သူရဲ႕ငါးႏွစ္၊ေျခာက္ႏွစ္သားဘဝက ျဖတ္သန္းခဲ့တဲ့ေျပာျပခဲ့တဲ့ ဇာတ္မင္းသားေခ်ာဖိုးခ်စ္

ဖိုးခ်စ္က သူ႕ဘဝအေၾကာင္းကို ေအာက္ပါအတိုင္းဘဲ ေျပာျပခဲ့ပါတယ္။ အေဖက ျမန္မာ့သစ္လုပ္ငန္းမွာလည္း သစ္လုပ္တယ္။ ျမန္မာ့သစ္လုပ္ငန္းရဲ႕ ေတးဂီတပိုင္းမွာလည္း ဂီတမႉးလုပ္ခဲ့တဲ့ဆိုင္းဆရာႀကီးပါ။

ေမေမကေတာ့ ဆုံးသြားတာၾကာပါၿပီ။ ကြၽန္ေတာ္ ရွစ္ႏွစ္ကိုးႏွစ္သားအ႐ြယ္ေလာက္ ကတည္းကပါ။ ကြၽန္ေတာ္ တို႔မိသားစုက ဒီလိုဗ်။ ေမေမဆုံးၿပီးတဲ့အခ်ိန္မွာ သုံးႏွစ္ေလာက္ၾကာေတာ့ ေဖေဖက

ေနာက္အိမ္ေထာင္ျပဳတယ္။ ကေလးႏွစ္ေယာက္ရွိတယ္။ အဲဒါေၾကာင့္ အခုဆိုရင္ စုစုေပါင္းေမာင္ႏွမခုနစ္ေယာက္ပါ။ ကြၽန္ေတာ့္အစ္ကိုအႀကီးဆုံးက ကြၽန္ေတာ့္ဇာတ္မွာ တာဝန္ယူေပးပါတယ္။ ကြၽန္ေတာ့္အထက္က

အစ္ကိုတစ္ေယာက္က Construction လုပ္ပါတယ္။ ကြၽန္ေတာ္တို႔က စုစုေပါင္း ေမာင္ႏွမေျခာက္ေယာက္ပါ။ ဒါေပမဲ့ အစ္ကိုတစ္ေယာက္က ဆုံးသြားပါၿပီ။ က်န္တဲ့ ညီငယ္ ညီမငယ္ေတြလည္း ရွိပါတယ္။

ကြၽန္ေတာ္က ေလးငါးႏွစ္သားေလာက္ကတည္းက ေဖေဖရဲ႕ ေတးဂီတဝိုင္းမွာ ကတယ္။ ကြၽန္ေတာ္ဆယ္တန္းေအာင္တဲ့အခ်ိန္မွာ စီးပြားေရးသမားျဖစ္ခ်င္တယ္။ ၿပီးေတာ့ အင္ဂ်င္နီယာတက္ခ်င္တယ္။

ဒါေပမဲ့ ေငြေၾကးမတတ္နိုင္လို႔ ျပန္လာခဲ့တယ္။ ေနာက္ေတာ့ စီးပြားေရးလည္းမလုပ္ ျဖစ္ေတာ့ဘဲ ဇာတ္သဘင္ေလာကထဲကို ေရာက္လာတယ္။ ရည္႐ြယ္ခ်က္က ဇာတ္မင္းသားလုပ္မယ္ဆိုတာမ်ိဳး မရွိပါဘူး။

မထင္မွတ္ဘဲ ဇာတ္သဘင္ေလာကထဲကို ေရာက္လာခဲ့တာပါ။ ပရိသတ္ေတြ အသိအမွတ္ျပဳခဲ့တယ္။ ကြၽန္ေတာ့္ အေဖကို ကြၽန္ေတာ္ အၿမဲစံထားတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္အေဖက ေငြေၾကးမျပည့္စုံေပမယ့္

ပိုက္ဆံရွိသည္ျဖစ္ေစ၊ မရွိ သည္ျဖစ္ေစ ဟင္းေကာင္းတစ္ခြက္ေတာ့ အၿမဲစားခဲ့ရတယ္။ ေဖေဖ ေဈးသြားတယ္။ ပိုက္ဆံပါမသြားဘူး။ ဒါေပမဲ့ သူ႕မိတ္ေဆြေတြနဲ႕ မရရေအာင္ႀကိဳးစားၿပီး သားသမီးေတြအတြက္

