မေသန်းနုကို အရမ်း သတိရတယ်ဆိုတဲ့ တူမဖြစ်တဲ့ ဇူးဇူးမောင်

မင်းသမီး ဇူးဇူးမောင်ကတော့ တခေတ်တခါက အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ ချစ်ရတဲ့ မိသားစုနဲ့အတူ ပြည်ပမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ဇူးဇူးမောင်ကတော့ ကယ်ဒမီ မင်းသမီးကြီး မဆင့်လို့ ချစ်စနိုးခေါ်ကြတဲ့ မေသန်းနုရဲ့ တူမဖြစ်ပြီး သူမရဲ့ အဒေါ်ကို သတိရမိတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

သူပြောခဲ့တာကတော့ ” အန်တီဆင့်နေကောင်းရဲ့လား😔အိပ်မက် တွေမက်ပီးအရမ်းသတိရနေမိတယ်😢😢😢” လို့ဆိုကာ သူနဲ့ မဆင့်(မေသန်းနု)နဲ့ အတူတွဲရိုက်ထားတဲ့ အမှတ်တရပုံတွေနဲ့အတူ ရေးသားခဲ့တာဖြစ်ပါတယ်။ မိခင်အရင်းတစ်ယောက်လို သံယောဇဉ်တွယ်တာရသူဖြစ်တဲ့အတွက် အခုချိန်မှာ အရမ်းကို လွမ်းနေမှာပါပဲနော်။

သရုပ်ဆောင် မေသန်းနုက လက်ရှိမှာတော့ ငွေကြေးလိမ်လည်မှုများကြောင့် ထောင်ကျနေတာ ဖြစ်ပြီး ခင်ပွန်းဟောင်း ဒါရိုက်တာ စင်ရော်မောင်မောင်ကလည်း လွတ်မြောက်ဖို့ အစွမ်းကုန် ကူညီပေးနေတယ်လို့ သိရပါတယ်။

ပရိတ်သတ်ကြီးရေ အကယ်ဒမီ မေသန်းနုရဲ့ တူမဖြစ်သူ ဇူးဇူးမောင်ရဲ့ ရင်တွင်းခံစားချက်တွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။