဟိုဘက္ သည္ဘက္လွည့္လိုက္႐ုံနဲ႔ ပိုက္ဆံထုတ္လို႔ ရႏိုင္ေအာင္ စီစဥ္ေပးႏိုင္ပါလ်က္နဲ႔ ပင္စင္ထုတ္ရတာ ဒုကၡႀကီးတစ္ခုလိုျဖစ္ခဲ့ရတဲ့ အခ်ိန္ကာလေတြ အမွန္တကယ္ရွိခဲ့တာကို ေတြးရင္းစိတ္မေကာင္းျဖစ္ေနမိတာပါ။

တကယ္လုပ္ခ်င္ရင္ တကယ္ျဖစ္ပါတယ္။ မလုပ္ခဲ့ၾကလို႔ မျဖစ္ခဲ့ၾကတာပါ။ အ႐ိုးစြဲေနတဲ့ အလုံးစုံပ်က္စီးေရး စိတ္ဓာတ္ဆိုးေတြကို ဝန္ထမ္းေတြဘက္က “ကြၽန္ေတာ္တို႔ ကြၽန္မတို႔ ဤသို႔ျပဳျပင္ေနၾကပါၿပီ” ဆိုတာ လက္ေတြ႕ျပႏိုင္လိုက္တာကို ၾကည္ႏူးမိတာပါ။ ပဲခူးဘဏ္မွ အားလုံးေသာ ဝန္ထမ္းမ်ား

ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစဗ်ာ။ ေနာင္လည္း ျပည္သူ႔အက်ိဳးကို ဆထက္တိုးၿပီး ၾကည္ျဖဴေအးခ်မ္းစြာ ေဆာင္႐ြက္ႏိုင္ၾကပါေစဗ်ာ။ ျပဳျပင္ေျပာင္းလဲမႈဆိုတာ ကိုယ္တိုင္ကစတင္ရတာပါ။ အျပင္ေလးတင္ ေျပာင္းလဲတာမဟုတ္ဘဲ အတြင္းမွာပါ ေျပာင္းလဲတာ ျဖစ္ပါေစဗ်ာ။

အိပ္မက္မဟုတ္ပါ ေက်းဇူးတင္လ်က္ ေရးသားသူ – ဆရာတင္ညႊန္႕

ယူနီကုဒ္ျဖင့္ ဖတ္ရန္

ဒီနေ့ ပဲခူးမှာ ပင်စင်သွားထုတ်ပါတယ်။ ပင်စင်ပဲ ရန်ကုန်ထုတ်လည်း မရဘူးလား ပြောစရာပေါ့။ ရန်ကုန်ထုတ်လည်း ရပါတယ်။ ပြောင်းပေးမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကိုယ်က ပြောင်းချင်တာမှ မဟုတ်တာ။ ပင်စင်အကြောင်းပြ ပဲခူးပြန်ရောက်ရမှာလေ။

ပင်စင်အကြောင်းပြဆိုလို့လည်း ကြောက်ရမယ့်သူ မရှိပါဘူး။ ကိုယ်တိုင်ပဲ အထိုင်အထ ပျင်းလွန်းတာကြောင့် မရောက်နိုင်တာကို ရောက်ရမှာမို့လို့ပါ။ ခုလည်းကြည့် ပင်စင် မထုတ်ဖြစ်တာ ၁၁ လ ရှိသွားပါပြီ။ ဒါတောင် လွန်ခဲ့တဲ့ ၃ ရက်လောက်က ပင်စင်ကဒ်

ထည့်ထားတဲ့အိတ်ကို ပြန်ဖွင့်ကြည့်မိလို့။ မကြည့်မိလို့ တစ်နှစ် ကျော်ရင် ပြဿနာတက်ပြီ။ ပဲခူးကိုရောက်တော့ ၁၁ နာရီခွဲနေပြီ။ ဘုရားလမ်းပေါ်က ဘဏ်ထဲလည်း ဆိုင်ကယ်တွေ လူတွေအပြည့်။ ငါတော့စောင့်ရတော့မယ်ထင်။ ခါတိုင်းလိုထင်ပြီး

ဘဏ်အထဲထိဝင်။ ပင်စင်ထုတ်တာဘယ်မှာလဲမေး။ ဘဏ်ခေါင်းရင်းဘက်မှာ သီးခြားအဆောင်လေးရှိပါတယ်လို့ ဝန်ထမ်းကောင်မလေးကပြော။ ဘဏ်ထဲက ပြန်ထွက်။ အပြင်မှာ အဆောင်လေးတစ်ဆောင်။ စက်ဘီးအပ်တဲ့ ရုံလိုလို။ ဘေးဘီမှာ အကာမရှိ။

တန်းစီနေကြ၏။ ကိုယ်လည်း ခပ်ခွာခွာဝင်ပြီးတန်းစီ။ ထိုင်စောင့်နေသူတွေအတွက်ကလည်း ထိုင်ခုံလေးတွေကိုယ်စီ။ ဒါပေမဲ့ ထိုင်နေသူမရှိပြီ။ ကိုယ့်အလှည့်ရောက်မှ ကဒ်ကပျောက်ပြန်ပြီ။”ရတယ်ဆရာ ရှာတွေ့ရင်ပြန်လာပါ ချက်ချင်းလုပ်ပေးပါ့မယ် တန်းမစီပါနဲ့” လို့

ပလတ်စတစ်အကာထဲက ဝန်ထမ်းကလေးတစ်ယောက်ကပြော။ အဲဒီတော့မှ အိတ်ထဲဟိုရှာ သည်ရှာ စိုးရိမ်လွန်ပြီး အတွင်း အိတ်ထဲမှာ ဇစ်ပိတ်ကာထား ယောင်ချာချာ။ ကဒ်ကလေးကို ပေးတော့ ”မျက်နှာဖုံးဖြုတ်ပါ ဒီတည့်တည့်ကြည့်ပါဆရာ” တဲ့

ကင်မရာလေးကို ကြည့်ခိုင်းတာ။ ကင်မရာလေးကို ကြည့်ပြီးတော့ ဘေးထွက်ရပ်တော့ အထဲက ကောင်လေးက “အဲဒါ ရိုးမပေါ်က ဆရာလေအစ်မ” တဲ့ သူ့ဘေးက ကောင်မလေးကိုပြောတာ။ အဲဒီတော့မှ သတိထားလိုက်တာ ငါ့ကို သိလို့လားလို့ မဟုတ်ပါ။

အားလုံးကိုကြည်ဖြူစွာ “ဪ ဒါ ငါ့စာဖတ်ပရိသတ်ပါလားပေါ့” “ဆရာ အဲဒီစာရွက်ပေါ်မှာ လက်မှတ်လေး ထိုးပေးပါ” တဲ့ အသင့်ချပေးထားတဲ့ ခုံပေါ်မှာ တင်ထားတဲ့ ဘောပင်ကိုယူ၊ သူတို့ ထုတ်ပေးတဲ့ စာရွက်ပေါ် လက်မှတ်ထိုးပေး။

“ဟိုဘက်ကို သွားပါဆရာ” ဒီဘက်အပေါက်ကနေ ဟိုဘက်အပေါက်ပြောင်းရပ် “ဆရာမထုတ်တာကြာပြီ ၁၁ လတောင်ရှိနေပြီနော်”“ဟုတ်ကဲ့ မေ့နေလို့ဗျာ” စိတ်ထဲမှာ ဒီက စလစ်ယူ တိုကင်ယူ ဘဏ်ထဲသွား တန်းစီရမယ်ပေါ့။ ဝန်ထမ်းကောင်လေးက ပိုက်ဆံတွေရပြီးတော့

“ဒီမှာဆရာ ပိုက်ဆံ ဖြတ်ပိုင်းလေးယူသွားဦးနော်” ဒါပါပဲ ပြောချင်တာက ဒီဘက်အပေါက်မှာရပ် ကင်မရာကိုကြည့် လက်မှတ်တစ်ချက်ထိုး ဟိုဘက်အပေါက်မှာ သွားရပ် ပိုက်ဆံထုတ်ပေး ဒါပဲ ဒါပါပဲ ပင်စင်ထုတ်တဲ့တစ်လျှောက် ဒီလောက်လွယ်ကူစွာ ပိုက်ဆံရခဲ့တာ

တစ်ကြိမ်မှမရှိဘူးသေးဘူး။ အဲဒီတော့ မေးချင်တာက ပင်စင်စားတွေကို အဲသည်လိုလေး ထုတ်ပေးလည်း ရနိုင်သားနဲ့ ဟိုးတုန်းက မနက်မိုးမလင်းမီတန်းစီ၊ တစ်နေကုန်လောက်ထိုင်စောင့်၊ ဘဏ်မပိတ်မီအချိန်မှ ပိုက်ဆံရ ဘာကြောင့်လဲ ဘာဖြစ်လို့လဲ

ပင်စင်ထုတ်တာ ဘဏ်ထဲဝင်စရာမလိုဘဲ ဟိုဘက် သည်ဘက်လှည့်လိုက်ရုံနဲ့ ပိုက်ဆံထုတ်လို့ ရနိုင်အောင် စီစဉ်ပေးနိုင်ပါလျက်နဲ့ ပင်စင်ထုတ်ရတာ ဒုက္ခကြီးတစ်ခုလိုဖြစ်ခဲ့ရတဲ့ အချိန်ကာလတွေ အမှန်တကယ်ရှိခဲ့တာကို တွေးရင်းစိတ်မကောင်းဖြစ်နေမိတာပါ။

တကယ်လုပ်ချင်ရင် တကယ်ဖြစ်ပါတယ်။ မလုပ်ခဲ့ကြလို့ မဖြစ်ခဲ့ကြတာပါ။ အရိုးစွဲနေတဲ့ အလုံးစုံပျက်စီးရေး စိတ်ဓာတ်ဆိုးတွေကို ဝန်ထမ်းတွေဘက်က “ကျွန်တော်တို့ ကျွန်မတို့ ဤသို့ပြုပြင်နေကြပါပြီ” ဆိုတာ လက်တွေ့ပြနိုင်လိုက်တာကို ကြည်နူးမိတာပါ။ ပဲခူးဘဏ်မှ အားလုံးသော ဝန်ထမ်းများ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဗျာ။ နောင်လည်း ပြည်သူ့အကျိုးကို ဆထက်တိုးပြီး ကြည်ဖြူအေးချမ်းစွာ ဆောင်ရွက်နိုင်ကြပါစေဗျာ။ ပြုပြင်ပြောင်းလဲမှုဆိုတာ ကိုယ်တိုင်ကစတင်ရတာပါ။ အပြင်လေးတင် ပြောင်းလဲတာမဟုတ်ဘဲ အတွင်းမှာပါ ပြောင်းလဲတာ ဖြစ်ပါစေဗျာ။

အိပ်မက်မဟုတ်ပါ ကျေးဇူးတင်လျက် ရေးသားသူ – ဆရာတင်ညွှန့်