လူတိုင္းဆီ က အခ်စ္ ကို သိမ္းပိုက္ ထားတဲ့ အေမစု သမီး ခ်ယ္ရီထက္ ရဲ႕ မွတ္တမ္းေကာင္း တခု

သူမအမည္ ခ်ယ္ရီထက္ လူထုေခါင္းေဆာင္ အေမ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အနီးကပ္ သက္ေတာ္ေစာင့္ ရဲေမ ခ်ယ္ရီထက္ ပစ္မွတ္ကို ၉၉%ထိေအာင္ပစ္ႏိုင္သူ ။ဒီခေလးမကို ေစာင့္ၾကည့္ေနတာ အေမ့နားမွာကိုလင္းလင္းမရွိတဲ့အခ်ိန္ထဲကပဲ။ စစ္အာဏာရွင္ေတြ ေမြးထုတ္ေပးလိုက္တဲ့ အထူးတပ္ဖြဲ႕ထဲကမို႔ အေမ့နားေရာက္ေတာ့ ပိုလို႔သတိထားေစာင့္ၾကည့္မိတယ္။

မယုံရဲတဲ့စိတ္နဲ ႔ပဲကိုယ့္မွာ မခ်ီးက်ဴးးရဲခဲ့ဘူး။ခုေတာ့ ေဒၚလဲ့လဲ့ေမာ္နဲ႔ ကိစၥမွာ ဒီခေလးမေလးကို အျပစ္ေျပာတဲ့သူေတြ ေတြ႕လာရေတာ့ ျမင္သေလာက္ေလး ဒီခေလးမဘက္က ရပ္တည္ေပးခ်င္လာမိတယ္။

အေမသြားတဲ့ခရီးစဥ္တိုင္း ဘယ္ဝန္ႀကီ းခ်ဳပ္မွ ေလယာဥ္ေပၚအထိတက္ႀကိဳတာ မေတြ႕ခဲ့ရဘူးသလိုပဲ။ မျမင္လိုက္မိတာလည္းျဖစ္မွာပါ။အျပစ္ကို ဖုံးကြယ္ခ်င္လို႔ ဖားတဲ့အေနနဲ႔ဝန္ႀကီးခ်ဳပ္ပဲ ေလယာဥ္ေပၚထိတက္ခ်င္သလိုတက္မယ္၊ဆင္းခ်င္သလိုဆင္းမယ္ဆိုၿပီး လုံၿခဳံ ေရးခ်ိဳးေဖာက္ရေလာက္တဲ့ အထိျဖစ္လာေတာ့ဒီခေလးမအျမင္ ကတ္သြားပုံရပါတယ္။

အေမ့နားမွာေနသူမို႔ အေမ့စိတ္ကိုသိေနသူမို႔ဒီလို အလုပ္ေတြကို အေမမႀကိဳက္မွန္းသိေနသူဆိုေတာ့ မ်က္ႏွာအမူအရာကအစ လူေျပာစရာျဖစ္သြားခဲ့ရတယ္။ကြၽန္ေတာ္ကေတာ့ ရွင္းတယ္။

ေဒၚလဲ့လဲ့ေမာ္ကို ေနာက္ကမဲ့ျပ႐ုံ မကလို႔ ေလွကားကပါကန္ခ်ခဲ့ ရင္ေတာင္ဒီခေလးမကို အျပစ္ျမင္မိမွာ မဟုတ္ဘူးဘာလို႔လည္း ဆိုေတာ့ဒီခေလးမ အေမ့ေပၚထားတဲ့စိတ္ထား ဟာတာဝန္ဆိုတာထက္ အေမ့ေပၚထားတဲ့ ေႏြးေထြးတဲ့ေမတၱာတရားကို ျမင္ေနမိလို႔ေတကန္ေတာ္တို႔ေတြ အေမ့ အတြက္ ခရီးစဥ္တိုင္းမွာ စိတ္ပူတာထက္ဒီခေလးမကပိုတယ္။

ကြၽန္ေတာ္တို႔ေတြ အေမ့ရဲ႕ က်န္းမာေရးမေကာင္းျဖစ္မွာကို စိုးရိမ္တာထက္ ဒီခေလးမကပိုစိုးရိမ္တယ္။ဘာလို႔ေျပာလည္းဆိုေတာ့ အေမ့ ခရီးစဥ္တိုင္းမွာ ဒီခေလးမ အေမ့အေပၚျပဳစုေစာင့္ေရွာက္တဲ့ပုံေလးေတြ တက္လာတာေၾကာင့္ပဲ။အေပၚယံလားဆိုၿပီး ပုံေလးေတြကိုေသခ်ာၾကည့္မိ ျပန္ေတာ့ရင္ထဲကလာတဲ့ အေမ့အေပၚထားတဲ့ ေႏြးေထြးတဲ့ ေမတၱာဆိုတာကိုေတြ႕လိုက္ရတယ္။