လုပ္ေပးတယ္။ ၿပီးေတာ့ လက္ေတြမွာ ေသြးေတြထြက္ေအာင္ ဆိုင္းတီးရတယ္။ ဆိုင္းနဲ႕ပဲ ကြၽန္ေတာ္တို႔ဘြဲ႕ရပညာတတ္ျဖစ္ေအာင္ ႀကိဳးစားလုပ္ေပးခဲ့တယ္။ အႏုပညာနယ္ပယ္မွာဆိုရင္ ေလးစားရတာက

ဦးခ်မ္းသာပါ။ Stage Show လုံးဝမဆိုဘဲနဲ႕ ျမန္မာမႈနဲ႕တင္ ႀကိဳးစား ၿပီး ျမန္မာ့ဇာတ္သဘင္ကို ရပ္တည္တယ္။ ဆရာၿမိဳ႕ေတာ္ေမာင္ယဥ္ေအာင္ကိုလည္း စံထားတယ္။ ကြၽန္ေတာ့္ရဲ႕ ဆရာပါပဲ။ ႐ုပ္ရွင္ေတြလည္း

ရိုက္ခဲ့တယ္။ ငယ္ငယ္ကတည္းက ေဖေဖက ကြၽန္ေတာ့္ကို ပထမဆိုတဲ့ေနရာကိုပဲ စိတ္ထဲရိုက္သြင္းခဲ့တယ္။ ဒုတိယဆုေတြရရင္ အဲ့ဒီဆုကို ေဖေဖကလက္ မခံဘူး။ အိမ္မွာမထားဘူး။ မွတ္တမ္းေပးရင္

အဲ့ဒီ မွတ္တမ္းကိုၿဖဲပစ္လိုက္တယ္။ ေမေမဆိုလည္း ကြၽန္ေတာ္ေက်ာင္းသြားရင္ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ပါေစမ်က္ႏွာမွာ သနပ္ခါးေလးေတြ လိမ္းခ်ယ္ေပးၿပီးမွ လႊတ္တယ္။ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ရႈပ္

သားသမီးကိုပစ္မထားဘူး။ ေဖေဖ့ရဲ႕ ဝန္ထမ္းလစာနဲ႕မေလာက္လို႔ ေမေမက ငယ္ငယ္ကထမင္းေရာင္းရတယ္။ အဲ့ဒီထမင္းေရာင္းတဲ့ဝန္းထဲမွာ ေမေမ့ကို ထမင္းဝိုင္းကူေရာင္းရင္းနဲ႕ ကြၽန္ေတာ္လည္း ကိုယ္တိုင္ ၾကက္ဥ

ျပဳတ္ၿပီး ကြၽန္ေတာ္ငါးႏွစ္သားေလာက္ကတည္းက ေဈးေရာင္းခဲ့တယ္။ အဲ့ဒီဘဝအသိေတြ ရွိတယ္လို႔ အင္တာဗ်ဴးမွာ သူ႕ဘဝအေၾကာင္းကို ပြင့္ပြင့္လင္းလင္းဘဲ ေျပာျပခဲ့ပါတယ္။ ခရက္ဒစ္

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဖိုးချစ်က သူ့ဘဝအကြောင်းကို အောက်ပါအတိုင်းဘဲ ပြောပြခဲ့ပါတယ်။ အဖေက မြန်မာ့သစ်လုပ်ငန်းမှာလည်း သစ်လုပ်တယ်။ မြန်မာ့သစ်လုပ်ငန်းရဲ့ တေးဂီတပိုင်းမှာလည်း ဂီတမှူးလုပ်ခဲ့တဲ့ဆိုင်းဆရာကြီးပါ။

မေမေကတော့ ဆုံးသွားတာကြာပါပြီ။ ကျွန်တော် ရှစ်နှစ်ကိုးနှစ်သားအရွယ်လောက် ကတည်းကပါ။ ကျွန်တော် တို့မိသားစုက ဒီလိုဗျ။ မေမေဆုံးပြီးတဲ့အချိန်မှာ သုံးနှစ်လောက်ကြာတော့ ဖေဖေက

နောက်အိမ်ထောင်ပြုတယ်။ ကလေးနှစ်ယောက်ရှိတယ်။ အဲဒါကြောင့် အခုဆိုရင် စုစုပေါင်းမောင်နှမခုနစ်ယောက်ပါ။ ကျွန်တော့်အစ်ကိုအကြီးဆုံးက ကျွန်တော့်ဇာတ်မှာ တာဝန်ယူပေးပါတယ်။ ကျွန်တော့်အထက်က

အစ်ကိုတစ်ယောက်က Construction လုပ်ပါတယ်။ ကျွန်တော်တို့က စုစုပေါင်း မောင်နှမခြောက်ယောက်ပါ။ ဒါပေမဲ့ အစ်ကိုတစ်ယောက်က ဆုံးသွားပါပြီ။ ကျန်တဲ့ ညီငယ် ညီမငယ်တွေလည်း ရှိပါတယ်။

