crd : celechanel
အလှူ အတန်းရက်ရောလွန်း လို့ နိုင်ငံတော် ကချီးမြှင့်တဲ့ ဘွဲ့တံဆိပ်ကြီး တ ခုရခဲ့ တဲ့ “နန္ဒာလှိုင်”
အနု ပညာအလုပ် တွေကိုရပ်နားလိုက်ပြီ ဖြစ်တဲ့ တစ်ခေတ်တစ်ခါက ပြည်သူ့အချစ်တော် မင်းသမီး နန္ဒာလှိုင်ဟာ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ ဇနီးမယားတာဝန် ကိုကျေပွန်ခဲ့ပြီး သမီးလေး သုံးယောက်ပိုင်ဆိုင်လာတဲ့အချိန်မှာလည်း မိခင်ပီသအောင် နေထိုင်ခဲ့တဲ့ စံထား လောက်စရာ အမျိုးသမီး ပါပဲ။
ပျော်စရာ မိသားစုဘဝလေးထဲမှာ အချိန်တွေကိုမြုပ်နှံပြီး သမီးလေးသုံးယောက် ရဲ့ဘဝကို အလှဆုံးပန်းလေးတွေအဖြစ်နဲ့ ကြီးပြင်းလာဖို့ကို အကောင်းမွန်ဆုံးဥယျာဉ်မှုးအဖြစ် တာဝန်ယူပေးရင်း နဲ့ မိခင်ဘဝကို ကျေနပ်နေခဲ့ပါတယ်။
ဒီနေ့မှာလည်း သူမရဲ့ ကြည်နူးစရာ အလှူအတန်းတွေကြောင့် နိုင်ငံတော်ကချီးမြှင့်တဲ့ သီရီသုဓမ္မသိင်္ဂီ ဘွဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အိန္ဒြေရှိပြီး တည်ငြိမ်တဲ့ ယောဂီရောင်မြန်မာဝတ်စုံ လေးနဲ့ လှရက်နိုင်လွန်းတဲ့ နန္ဒာလှိုင်ရဲ့ ပုံရိပ်တွေဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေဆီက ပရိသတ်တွေရဲ့ စိတ်အာရုံ ကို ဖမ်းစားနိုင်ခဲ့တဲ့ လှရက်နိုင် လွန်းတဲ့ မင်းသမီးတစ်ယောက်အဖြစ် ပြန်ပြီး အသက်ဝင် စေခဲ့ပါတယ်။ခင်ပွန်းဖြစ်သူနဲ့လည်း အိမ်ထောင်သက်ဆယ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ
လည်း အချစ်မပြယ်ပဲ ပိုပိုတိုးပြီး ချစ်လာခဲ့တာ ကြည်နူး စရာပါ။ အလှူအတန်းလည်းရက် ရောပြီး စိတ်သဘော ထားကောင်းတာမို့ အသက်လေးဆယ်ကျော်တဲ့အထိ နှစ်ဆယ်ကျော် လေးတွေလို လှနေတာတော့ မျက်မြင်ပါပဲ။ လှရက်နိုင်လွန်းတဲ့နန္ဒာနဲ့ သူမကိုချစ်လွန်းတဲ့ ခင်ပွန်းတို့ရဲ့ ပွဲတက် ပုံရိပ်လေးတွေကို တင်ဆက်ပေး လိုက် တယ်နော်။