မိမိကိုယ္ကို ၁၅ ရက္အတြင္း ေျပာင္းလဲသြားေအာင္ ဒီနည္းလမ္းေတြနဲ႔ ကိုယ့္ကိုကိုယ္ ျပဳျပင္ၾကည့္ပါ

အားလုံးပဲ မဂၤလာပါ။ အလုပ္ပိတ္လို႔ပဲျဖစ္ျဖစ္ ေက်ာင္းပိတ္လို႔ပဲျဖစ္ျဖစ္ အိမ္မွာေနရတာ ပ်ငး္ေနၾကၿပီလား။

ဒီေန႔ကစၿပီး ေနာက္ ၁၅ ရက္ေန႔ဆိုရင္ အေျခအေနေတြက တည္တည္ၿငိမ္ၿငိမ္ ျပန္ျဖစ္ေတာ့မယ္လို႔ အားလုံးက ခန႔္မွန္းထားၾကပါတယ္။

ဒီေတာ့ သင္အားေနတဲ့ ဒီ (၁၅) ရက္အတြင္း တစ္ခုခုေျပာင္းလဲသြားေအာင္ မျပဳျပင္ခ်င္ဘူးလား။

သင္က သင့္ကိုယ္သင္ ျပဳျပင္ခ်င္တဲ့သူဆိုရင္ေတာ့ ဒီအခ်က္ေတြကို လုပ္ၾကည့္ပါ။

၁။ စာအုပ္ပါးပါးေလးတစ္အုပ္

၁၅ ရက္အတြင္း စာအုပ္တစ္အုပ္ၿပီးေအာင္ဖတ္ပါ။ သင္က စာဖတ္ေႏွးသူ /စာတစ္ေၾကာင္းကို ေသခ်ာနားလည္ေအာင္ ဖတ္တတ္သူဆိုရင္ စာအုပ္ပါးပါးေလးက သင္နဲ႔ သင့္ေတာ္ပါတယ္။

၂။ အေၾကာင္းအရာသစ္တစ္ခုသင္ယူပါ

ဒီ ၁၅ ရက္အတြင္း သင္သိခ်င္တဲ့ ပညာတစ္ခုကို သင္ယူပါ။ ဟင္းခ်က္နည္းတစ္မ်ိဳးသင္ရင္လည္းျဖစ္ပါတယ္။ ဒါမွမဟုုတ္ အပင္ဘယ္လိုစိုက္မလဲ ဒါေတြကိုလည္း သင္ယူႏိုင္ပါတယ္။ အေရးႀကီးတာက စသင္ၾကည့္ဖို႔ပါ။

၃။ ၁၅ ရက္ Plank ေထာက္ပါ

တစ္ေန႔လုံး မလႈပ္မရွားေနတဲ့အခါ သင့္စိတ္ၾကည္လင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ တစ္ေန႔မွာ တစ္မိနစ္ Plank ေထာက္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ၿပီး ၁၅ ရက္တိတိလုပ္ၾကည့္ပါ။

တကယ္လို႔ သင္က Plank မေထာက္ႏိုင္ဘူးဆိုရင္ တစ္ေန႔မွာ ၁၅ မိနစ္ ေျပးမယ္ ဒါမွမဟုတ္ လမ္းေလွ်ာက္မယ္ဆိုလည္းျဖစ္ပါတယ္။ အဲ့ထက္ပိုလုပ္ရင္ ပိုေတာင္ေကာင္းပါေသးတယ္။

၄။ ကိုယ့္အေၾကာင္းကိုယ္သိေအာင္လုပ္ပါ

အျခားလူေတြအေၾကာင္းပဲ လိုက္ၾကည့္ရင္း အခ်ိန္ကုန္မိေနၿပီလား။ ကိုယ့္ကိုကိုယ္ ျပန္ၾကည့္ပါဦး။ ငါေနေကာင္းရဲ႕လား။ ငါဘယ္ေနရာေတြမွာ အဆင္မေျပျဖစ္ေနလဲ။ ငါဘာေတြလိုအပ္ေနလဲ ျပန္စဥ္းစားၾကည့္ပါ။

၅။ အသီးအ႐ြက္မ်ားမ်ားစားပါ

၁၅ ရက္အတြင္း အသီးအ႐ြက္တစ္မ်ိဳးကို ေန႔တိုင္းစားေပးပါ။ ဥပမာ သံပယိုရည္ေႏြးေႏြးေလးကို ေန႔တိုင္းေသာက္တာမ်ိဳးေပါ့။ သင္အရင္ကထက္ ပိုေနလို႔ထိုင္လို႔ေကာင္းလာပါလိမ့္မယ္။

၆။ ဖုန္းေတြကြန္ျပဴတာေတြရွင္းပါ

ဖုန္းထဲက မလိုတဲ့ Video ေတြ ၊ Computer ထဲက မလိုတဲ့ Data ေတြကို အကုန္ျဖတ္ပစ္ပါ။ သင့္ဖုန္းဟန္းေနတာ ေလးေနတာက ဖုန္းထဲမွာ မလိုတာေတြမ်ားေနလို႔ပါ။

၇။ အသားအေရဂ႐ုစိုက္ပါ

အသားအေရဂ႐ုစိုက္တဲ့အေနနဲ႔ ဒီ ၁၅ ရက္အတြင္း သင္ႀကိဳက္တဲ့ ရက္ကို ေ႐ြးခ်ယ္ၿပီး မ်က္ႏွာေပါင္းတင္ေပးပါ။ Mask ကပ္ပါ။ Scrub (ေခ်းခြၽတ္) လုပ္ေပးပါ။

၈။ ပန္းတိုင္တစ္ခုခ်မွတ္ပါ

သင္ၿပီးေျမာက္ေအာင္ လုပ္ခ်င္တဲ့ ပန္းတိုင္ေသးေသးေလးတစ္ခုကို စဥ္းစားၾကည့္ပါ။ ဒီပန္းတိုင္ေသးေသးေလးကို စာအုပ္တစ္အုပ္ထဲ ခ်ေရးပါ။

ၿပီးရင္ေတာ့ ဒီပန္းတိုင္ကို ၁၅ ရက္အတြင္းျဖစ္ေအာင္လုပ္ပါ။ ေရရွည္ပန္းတိုင္မ်ိဳးအခ်ိန္ေပးရတဲ့ ပန္းတိုင္မ်ိဳးမျဖစ္ဖို႔ေတာ့လိုပါမယ္။ အခ်ိန္သိပ္မေပးရတဲ့ ပန္းတိုင္မ်ိဳးပါ။ သင္စဥ္းစားတတ္ပါတယ္။

ဒီအခ်က္ (၈) ခ်က္ကို ၁၅ ရက္အတြင္းျဖစ္ေအာင္လုပ္ၾကည့္ပါေနာ္။ Facebook တစ္ေန႔လုံး ထိုင္သုံးေနတာထက္ေတာ့ ပိုသာပါေသးတယ္။

ဒီလိုစိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြကို သိခ်င္ရင္ေတာ့ ေအာက္က Page ကို Like လုပ္ထားပါေနာ္။ မဟုတ္ရင္ေတာ့ စိတ္ဝင္စားစရာအေၾကာင္းအရာေတြနဲ႔ လြဲသြားလိမ့္မယ္ေနာ္။

Photo Source: crd

အားလုံးပဲ မင်္ဂလာပါ။ အလုပ်ပိတ်လို့ပဲဖြစ်ဖြစ် ကျောင်းပိတ်လို့ပဲဖြစ်ဖြစ် အိမ်မှာနေရတာ ပျင်းနေကြပြီလား။

ဒီနေ့ကစပြီး နောက် ၁၅ ရက်နေ့ဆိုရင် အခြေအနေတွေက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်တော့မယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်။

ဒီတော့ သင်အားနေတဲ့ ဒီ (၁၅) ရက်အတွင်း တစ်ခုခုပြောင်းလဲသွားအောင် မပြုပြင်ချင်ဘူးလား။

သင်က သင့်ကိုယ်သင် ပြုပြင်ချင်တဲ့သူဆိုရင်တော့ ဒီအချက်တွေကို လုပ်ကြည့်ပါ။

၁။ စာအုပ်ပါးပါးလေးတစ်အုပ်

၁၅ ရက်အတွင်း စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ပါ။ သင်က စာဖတ်နှေးသူ /စာတစ်ကြောင်းကို သေချာနားလည်အောင် ဖတ်တတ်သူဆိုရင် စာအုပ်ပါးပါးလေးက သင်နဲ့ သင့်တော်ပါတယ်။

