ရှူတင်တွေ နားချိန်မရှိအောင် အဆက်မပြတ် ရိုက်ကူးနေရတယ်ဆိုတဲ့ သံသာမိုးသိမ့်
Read in UNICODE
သံသာမိုးသိမ့်ကတော့သရုပ်ဆောင်အလုပ်တွေမလုပ်ခင်မှာ အကယ်ဒမီရွှေကြိုဗန်းကိုင်အဖြစ်ပါဝင်ခဲ့ဖူးခဲ့သူတစ်ယောက်ပါ။အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက်
အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တာပါနော်။ မကြာသေးခင်ကဇာတ်သိမ်းခဲ့ပြီး ပရိသတ်တွေအထူးစိတ်ဝင်စားခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ”အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ထားတာပါ။သံသာမိုးသိမ့်ဟာ အခုချိန်မှာ
ပရိသတ်အားပေးမှုတွေအခိုင်အမာရရှိနေတဲ့အပြင် အနုပညာအလုပ်တွေလည်း အရင်ထက်ပိုပြီးဆက်တိုက်လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း “ရန်ကုန်ပြန်ရောက်တာနဲ့ Shootingပြန်စပါပြီ”ဆိုတဲ့စာလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ mydayမှာတင်လာခဲ့တာပါ။သူများတွေအတွက်
ရိုက်ကူးရေးတွေပါးနေပေမယ့် သံသာမိုးသိမ့်ကတော့ကြော်ငြာတွေအပြင် shootingတွေပါဆက်တိုက်ဆိုသလိုရှိနေတာပါနော်။ ပရိသတ်ကြီးလည်း အရမ်းကိုအနုပညာအလုပ်တွေနဲ့မအားလပ်နိုင်အောင်ရှိနေတဲ့ သံသာမိုးသိမ့်အတွက် အမောပြေစေမယ့် ပရိသတ်တွေရဲ့ အားပေးစကားလေးတွေပြောခဲ့ပါဦးနော်။