အေမေနပူတဲ့ အခါ ကိုယ္နဲ႔ ကြယ္ေပးတာေတြ၊ ခေမာက္ေလးေတြယူၿပီး အကာအကြယ္ေပးတာေတြ၊ ခႏၶာကိုယ္နဲ႔ အေမ့ခုံေလး လဲသြားမွာကို တြန္းအားေပး ထားတာေတြ၊ ေလွကားထစ္ေတြ တက္တိုင္း အေမ့ေျခလွမ္းယိုင္လဲသြားမွာစိုးလို႔ မ်က္စိေဒါက္ေထာက္ၾကည့္ေနတာေတြ၊ ေရဆိုေရ မီးဆိုမီး အေမေတာင္းစရာ မလိုေအာင္ အလိုက္တသိ အရံသင့္အနားက လုပ္ေပးေနတာေတြ က ကိုယ္ရံေတာ္ဆို တာထက္ ပိုတယ္။

တနည္းေျပာရရင္ ကြၽန္ေတာ္တို႔ အေမ့ ကို ခ်စ္တယ္ဆိုတာထက္ သူကပိုပါတယ္။ဒါေၾကာင့္ ေဒၚလဲ့လဲ့ေမာ္ ကို မဲ့ျပ႐ုံမကလို႔ ေနာက္က ကန္ခ်ခဲ့ရင္ေတာင္ ကိုယ့္အလုပ္ကိုယ္မလုပ္လို႔ အေနအထိုင္မတက္လို႔ ကန္ခ်ခံရတာလို႔ပဲ ျမင္မိမွာ။ဒီခေလးမေလး ကိုေတာ့ အျပစ္ျမင္မိမွာမဟုတ္ဘူးဘာေၾကာင့္လည္း ဆိုေတာ့ အေမ့ အေပၚထားတဲ့ ဒီခေလးမ ရဲ႕ေမတၱာေစတနာက က်ဳပ္တို႔ထက္သာလို႔ပဲ။ခ်ယ္ရီထက္ နဲ႔ပတ္သက္ၿပီး ေရးသားခဲ့ၾကတဲ့ စာေလးကိုလည္းမွ်ေဝေပးလိုက္ပါတယ္။

unicode

သူမအမည် ချယ်ရီထက် လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ် သက်တော်စောင့် ရဲမေ ချယ်ရီထက် ပစ်မှတ်ကို ၉၉%ထိအောင်ပစ်နိုင်သူ ။ဒီခလေးမကို စောင့်ကြည့်နေတာ အမေ့နားမှာကိုလင်းလင်းမရှိတဲ့အချိန်ထဲကပဲ။

စစ်အာဏာရှင်တွေ မွေးထုတ်ပေးလိုက်တဲ့ အထူးတပ်ဖွဲ့ထဲကမို့ အမေ့နားရောက်တော့ ပိုလို့သတိထားစောင့်ကြည့်မိတယ်။ မယုံရဲတဲ့စိတ်နဲ့ပဲကိုယ့်မှာ မချီးကျူးးရဲခဲ့ဘူး။ခုတော့ ဒေါ်လဲ့လဲ့မော်နဲ့ ကိစ္စမှာ ဒီခလေးမလေးကို အပြစ်ပြောတဲ့သူတွေ တွေ့လာရတော့ မြင်သလောက်လေး ဒီခလေးမဘက်က ရပ်တည်ပေးချင်လာမိတယ်။

အမေသွားတဲ့ခရီးစဉ်တိုင်း ဘယ်ဝန်ကြီ းချုပ်မှ လေယာဉ်ပေါ်အထိတက်ကြိုတာ မတွေ့ခဲ့ရဘူးသလိုပဲ။ မမြင်လိုက်မိတာလည်းဖြစ်မှာပါ။အပြစ်ကို ဖုံးကွယ်ချင်လို့ ဖားတဲ့အနေနဲ့ဝန်ကြီးချုပ်ပဲ လေယာဉ်ပေါ်ထိတက်ချင်သလိုတက်မယ်၊ဆင်းချင်သလိုဆင်းမယ်ဆိုပြီး လုံခြုံ ရေးချိုးဖောက်ရလောက်တဲ့ အထိဖြစ်လာတော့ဒီခလေးမအမြင် ကတ်သွားပုံရပါတယ်။

