လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ထပ်မံရရှိ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
(၂၀၂၀ ပြည့် နှစ်၊ ဇူ လိုင် လ ၁၀ ရက်)
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ (COVID–19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Corona-virus Disease 2019 (COVID–19) ကာကွယ်၊
၂။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင်လ(၁)ရက်မှ (၁၅)ရက် အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်း များ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ထပ်မံ ပေးသွားမည်ဖြစ်ပါသည်။
၃။ သို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၇၅) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက်
အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံး သည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
Unicode
ပြည်ထောင်စုသမ္မတမြန်မာနိိုင်ငံတော်အစိုးရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်သူသို့ အသိပေးတင်ပြချက်
၁၃၈၂ ခုနှစ်၊ ပထမဝါဆို လပြည့်ကျော် ၆ ရက်
(၂၀၂၀ ပြည့် နှစ်၊ ဇူ လိိုင် လ ၁၀ ရက်)
၁။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီမှ (COVID–19) ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ Corona-virus Disease 2019 (COVID–19) ကာကွယ်၊
ထိန်းချုပ်၊ တားဆီးရေးအတွက် (၃၀-၆-၂၀၂၀) ရက်နေ့ အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ ပန်ကြားချက်၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့် ကိစ္စရပ်များမပါ) အား (၁၅-၇-၂၀၂၀) ရက်နေ့ အထိ ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်သွားရန် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
၂။ COVID-19 ရောဂါကာကွယ်ထိိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇူလိုင်လ(၁)ရက်မှ (၁၅)ရက် အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်း များ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ(မပါ)) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်် (အခမဲ့)ကို ထပ်မံ ပေးသွားမည်ဖြစ်ပါသည်။
၃။ သိို့ပါ၍ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနက်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁) ယူနစ်မှ (၇၅) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက်ဓာတ်အားခ ကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပါသည်။
၄။ အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
အထူးကိိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ် သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံး သည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန