႐ုပ္ရွင္အစည္းအ႐ုံးမွာ ဦး​ေက်ာ္ဟိန္း႐ုပ္ထုထားရွိမယ့္ ကိစၥနဲ႔ပက္သက္ၿပီး​ ဥကၠဌ ညီညီထြန္းလြင္ေျပာၾကား

ျပည္သူခ်စ္နိုင္ငံ​ေက်ာ္မင္းသားႀကီး ဦး​ေက်ာ္ဟိန္းက​ေတာ့ ရဟန္းဘဝနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ပ်ံလြန္​​​ေတာ္ မူသြားခဲ့ပါၿပီ။

ဦး​ေက်ာ္ဟိန္း မရွိ​ေတာ့တဲ့​ေနာက္ပိုင္း သူ႔ရဲ့ အမွတ္တရ ႐ုပ္ထုကို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာထားရွိသင့္တယ္လို့ နာ​ေရးကူညီမွုအသင္း ဥကၠဌ ဦး​ေက်ာ္သူ အပါအဝင္ အႏုပညာရွင္တခ်ိဳ့က အႀကံျပဳခဲ့ၾကပါတယ္။

လတ္တေလာသတင္းအရ မင္းသား ​ေက်ာ္ဟိန္း အ​ေနနဲ႔ မဟုတ္ဘဲ ဦးဇင္း ကိတၱိသာရ အ​ေနနဲ႔ ႐ုပ္ထုျပဳလုပ္ၿပီး ထားရွိဖို့ စီစဥ္​ေနတယ္လို့သိရပါတယ္။

ဒီအ​ေၾကာင္းကို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးညီညီထြန္းလြင္က အခုလို​ေျပာျပလာပါတယ္။

” ျပတိုက္မွာထုလုပ္ထားဖို့ မေန႔က တိုင္ပင္ေဆြးေႏြးၾကတယ္ အဲဒီမွာဆိုရင္ သူ႔ရတုနဲ႔ ရတုဆိုင္ရာေပါ့ ေငြရတု၊ ေရႊရတု၊ စိန္ရတုရွိတယ္ဆိုေတာ့ ဦးေက်ာ္ကေတာ့ ကၽြန္ေတာ္ထင္တာက စိန္ရတုထဲမွာ အက်ဳံးဝင္မယ္လို့ေတာ့ ထင္တယ္။

ၿပီးေတာ့မွ ရာျပည့္ေပါ့ ဦးဝင္းဦး႐ုပ္တုကေတာ့ ထုထားတာရွိတယ္ ကၽြန္ေတာ္တို့ အႀကံေပးတာကေတာ့ ဦးေက်ာ္ဟိန္းဆိုတာကလည္း ေက်ာ္ဟိန္းေခတ္ဆိုတာ တစ္ေခတ္ရွိခဲ့တာပဲေလ ႐ုပ္တုေလးကလည္း ရွိသင့္တယ္။

အဲဒီလိုမ်ိဳး ႐ုပ္တုထုမယ္ဆိုရင္ အရပ္ဝတ္ အရပ္စားနဲ႔ဆိုရင္ေတာ့ ေကာင္းေပမယ့္အားလုံး က ျဖစ္သင့္တယ္လို့ အႀကံေပးတာကေတာ့ သကၤန္းဝတ္နဲ႔ဦးပဥၥင္းကိတၱိသာရ ပုံစံမ်ိဳးထုတာ အေကာင္းဆုံးလို့ေျပာၾကတယ္။

ေတာ္ေတာ္ပါရမီရင့္သန္တဲ့ ပုဂၢိဳလ္လည္းျဖစ္ေနတဲ့အတြက္ေၾကာင့္ ေနာင္လာေနာင္သားေတြအတြက္လည္း စံျပ၊ စံနမူနာယူစရာ လူျဖစ္ေနတာေပါ့။

ဦးပဥၥင္း ကိတၱိ သာရရဲ့ သကၤန္းဝတ္နဲ႔ပုံကို ႐ုပ္တုထုဖို့အတြက္ေတာ့ ေဆြးေႏြးၿပီးပါၿပီ ” လို့ ဆိုပါတယ္။