ကျွန်တော်က လေးငါးနှစ်သားလောက်ကတည်းက ဖေဖေရဲ့ တေးဂီတဝိုင်းမှာ ကတယ်။ ကျွန်တော်ဆယ်တန်းအောင်တဲ့အချိန်မှာ စီးပွားရေးသမားဖြစ်ချင်တယ်။ ပြီးတော့ အင်ဂျင်နီယာတက်ချင်တယ်။

ဒါပေမဲ့ ငွေကြေးမတတ်နိုင်လို့ ပြန်လာခဲ့တယ်။ နောက်တော့ စီးပွားရေးလည်းမလုပ် ဖြစ်တော့ဘဲ ဇာတ်သဘင်လောကထဲကို ရောက်လာတယ်။ ရည်ရွယ်ချက်က ဇာတ်မင်းသားလုပ်မယ်ဆိုတာမျိုး မရှိပါဘူး။

မထင်မှတ်ဘဲ ဇာတ်သဘင်လောကထဲကို ရောက်လာခဲ့တာပါ။ ပရိသတ်တွေ အသိအမှတ်ပြုခဲ့တယ်။ ကျွန်တော့် အဖေကို ကျွန်တော် အမြဲစံထားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖေက ငွေကြေးမပြည့်စုံပေမယ့်

ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ဟင်းကောင်းတစ်ခွက်တော့ အမြဲစားခဲ့ရတယ်။ ဖေဖေ ဈေးသွားတယ်။ ပိုက်ဆံပါမသွားဘူး။ ဒါပေမဲ့ သူ့မိတ်ဆွေတွေနဲ့ မရရအောင်ကြိုးစားပြီး သားသမီးတွေအတွက်

လုပ်ပေးတယ်။ ပြီးတော့ လက်တွေမှာ သွေးတွေထွက်အောင် ဆိုင်းတီးရတယ်။ ဆိုင်းနဲ့ပဲ ကျွန်တော်တို့ဘွဲ့ရပညာတတ်ဖြစ်အောင် ကြိုးစားလုပ်ပေးခဲ့တယ်။ အနုပညာနယ်ပယ်မှာဆိုရင် လေးစားရတာက

ဦးချမ်းသာပါ။ Stage Show လုံးဝမဆိုဘဲနဲ့ မြန်မာမှုနဲ့တင် ကြိုးစား ပြီး မြန်မာ့ဇာတ်သဘင်ကို ရပ်တည်တယ်။ ဆရာမြို့တော်မောင်ယဉ်အောင်ကိုလည်း စံထားတယ်။ ကျွန်တော့်ရဲ့ ဆရာပါပဲ။ ရုပ်ရှင်တွေလည်း

ရိုက်ခဲ့တယ်။ ငယ်ငယ်ကတည်းက ဖေဖေက ကျွန်တော့်ကို ပထမဆိုတဲ့နေရာကိုပဲ စိတ်ထဲရိုက်သွင်းခဲ့တယ်။ ဒုတိယဆုတွေရရင် အဲ့ဒီဆုကို ဖေဖေကလက် မခံဘူး။ အိမ်မှာမထားဘူး။ မှတ်တမ်းပေးရင်

အဲ့ဒီ မှတ်တမ်းကိုဖြဲပစ်လိုက်တယ်။ မေမေဆိုလည်း ကျွန်တော်ကျောင်းသွားရင် ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေမျက်နှာမှာ သနပ်ခါးလေးတွေ လိမ်းချယ်ပေးပြီးမှ လွှတ်တယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်

သားသမီးကိုပစ်မထားဘူး။ ဖေဖေ့ရဲ့ ဝန်ထမ်းလစာနဲ့မလောက်လို့ မေမေက ငယ်ငယ်ကထမင်းရောင်းရတယ်။ အဲ့ဒီထမင်းရောင်းတဲ့ဝန်းထဲမှာ မေမေ့ကို ထမင်းဝိုင်းကူရောင်းရင်းနဲ့ ကျွန်တော်လည်း ကိုယ်တိုင် ကြက်ဥ

ပြုတ်ပြီး ကျွန်တော်ငါးနှစ်သားလောက်ကတည်းက ဈေးရောင်းခဲ့တယ်။ အဲ့ဒီဘဝအသိတွေ ရှိတယ်လို့အင်တာဗျူးမှာ သူ့ဘဝအကြောင်းကို ပွင့်ပွင့်လင်းလင်းဘဲ ပြောပြခဲ့ပါတယ်။ ခရက်ဒစ်