နာမက်န္းျဖစ္ေနတဲ့ဇနီးသည္ကိုအၿမဲေက်ာပိုးၿပီး သူမရဲ႕ေနာက္ဆုံးအခ်ိန္ေနာင္တမရေအာင္ ခရီးေခၚထြက္ေလ့ရွိတဲ့ ခင္ပြန္း

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 57 ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ဖ်ားနာေနတဲ့ဇနီးျဖစ္သူကို ေက်ာပိုးၿပီး Anhui ျပည္နယ္ရွိ ေတာင္တန္းတစ္ေလွ်ာက္ခရီးေခၚထြက္ခဲ့တဲ့ video ဟာ social media ေပၚမွာအေတာ္ေလးလူၾကည့္မ်ားေနလ်က္ရွိပါတယ္ ။

Wang Xiaomin အမည္ရွိတဲ့အဆိုပါအမ်ိဳးသားဟာ ဇနီးသည္ကိုေက်ာပိုးၿပီး တ႐ုတ္ႏိုင္ငံတစ္ေလွ်ာက္ နာမည္ႀကီးၿပီးလာေရာက္လည္ပတ္သူမ်ားတဲ့ေနရာမ်ိဳးကို လည္ပတ္ေနခဲ့ၾကတာပါ ။

Video ထဲမွာေတာ့ Wang ဟာ ဇနီးသည္ကိုျပဳစုေစာင့္ေရွာက္ေနရတာ လြန္ခဲ့တဲ့ 5ႏွစ္က ဇနီးသည္ ALS ေရာဂါစၿပီးခံစားခဲ့ရတဲ့အခ်ိန္ကတည္းကျဖစ္ေၾကာင္း ႏွင့္ အဆိုပါေရာဂါဟာ ႂကြက္သားေတြကိုပ်က္ဆီးေစၿပီး ၊ ခႏၶာကိုယ္ကို ကိုယ္တိုင္မလႈပ္ရွားႏိုင္ေတာ့ေအာင္ျဖစ္ေစတဲ့ေရာဂါမ်ိဳးျဖစ္ေၾကာင္း ရွင္းျပခဲ့ပါတယ္ ။

အဆိုပါေရာဂါခံစားရသူေတြဟာ 2ႏွစ္ ဒါမွမဟုတ္ 4ႏွစ္ခန႔္သာ အသက္ရွင္ေနထိုင္ႏိုင္ေတာ့တဲ့အတြက္ က်န္ရွိတဲ့ရက္ေတြမွာ ဇနီးသည္ေနာင္တမရေအာင္ က်ယ္ေျပာလွတဲ့ကမာၻႀကီးကို ဇနီးသည္ၾကည္ရႈခံစားႏိုင္ေအာင္

ဆက္ၿပီးေခၚေဆာင္သြားခ်င္ေၾကာင္း Wang ကေျပာျပခဲ့ပါတယ္ ။ တျခားခရီးသြားေတြနဲ႔ စကားစျမည္းေျပာခဲ့ခ်ိန္မွာေတာ့ Wang ဟာ ” ပင္ပန္းတာေပါ့ ၊ သူ႔ရဲ႕ဘဝကို အဓိပၸါယ္ရွိေအာင္လုပ္ေပးႏိုင္ရင္ေတာ့ ဒီပင္ပန္းမႈက ဘားမွမဟုတ္ဘူး ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ 5ႏွစ္အတြင္းမွာလည္း Wang ဟာဇနီးသည္ကို ေက်ာပိုးၿပီးေနရာအႏွံ႔ခရီးထြက္ခဲ့ၾကၿပီး ၊ ေနာက္ထပ္ ထပ္သြားမည့္ခရီးစဥ္ေတြကိုေတာ့ မဆုံးျဖတ္ရေသးေၾကာင္း Wang ကေျပာျပခဲ့ပါတယ္ ။

unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 57 နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖျားနာနေတဲ့ဇနီးဖြစ်သူကို ကျောပိုးပြီး Anhui ပြည်နယ်ရှိ တောင်တန်းတစ်လျှောက်ခရီးခေါ်ထွက်ခဲ့တဲ့ video ဟာ social media ပေါ်မှာအတော်လေးလူကြည့်များနေလျက်ရှိပါတယ် ။

Wang Xiaomin အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဇနီးသည်ကိုကျောပိုးပြီး တရုတ်နိုင်ငံတစ်လျှောက် နာမည်ကြီးပြီးလာရောက်လည်ပတ်သူများတဲ့နေရာမျိုးကို လည်ပတ်နေခဲ့ကြတာပါ ။

Video ထဲမှာတော့ Wang ဟာ ဇနီးသည်ကိုပြုစုစောင့်ရှောက်နေရတာ လွန်ခဲ့တဲ့ 5နှစ်က ဇနီးသည် ALS ရောဂါစပြီးခံစားခဲ့ရတဲ့အချိန်ကတည်းကဖြစ်ကြောင်း နှင့် အဆိုပါရောဂါဟာ ကြွက်သားတွေကိုပျက်ဆီးစေပြီး ၊ ခန္ဓာကိုယ်ကို ကိုယ်တိုင်မလှုပ်ရှားနိုင်တော့အောင်ဖြစ်စေတဲ့ရောဂါမျိုးဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

အဆိုပါရောဂါခံစားရသူတွေဟာ 2နှစ် ဒါမှမဟုတ် 4နှစ်ခန့်သာ အသက်ရှင်နေထိုင်နိုင်တော့တဲ့အတွက် ကျန်ရှိတဲ့ရက်တွေမှာ ဇနီးသည်နောင်တမရအောင်

ကျယ်ပြောလှတဲ့ကမ္ဘာကြီးကို ဇနီးသည်ကြည်ရှုခံစားနိုင်အောင် ဆက်ပြီးခေါ်ဆောင်သွားချင်ကြောင်း Wang ကပြောပြခဲ့ပါတယ် ။ တခြားခရီးသွားတွေနဲ့ စကားစမြည်းပြောခဲ့ချိန်မှာတော့ Wang ဟာ ” ပင်ပန်းတာပေါ့ ၊

သူ့ရဲ့ဘဝကို အဓိပ္ပါယ်ရှိအောင်လုပ်ပေးနိုင်ရင်တော့ ဒီပင်ပန်းမှုက ဘားမှမဟုတ်ဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ပြီးခဲ့တဲ့ 5နှစ်အတွင်းမှာလည်း Wang ဟာဇနီးသည်ကို ကျောပိုးပြီးနေရာအနှံ့ခရီးထွက်ခဲ့ကြပြီး ၊ နောက်ထပ် ထပ်သွားမည့်ခရီးစဉ်တွေကိုတော့ မဆုံးဖြတ်ရသေးကြောင်း Wang ကပြောပြခဲ့ပါတယ် ။