ဒီနိုင်ငံမှာ လိင်ခွဲစိတ်ပြုပြင်ထားသူတွေကိုမှ သဘောကျမိတဲ့လူကို ဘာလို့လှောင်ချင်တာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ မျိုးကိုကိုစန်း

မန်မာနိုင်ငံက အချောအလှတွေထဲမှ တစ်ဦးအပါအဝင်ဖြစ်တဲ့ မျိုးကိုကိုစန်းက လိင်ခွဲစိတ်ပြုပြင်ထားသူ တစ်ယောက်ဖြစ်ပေမယ့် မိန်းကလေးတွေရှုံးအောင် လှပသူတစ်ဦးပါ။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ အပြုအမူလေးတွေကြောင့်

ပရိသတ်တွေအားပေးမှုရရှိထားတဲ့ မျိုးကိုကိုစန်းက တစ်ခါတစ်လေမှာတော့ မလိုမုန်းထားသူတွေကြောင့် အမြဲတမ်း စိတ်အားငယ်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း မျိုးကိုကိုစန်းက လိင်ပြောင်းလဲထားတဲ့သူတွေနဲ့ ဆန့်ကျင်ဘက်လိင်လို ဝတ်စားတတ်တဲ့သူတွေ ပြစ်တင်ပြောဆိုတတ်သူတွေကို အခုလိုပဲ ပြောလာပါတယ်။

“ဒီမှာက ဆန့်ကျင့်ဘက်လိင်ကဲ့သို့ပြောင်းလဲဝတ်ဆင်သူ တွေနဲ့ လိင်ပြောင်းလဲထားသူ တွေကို သဘောကျတဲ့သူတွေကို ဘာလို့ အပြစ်တင်တာလဲဟင်။

သူတို့စိတ်ထဲမှာလည်း လှလို့ သဘောကျတယ် ချစ်စရာကောင်းလို့ သဘောကျတယ် အဲ့ထက်ဘာမှမပိုပါဘူး။ အဲ့တာကို မင်းက အေြာက်-လင် ဖြစ်ချင်တာလား အေြ-က်မ ယောက်ျားဆိုပြီး ဝိုင်းစနေတာကြီးက ဖတ်ရတဲ့ ကိုယ့်အတွက် တကယ်အဆင်ပြေမနေပါဘူး။”

“တကယ်ကြိုက်လို့ဖြစ်စေ poppingကြောင့်ဖြစ်စေ ကိုကို့ကို သဘောကျတဲ့သူတစ်ဦးချင်းဆီတိုင်းကို ကျေးဇူးတင်သလို အဲ့ဒီလူတွေကို စတာနောက်တာမျိုးကိုလည်း တကယ်မကြိုက်ပါဘူး ဒါဟာ သူတို့ရဲ့ ကြိုက်ပိုင်ခွင့်ပါ သင့်မှာ လှောင်ပြောင်ဖို့ အခွင့်အရေးမရှိပါဘူး

ချစ်စရာကောင်းတာကို ချစ်စရာကောင်းတယ်လို့ပဲမြင်ပါ လှတာကိုလှတယ်လို့ပဲမြင်ပါ မိန်းမတွေကြိုက်စရာမရှိလို့ ဒီဘက်ကို လှည့်နေကြတဲ့သူတွေမဟုတ်ပါဘူး အလှအပကို ခံစားနားလည်တတ်တာပါ ❤️” ဆိုပြီး ပြောထားပါတယ်။

မျိုးကိုကိုစန်းကတော့ သူမကိုယ်တိုင်လည်း ခွဲစိတ်ပြုပြင်ထားသူတစ်ယောက်ဖြစ်တာမို့ တစ်ပါးသူရဲ့ခံစားချက်ကို နားလည်ပေးတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဘယ်သူမဆို လူထဲက လူပဲဖြစ်တာမို့ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားနိုင်ကြပါစေနော်။