ဒါ့အျပင္ ႐ုပ္ထု ထုလုပ္မယ့္ ကိစၥနဲ႔ပက္သက္ၿပီး ကိုလူ​ေခ်ာအဖြဲ႕က သ႐ုပ္​​ေဆာင္ ​ေအာင္ခိုင္အပါအဝင္ အျခား အလွူရွင္တခ်ိဳ့ကလည္း ပံ့ပိုးကူညီသြားမယ္လို့ သိရပါတယ္။

Unicode

ရုပ်ရှင်အစည်းအရုံးမှာ ဦးကျော်ဟိန်းရုပ်ထုထားရှိမယ့် ကိစ္စနဲ့ပက်သက်ပြီး ဥက္ကဌ ညီညီထွန်းလွင်ပြောကြား

ပြည်သူချစ်နိုင်ငံကျော်မင်းသားကြီး ဦးကျော်ဟိန်းကတော့ ရဟန်းဘဝနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပျံလွန်တော် မူသွားခဲ့ပါပြီ။

ဦးကျော်ဟိန်း မရှိတော့တဲ့နောက်ပိုင်း သူ့ရဲ့ အမှတ်တရ ရုပ်ထုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာထားရှိသင့်တယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အပါအဝင် အနုပညာရှင်တချို့က အကြံပြုခဲ့ကြပါတယ်။

လတ်တလောသတင်းအရ မင်းသား ကျော်ဟိန်း အနေနဲ့ မဟုတ်ဘဲ ဦးဇင်း ကိတ္တိသာရ အနေနဲ့ ရုပ်ထုပြုလုပ်ပြီး ထားရှိဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဒီအကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က အခုလိုပြောပြလာပါတယ်။

” ပြတိုက်မှာထုလုပ်ထားဖို့ မနေ့က တိုင်ပင်ဆွေးနွေးကြတယ် အဲဒီမှာဆိုရင် သူ့ရတုနဲ့ ရတုဆိုင်ရာပေါ့ ငွေရတု၊ ရွှေရတု၊ စိန်ရတုရှိတယ်ဆိုတော့ ဦးကျော်ကတော့ ကျွန်တော်ထင်တာက စိန်ရတုထဲမှာ အကျုံးဝင်မယ်လို့တော့ ထင်တယ်။

ပြီးတော့မှ ရာပြည့်ပေါ့ ဦးဝင်းဦးရုပ်တုကတော့ ထုထားတာရှိတယ် ကျွန်တော်တို့ အကြံပေးတာကတော့ ဦးကျော်ဟိန်းဆိုတာကလည်း ကျော်ဟိန်းခေတ်ဆိုတာ တစ်ခေတ်ရှိခဲ့တာပဲလေ ရုပ်တုလေးကလည်း ရှိသင့်တယ်။

အဲဒီလိုမျိုး ရုပ်တုထုမယ်ဆိုရင် အရပ်ဝတ် အရပ်စားနဲ့ဆိုရင်တော့ ကောင်းပေမယ့်အားလုံး က ဖြစ်သင့်တယ်လို့ အကြံပေးတာကတော့ သင်္ကန်းဝတ်နဲ့ဦးပဉ္စင်းကိတ္တိသာရ ပုံစံမျိုးထုတာ အကောင်းဆုံးလို့ပြောကြတယ်။

တော်တော်ပါရမီရင့်သန်တဲ့ ပုဂ္ဂိုလ်လည်းဖြစ်နေတဲ့အတွက်ကြောင့် နောင်လာနောင်သားတွေအတွက်လည်း စံပြ၊ စံနမူနာယူစရာ လူဖြစ်နေတာပေါ့။

ဦးပဉ္စင်း ကိတ္တိ သာရရဲ့ သင်္ကန်းဝတ်နဲ့ပုံကို ရုပ်တုထုဖို့အတွက်တော့ ဆွေးနွေးပြီးပါပြီ ” လို့ ဆိုပါတယ်။

ဒါ့အပြင် ရုပ်ထု ထုလုပ်မယ့် ကိစ္စနဲ့ပက်သက်ပြီး ကိုလူချောအဖွဲ့က သရုပ်ဆောင် အောင်ခိုင်အပါအဝင် အခြား အလှူရှင်တချို့ကလည်း ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။