သတင်းတွေကြောင့် စိတ်ညစ်နေရပေမယ့် သူမကိုယ်တိုင်လည်းပဲ အားတင်းထားပါတယ်ဆိုတဲ့ ဖွေးဖွေး
unicode
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားတဲ့ Covid – 19 ရောဂါပိုးကတော့ ကပ်ရောဂါအဖြစ် တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေပြီး မြန်မာနိုင်ငံမှာလည်း တော်တော်လေး အထိနာနေခဲ့ပြီပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ရောဂါကူးစက်ခံရတဲ့ လူနာတွေ တိုးပွားလာခဲ့သလို ပြည်သူလူထုတွေကလည်း စိုးရိမ်စိတ်တွေကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာရှင်တွေအနေနဲ့လည်း ပြည်သူတွေ စိုးရိမ်သောကနည်းစေဖို့ တတ်နိုင်တဲ့နည်းလမ်းတွေကနေ ကူညီနေကြပြီး ဒီကနေ့မှာတော့ အကယ်ဒမီ ဖွေးဖွေးက ပရိသတ်တွေအတွက် ကရုဏာပို့စ်လေးတစ်ခုကို အခုလိုပဲ မျှဝေပေးထားပါတယ်။
“ကရုဏာပို့စ်ပါရှင်။ ကမ္ဘာကြီးနေမကောင်းဘူး။ ထပ်တိုးခံစားနေရတဲ့သူတဦးတယောက်ချင်းစီတိုင်း အားတွေရှိပြီး အမြန်ပြန်တိုက်ထုတ်ကောင်းမွန်လာပါစေ။ ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ရတော့မှာပါလို့။ အားလုံး သတင်းတွေကြောင့် စိတ်ညစ်နေပြီလား? ဖွေးလဲပဲ အားတင်းထားပါတယ်။ ဖွေးတို့ အားလုံးထက်သတ္တိရှိပေးသူများအားလုံးကိုလဲ လေးစားပါတယ်ရှင်။
It can be you. It can be me. It can be anyone.We are taking care but we never know. So Let just be kind and show love to each other. I Love You all …🤍💪✨ Fightinggg” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေထားပါတယ်။
ဖွေးဖွေးကတော့ သူမရဲ့ ပရိသတ်တွေ စိတ်သက်သာရာရစေဖို့ ခွန်အားပေးစကားလေး ပြောလာတာ ဖြစ်ပါတယ်။ ပြည်သူတွေ အားလုံးလည်း တတ်နိုင်ရင် လူစုလူဝေးကို ရှောင်ရှားပြီး ကိုယ့်ကိုကိုယ် နေကောင်းကျန်းမာအောင် ဂရုစိုက်ကြပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။