ပဲခူးမြို့နယ် အင်းတကော်မြို့ဆီဆိုင်ရှေ့တွင် ကားသုံးစီးတိုက်မှုဖြစ်ပွား

ပဲခူး ဇွန် ၂၉

ဇွန် ၂၈ ရက် ညနေ ၅ နာရီခွဲ အချိန်က ပဲခူးမြို့နယ် အင်းတကော်မြို့

အမှတ်(၂)ရပ်ကွက် ရန်ကုန်-မန္တလေးကား လမ်း မိုင်တိုင်အမှတ် ၃၇/၅ နှင့် ၆ အကြားရှိ ရွှေလီ စက်သုံးဆီဆိုင် ရှေ့တွင် ကားသုံးစီးဆင့်

ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေလီဆီဆိုင် ရှေ့တွင် ယာဉ်မောင်း ကိုဇော်မင်းသိန်း၃၈ နှစ် မောင်းနှင်သော အစိမ်းရောင် ၁၂ ဘီးယာဉ်သည် မန္တလေး

ဘက်သို့ မောင်းနှင်ရန် ထွက်ခွာလာစဉ် လမ်းအလယ်ကျွန်း အမှတ် ၁၇၂ နှင့် ၁၇၃ ကြားတွင် တစ်ဖက်မှလာသာ ရန်ကုန်ဘက်မှ

ယာဉ်ကြော မရှင်းသေးသောကြောင့် ရုတ်တရက် ရပ်တန့်လိုက်စဉ် ယာဉ်မောင်း ဝင်းကိုနိုင် ၂၈နှစ် မောင်းနှင် လာသော CCJC စက်ရုံမှ

လူ(၄၀)ဦးခန့် တင်ဆောင်လာသော မှန်လုံ ဖယ်ရီကားသည် လမ်းလယ်ကျွန်းမှ မောင်းနှင်လာပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာမှ

အတိုက်ခံရသော ၁၂ ဘီးယာဉ်မှ ရွှေလီဆီဆိုင် ရှေ့တွင် ရပ်ထားသည့် မန္တလေးဘက်သို့ ခေါင်းတည်ရပ်ထားသော ၁၂ ဘီးယာဉ်အား

ဆက်လက်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် စက်ရုံ ကားပေါ်ပါ ဝန်ထမ်းများမှ ကျား(၃)ဦးနှင့် မ(၁၀)ဦးတို့ ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့်

ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်အဖွဲ့များ နှင့် တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြပြီး

ယာဉ်အား မဆင်မခြင် မောင်းနှင်သူအား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)

Unicode

ဇွန် ၂၈ ရက် ညနေ ၅ နာရီခွဲ အချိန်က ပဲခူးမြို့နယ် အင်းတကော်မြို့

အမှတ်(၂)ရပ်ကွက် ရန်ကုန်-မန္တလေးကား လမ်း မိုင်တိုင်အမှတ် ၃၇/၅ နှင့် ၆ အကြားရှိ ရွှေလီ စက်သုံးဆီဆိုင်

ရှေ့တွင် ကားသုံးစီးဆင့် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေလီဆီဆိုင် ရှေ့တွင် ယာဉ်မောင်း ကိုဇော်မင်းသိန်း

၃၈ နှစ် မောင်းနှင်သော အစိမ်းရောင် ၁၂ ဘီးယာဉ်သည် မန္တလေး ဘက်သို့ မောင်းနှင်ရန် ထွက်ခွာလာစဉ် လမ်းအလယ်

ကျွန်း အမှတ် ၁၇၂ နှင့် ၁၇၃ ကြားတွင် တစ်ဖက်မှလာသာ ရန်ကုန်ဘက်မှ ယာဉ်ကြော မရှင်းသေးသောကြောင့်

ရုတ်တရက် ရပ်တန့်လိုက်စဉ် ယာဉ်မောင်း ဝင်းကိုနိုင် ၂၈နှစ် မောင်းနှင် လာသော CCJC စက်ရုံမှ လူ(၄၀)ဦးခန့် တင်ဆောင်

လာသော မှန်လုံ ဖယ်ရီကားသည် လမ်းလယ်ကျွန်းမှ မောင်းနှင်လာပြီး အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာမှ အတိုက်ခံရသော ၁၂ ဘီးယာဉ်မှ ရွှေလီဆီဆိုင် ရှေ့တွင် ရပ်ထားသည့် မန္တလေးဘက်သို့ ခေါင်းတည်ရပ်ထားသော ၁၂ ဘီး

ယာဉ်အား ဆက်လက်တိုက်မိခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် စက်ရုံ ကားပေါ်ပါ ဝန်ထမ်းများမှ ကျား(၃)ဦးနှင့် မ(၁၀)ဦးတို့ ဒဏ်ရာများ အသီးသီးရရှိခဲ့

သောကြောင့် ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်အဖွဲ့များ နှင့် တာဝန်ရှိသူများက

ပို့ဆောင်ပေးခဲ့ကြပြီး ယာဉ်အား မဆင်မခြင် မောင်းနှင်သူအား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရွက်လျက်ရှိကြောင်း သိရ

သည်။

ဟိန်းထက်(ပဲခူး)