ဖားကန့်ရောက်ရင်မင်းတို့ကိုပေးဖို့ အနွေးထည်တွေစုထားတယ်လေ ကွာလို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သရုပ်ဆောင်ဒေါင်းဝေ

ဖားကန့်ရောက်ရင်မင်းတို့ကိုပေးဖို့ အနွေးထည်တွေစုထားတယ်လေ ကွာလို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သရုပ်ဆောင်ဒေါင်းဝေ

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒေါင်းဝေ ကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ဗွီဒီယို ဇာတ်ကားတွေ သာမက MRTV-4 ရုပ်သံဇာတ်လမ်းတွဲ တွေမှာပါ အများဆုံး တွေ့မြင်နေရသူ တစ်ယောက်ပါ။

သရုပ်ဆောင် အလုပ်အပြင် ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းရင်း ပရိသတ်တွေ အတွက် သီချင်းအသစ် တွေချပြနိုင်ဖို့ ဆက်တိုက်ကြိုးစားနေ သူလည်း ဖြစ်ပါတယ်။ နယ်ဖျော်ဖြေပွဲတွေ သွားနေသူရမို့ လတ်တလော မြေပြိုမှု ဖြစ်ပွားခဲ့တဲ့ ဖားကန့်မှာ

ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေ အတွက် သူ့ရင်ထဲက ခံစားချက်တချို့ကို ရေးသားမျှဝေခဲ့ပါတယ်။ “သူငယ်ချင်းတွေ ကျွန်တော့ကို ချစ်တဲ့ပရိတ်သတ် ညီအကိုတွေ ဘဝဆက်တိုင်း ဆက်တိုင်း ဒီလို အဖြစ်ဆိုးမျိုးတွေနဲ့ မကြုံကြပါစေနဲ့ ဘယ်ကောင်မှ ဖုန်းဆက်မရဘူး

စိတ်ပူလိုက်တာကွာ။ ငါဒီတစ်ခေါက် ဖားကန့်သီချင်းလာဆိုရင် မင်းတို့အတွက် လက်ဆောင် အနွေးအင်္ကျီတွေ စုထားပြီးသားပါကွ” ဆိုပြီး သူငယ်ချင်းတွေအတွက် ဖြေမဆည်နိုင် ဖြစ်နေကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ ကမ္ဘာတစ်ဝှမ်းလုံးမှာ ဖြစ်ပွားနေတဲ့

ကိုဗစ်ကပ်ရောဂါ ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ (၆) ယောက် သာရှိပေမယ့် မြေပြိုမှုကြောင့် လူနှစ်ရာထက် မနည်းသေဆုံး ခဲ့ရပါတယ်။ဒေါင်းဝေကတော့ “ကိုဗစ်ကြောင့် မသေဘဲ ငတ်မှာစိုးလို့ ရရာ အလုပ်ထလုပ်ရင်း သေရတဲ့ သူငယ်ချင်းတွေ

မင်းတို့ဘဝတွေကို ငါစာနာပါတယ်ကွာ” ဆိုပြီးတော့လည်း သူ့ရင်ထဲက ခံစားချက်တွေ မျှဝေခဲ့ပါသေးတယ်။Source – Daung Wai