မန္က်ည္း ႐ြက္ စားေပးျခင္းျဖင့္ ရရွိလာ မည့္ က်န္းမာေရး အက်ိဳးေက်းဇူး မ်ား

မန္က်ည္း႐ြက္ေလးေတြက စားလို႔တင္ ေကာင္းတာ မဟုတ္ပါဘူး။ က်န္းမာေရး အက်ိဳးအာနိသင္ထူးေတြလည္း ရွိေနပါေသးတယ္။

ဆီးခ်ိဳ သက္သာ ေစႏိုင္တယ္–မန္က်ည္း႐ြက္က ေသြးတြင္း သၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ၿပီး ခႏၶာကိုယ္ရဲ႕ အင္ဆူလင္ ပမာဏကို တိုးလာေအာင္ လုပ္ေဆာင္ေပးႏိုင္ပါတယ္။

နာက်င္ေရာင္ရမ္းမႈ ကို သက္သာေစ ႏိုင္တယ္–မန္က်ည္း႐ြက္က နာက်င္ေရာင္ရမ္းမႈ ကိုသက္သာေစႏိုင္ပါတယ္။ တြယ္ဆက္တစ္ရႈးေတြ ေရာင္ရမ္းတာမ်ိဳး မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

ငွက္ဖ်ား သက္သာေ စႏိုင္တယ္–မန္က်ည္း႐ြက္ရဲ႕ အဆီအႏွစ္ က ငွက္ဖ်ား ေရာဂါပိုးကို ကာကြယ္ ဟန႔္တားေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။

ခံတြင္းအနာ ကို သက္သာေစ ႏိုင္တယ္–မန္က်ည္း႐ြက္ ျပဳတ္ရည္က ခံတြင္းအနာေတြကို သိသိသာသာ သက္သာေစႏိုင္ပါတယ္။

ႏို႔ထြက္ေကာင္းေစ တယ္ – မန္က်ည္း႐ြက္ ရဲ႕ အဆီအႏွစ္က ႏို႔တိုက္ မိခင္ေတြကို ႏို႔ထြက္ေကာင္းေအာင္လုပ္ေဆာင္ေပးပါတယ္။

ရာသီလာစဥ္ နာက်င္ ကိုက္ခဲတာကို သက္သာေစႏိုင္တယ္–ေလဒီေတြခံစားရတဲ့ လစဥ္တိုင္း နာက်င္ကိုက္ခဲမႈ ေဝဒနာသက္သာေစဖို႔အတြက္ မန္က်ည္း႐ြက္ နဲ႔ မန္က်ည္းပင္ အေခါက္တို႔ကို အသုံးျပဳေပးလို႔ရပါတယ္။

ခံတြင္း က်န္းမာေရးအတြက္ ေကာင္းတယ္–ခံတြင္းက်န္းမာေရးက လူတိုင္းအတြက္အေရးပါတာပါ။ ဒါေၾကာင့္ ခံတြင္းအနံ႔ ဆိုးကင္းေအာင္ မန္က်ည္း႐ြက္ကို စားသုံးေပး လို႔ရပါတယ္။ သြားကိုက္ သြားနာတာအတြက္လည္း မန္က်ည္း႐ြက္ ကို အသုံးျပဳ လို႔ရပါတယ္။

ေသြးတိုးသက္သာ ေစႏိုင္တယ္–ယေန႔ေခတ္ရဲ႕ လူေနမႈပုံစံက အလြယ္တကူ ေသြးတိုးျဖစ္ေစ ႏိုင္ပါတယ္။ ဒီျပႆနာက ကင္းေဝးေစဖို႔ဆိုရင္ မန္က်ည္း႐ြက္ကို စားသုံးေပး လို႔ရပါတယ္။ ေသြးတိုးက်ေအာင္ လုပ္ေဆာင္ႏိုင္မႈက ေလျဖတ္ႏိုင္ေျခ၊ ႏွလုံးေသြး ေၾကာေရာဂါနဲ႔ အျခားေသာ ေရာဂါ အမ်ိဳးမ်ိဳး ကို ကာကြယ္ရာ ေရာက္မွာပါ။

ဒါေတြတင္ မကေသးပါဘူး။ မန္က်ည္း႐ြက္က အသည္းေရာဂါ ေတြကို သက္သာေစႏိုင္ သလို အသည္းေရာင္အသားဝါေရာဂါ၊ ဆီးလမ္းေၾကာင္း ပိုးဝင္တာလိုမ်ိဳး ေဝဒနာေတြကို သက္သာေစ ႏိုင္စြမ္း ရွိပါတယ္။

Credit-HelloSayarWon

unicode

မန်ကျည်းရွက်လေးတွေက စားလို့တင် ကောင်းတာ မဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးအာနိသင်ထူးတွေလည်း ရှိနေပါသေးတယ်။

ဆီးချို သက်သာ စေနိုင်တယ်–မန်ကျည်းရွက်က သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင် ပမာဏကို တိုးလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

နာကျင်ရောင်ရမ်းမှု ကို သက်သာစေ နိုင်တယ်–မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှု ကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေ ရောင်ရမ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ငှက်ဖျား သက်သာေ စနိုင်တယ်–မန်ကျည်းရွက်ရဲ့ အဆီအနှစ် က ငှက်ဖျား ရောဂါပိုးကို ကာကွယ် ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ခံတွင်းအနာ ကို သက်သာစေ နိုင်တယ်–မန်ကျည်းရွက် ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

နို့ထွက်ကောင်းစေ တယ် – မန်ကျည်းရွက် ရဲ့ အဆီအနှစ်က နို့တိုက် မိခင်တွေကို နို့ထွက်ကောင်းအောင်လုပ်ဆောင်ပေးပါတယ်။

ရာသီလာစဉ် နာကျင် ကိုက်ခဲတာကို သက်သာစေနိုင်တယ်–လေဒီတွေခံစားရတဲ့ လစဉ်တိုင်း နာကျင်ကိုက်ခဲမှု ဝေဒနာသက်သာစေဖို့အတွက် မန်ကျည်းရွက် နဲ့ မန်ကျည်းပင် အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

ခံတွင်း ကျန်းမာရေးအတွက် ကောင်းတယ်–ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့် ခံတွင်းအနံ့ ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေး လို့ရပါတယ်။ သွားကိုက် သွားနာတာအတွက်လည်း မန်ကျည်းရွက် ကို အသုံးပြု လို့ရပါတယ်။

သွေးတိုးသက်သာ စေနိုင်တယ်–ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူ သွေးတိုးဖြစ်စေ နိုင်ပါတယ်။ ဒီပြဿနာက ကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက်ကို စားသုံးပေး လို့ရပါတယ်။ သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေး ကြောရောဂါနဲ့ အခြားသော ရောဂါ အမျိုးမျိုး ကို ကာကွယ်ရာ ရောက်မှာပါ။

ဒါတွေတင် မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါ တွေကို သက်သာစေနိုင် သလို အသည်းရောင်အသားဝါရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာလိုမျိုး ဝေဒနာတွေကို သက်သာစေ နိုင်စွမ်း ရှိပါတယ်။