၂။ အကြောင်းအရာသစ်တစ်ခုသင်ယူပါ

ဒီ ၁၅ ရက်အတွင်း သင်သိချင်တဲ့ ပညာတစ်ခုကို သင်ယူပါ။ ဟင်းချက်နည်းတစ်မျိုးသင်ရင်လည်းဖြစ်ပါတယ်။ ဒါမှမဟုတ် အပင်ဘယ်လိုစိုက်မလဲ ဒါတွေကိုလည်း သင်ယူနိုင်ပါတယ်။ အရေးကြီးတာက စသင်ကြည့်ဖို့ပါ။

၃။ ၁၅ ရက် Plank ထောက်ပါ

တစ်နေ့လုံး မလှုပ်မရှားနေတဲ့အခါ သင့်စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့မှာ တစ်မိနစ် Plank ထောက်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ၁၅ ရက်တိတိလုပ်ကြည့်ပါ။

တကယ်လို့ သင်က Plank မထောက်နိုင်ဘူးဆိုရင် တစ်နေ့မှာ ၁၅ မိနစ် ပြေးမယ် ဒါမှမဟုတ် လမ်းလျှောက်မယ်ဆိုလည်းဖြစ်ပါတယ်။ အဲ့ထက်ပိုလုပ်ရင် ပိုတောင်ကောင်းပါသေးတယ်။

၄။ ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်ပါ

အခြားလူတွေအကြောင်းပဲ လိုက်ကြည့်ရင်း အချိန်ကုန်မိနေပြီလား။ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါဦး။ ငါနေကောင်းရဲ့လား။ ငါဘယ်နေရာတွေမှာ အဆင်မပြေဖြစ်နေလဲ။ ငါဘာတွေလိုအပ်နေလဲ ပြန်စဉ်းစားကြည့်ပါ။

၅။ အသီးအရွက်များများစားပါ

၁၅ ရက်အတွင်း အသီးအရွက်တစ်မျိုးကို နေ့တိုင်းစားပေးပါ။ ဥပမာ သံပယိုရည်နွေးနွေးလေးကို နေ့တိုင်းသောက်တာမျိုးပေါ့။ သင်အရင်ကထက် ပိုနေလို့ထိုင်လို့ကောင်းလာပါလိမ့်မယ်။

၆။ ဖုန်းတွေကွန်ပြူတာတွေရှင်းပါ

ဖုန်းထဲက မလိုတဲ့ Video တွေ ၊ Computer ထဲက မလိုတဲ့ Data တွေကို အကုန်ဖြတ်ပစ်ပါ။ သင့်ဖုန်းဟန်းနေတာ လေးနေတာက ဖုန်းထဲမှာ မလိုတာတွေများနေလို့ပါ။

၇။ အသားအရေဂရုစိုက်ပါ

အသားအရေဂရုစိုက်တဲ့အနေနဲ့ ဒီ ၁၅ ရက်အတွင်း သင်ကြိုက်တဲ့ ရက်ကို ရွေးချယ်ပြီး မျက်နှာပေါင်းတင်ပေးပါ။ Mask ကပ်ပါ။ Scrub (ချေးချွတ်) လုပ်ပေးပါ။

၈။ ပန်းတိုင်တစ်ခုချမှတ်ပါ

သင်ပြီးမြောက်အောင် လုပ်ချင်တဲ့ ပန်းတိုင်သေးသေးလေးတစ်ခုကို စဉ်းစားကြည့်ပါ။ ဒီပန်းတိုင်သေးသေးလေးကို စာအုပ်တစ်အုပ်ထဲ ချရေးပါ။

ပြီးရင်တော့ ဒီပန်းတိုင်ကို ၁၅ ရက်အတွင်းဖြစ်အောင်လုပ်ပါ။ ရေရှည်ပန်းတိုင်မျိုးအချိန်ပေးရတဲ့ ပန်းတိုင်မျိုးမဖြစ်ဖို့တော့လိုပါမယ်။ အချိန်သိပ်မပေးရတဲ့ ပန်းတိုင်မျိုးပါ။ သင်စဉ်းစားတတ်ပါတယ်။

ဒီအချက် (၈) ချက်ကို ၁၅ ရက်အတွင်းဖြစ်အောင်လုပ်ကြည့်ပါနော်။ Facebook တစ်နေ့လုံး ထိုင်သုံးနေတာထက်တော့ ပိုသာပါသေးတယ်။

ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို သိချင်ရင်တော့ အောက်က Page ကို Like လုပ်ထားပါနော်။ မဟုတ်ရင်တော့ စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ လွဲသွားလိမ့်မယ်နော်။