အမေ့နားမှာနေသူမို့ အမေ့စိတ်ကိုသိနေသူမို့ဒီလို အလုပ်တွေကို အမေမကြိုက်မှန်းသိနေသူဆိုတော့ မျက်နှာအမူအရာကအစ လူပြောစရာဖြစ်သွားခဲ့ရတယ်။ကျွန်တော်ကတော့ ရှင်းတယ်။ဒေါ်လဲ့လဲ့မော်ကို နောက်ကမဲ့ပြရုံ မကလို့ လှေကားကပါကန်ချခဲ့ ရင်တောင်ဒီခလေးမကို အပြစ်မြင်မိမှာ မဟုတ်ဘူးဘာလို့လည်း

ဆိုတော့ဒီခလေးမ အမေ့ပေါ်ထားတဲ့စိတ်ထား ဟာတာဝန်ဆိုတာထက် အမေ့ပေါ်ထားတဲ့ နွေးထွေးတဲ့မေတ္တာတရားကို မြင်နေမိလို့တေကန်တော်တို့တွေ အမေ့ အတွက် ခရီးစဉ်တိုင်းမှာ စိတ်ပူတာထက်ဒီခလေးမကပိုတယ်။

ကျွန်တော်တို့တွေ အမေ့ရဲ့ ကျန်းမာရေးမကောင်းဖြစ်မှာကို စိုးရိမ်တာထက် ဒီခလေးမကပိုစိုးရိမ်တယ်။ဘာလို့ပြောလည်းဆိုတော့ အမေ့ ခရီးစဉ်တိုင်းမှာ ဒီခလေးမ အမေ့အပေါ်ပြုစုစောင့်ရှောက်တဲ့ပုံလေးတွေ တက်လာတာကြောင့်ပဲ။

အပေါ်ယံလားဆိုပြီး ပုံလေးတွေကိုသေချာကြည့်မိ ပြန်တော့ရင်ထဲကလာတဲ့ အမေ့အပေါ်ထားတဲ့ နွေးထွေးတဲ့ မေတ္တာဆိုတာကိုတွေ့လိုက်ရတယ်။ အမေနေပူတဲ့ အခါ ကိုယ်နဲ့ ကွယ်ပေးတာတွေ၊ ခမောက်လေးတွေယူပြီး အကာအကွယ်ပေးတာတွေ၊ ခန္ဓာကိုယ်နဲ့ အမေ့ခုံလေး လဲသွားမှာကို တွန်းအားပေး ထားတာတွေ၊

လှေကားထစ်တွေ တက်တိုင်း အမေ့ခြေလှမ်းယိုင်လဲသွားမှာစိုးလို့ မျက်စိဒေါက်ထောက်ကြည့်နေတာတွေ၊ ရေဆိုရေ မီးဆိုမီး အမေတောင်းစရာ မလိုအောင် အလိုက်တသိ အရံသင့်အနားက လုပ်ပေးနေတာတွေ က ကိုယ်ရံတော်ဆို တာထက် ပိုတယ်။

တနည်းပြောရရင် ကျွန်တော်တို့ အမေ့ ကို ချစ်တယ်ဆိုတာထက် သူကပိုပါတယ်။ဒါကြောင့် ဒေါ်လဲ့လဲ့မော် ကို မဲ့ပြရုံမကလို့ နောက်က ကန်ချခဲ့ရင်တောင် ကိုယ့်အလုပ်ကိုယ်မလုပ်လို့ အနေအထိုင်မတက်လို့ ကန်ချခံရတာလို့ပဲ မြင်မိမှာ။ဒီခလေးမလေး ကိုတော့ အပြစ်မြင်မိမှာမဟုတ်ဘူးဘာကြောင့်လည်း ဆိုတော့ အမေ့ အပေါ်ထားတဲ့ ဒီခလေးမ ရဲ့မေတ္တာစေတနာက ကျုပ်တို့ထက်သာလို့ပဲ။ချယ်ရီထက် နဲ့ပတ်သက်ပြီး ရေးသားခဲ့ကြတဲ့ စာလေးကိုလည်းမျှဝေပေးလိုက်ပါတယ်။