ကိုယ့်ဘာသာအေးအေးဆေးဆေးလေးနေတာတောင် မနာလိုသူတွေရဲ့ တိုက်ခိုက်ခြင်းခံနေရတယ်ဆိုတဲ့ ဇေရဲထက်

မင်းသားချော ဇေရဲထက်ကတော့ ဗီဒီယိုဇာတ်ကားတွေမှာ အောင်မြင်မှုတွေ လျှမ်းလျှမ်းတောက် ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇေရဲထက်က အခုဆိုရင် အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရင်ထဲမှာ နေရာယူထားနိုင်ဆဲ မင်းသားတစ်လက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဇေရဲထက်က ကိုယ့်ဘာသာအေးအေးဆေးဆေးလေးနေတာတောင် မနာလိုသူတွေရဲ့ တိုက်ခိုက်ခြင်းခံနေရတဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။

“ကိုယ့်ဘာသာ အေးဆေးလေး လုပ်စရာရှိလို့ လုပ်တာတောင် မလိုတမာတွေ အကုသိုလ်တွေဝင် သေရင်လည်းငရဲကျမယ။ ဘာတွေဖြစ်နေတာလည်း ငါ့ကို စိတ်ညစ်၊ စိတ်ဓါတ်ကျအောင် လုပ်လို့ရမယ်ထင်လား။

ပြန်မပြောချင် သူများထိခိုက်မှာစိုးလို့ မပြောနေနေတာ။ ငါနေထိုင်လာတာ ငါ့မှာဘာနာမည်ပျက်မှမရှိသလို ငါ့မှာ ဘယ်သူ့ကိုမှ မှီခိုအားထားစရာလည်းမလိုဘူး။

ဘာတွေဘယ်လိုရှိတယ်လည်းပြောပြစရာမလိုအောင် အတွင်းသိအစင်းသိတွေရှိပြီးသား။ အလကား ဝင်ပြီး ဂျလမတ် လာသောက်နေတယ်။ ပြောလိုက်ဦးမယ် ငါကငါစိတ်ချမ်းသာဖို့ပဲ ငါလုပ်နေမယ်။ စိတ်မချမ်းသာတဲ့အလုပ်ဆို ဘယ်အလုပ်ဘယ်လောက်ရရ မလုပ်တတ်ဘူး။

လုပ်ခဲ့ရင်လည်းတာဝန်ကျေကျေမဟုတ်ဘူး စာနာစိတ် ကိုယ်ချင်းစာတရား ကိုယ်ကျင့်သိက္ခာ အပျက်မခံဘူး။ အချိန်လေးစားပြီး စေတနာပါပါလုပ်တတ်တယ်” ဆိုပြီး ရင်ဖွင့်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

ဇေရဲထက်ကတော့ သူ့သာယာအေးအေးဆေးဆေးနေနေတာတောင် မလိုမုန်းထားသူတွေရဲ့ တိုက်ခိုက်ခြင်းခံနေရကြောင်း ရင်ဖွင့်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။