ဘာသာႀကီးေလး ခု အေၾကာင္း ႐ိုက္ ကူးပုံေဖာ္ ထားတဲ့ သီခ်င္း ဗီဒီယို အေၾကာင္း ကို ပရိတ္သတ္ေတြဆီ ခ်ျပမယ့္ ယုန္ေလး

တစ္ခ်ိန္ က လူႀကိဳက္မ်ားခဲ့တဲ့ “အခ်စ္အတြက္ ကံမေကာင္းတဲ့သူ” ဆိုတဲ့ သီခ်င္းေလးရဲ့ Rap စာသားအဆိုရွင္ ယုန္ေလးကေတာ့ သူ႔ရဲ့ကိုယ္တိုင္ေရး သီခ်င္းတစ္ပုဒ္ေၾကာင့္ မၾကာေသးခင္ကပဲ လူမႈစာမ်က္ႏွာေပၚမွာ ပြဲဆူေစခဲ့သူပါ။

အခုအခ်ိန္မွာေတာ့ ယုန္ေလးဟာ အလႉအတန္းေတြလုပ္ရင္း လိုအပ္သူေတြကို ကူညီကာ ဘဝကိုေအးေအးေဆးေဆးျဖတ္သန္းေနတာပဲျဖစ္ပါတယ္။ ၿငိမ္းခ်မ္းပါေစ

ျမန္မာျပည္သီခ်င္းဆိုတဲ့ ေဝဖန္မႈေတြရရွိခဲ့တဲ့ ယုန္ေလးကေတာ့ သူ႔ရဲ့ေမြးေန႔အမွီ သီခ်င္းေလးတစ္ပုဒ္ကို ရိုက္ကူးတင္ဆက္သြားမယ္လို႔ ပရိသက္ကို အသိေပးလာပါတယ္။

ယုန္ေလးကေတာ့ ဒီသီခ်င္းကို သူ႔ရဲ့ေမြးေန႔ စက္တင္ဘာ ၁၃အမွီ တင္ဆက္ေပးမွာျဖစ္ၿပီး ရိုက္ကြင္းတည္မွာမဟုတ္ဘဲ တစ္ေနရာစီရိုက္ကူးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဘာသာႀကီးေလးခုအေၾကာင္းရိုက္ကူးမယ့္ ဒီသီခ်င္းေလးမွာ ခရစ္ယာန္ဘာသာဝင္ အႏုပညာသမားတစ္ဦး လိုအပ္ေနတဲ့အတြက္ အႀကံေပးၾကဖို႔လည္း ပရိသတ္ႀကီးဆီက အႀကံေတာင္းထားပါတယ္။

ေမြးေန႔အႀကိဳ ထီလက္မွတ္ေတြေဝရာမွာလည္း ထီဆု ၂၂ခုေပါက္ခဲ့လို႔ ဝမ္းသာေနတဲ့ယုန္ေလးဟာ သူ႔ေမြးေန႔မွာလည္း ဘာသာႀကီးေလးခုကို လႉဒါန္းမႈေတြ ျပဳလုပ္သြားမယ္လို႔ဆိုထားပါတယ္။

သူဟာ မၾကာေသးခင္ကလည္း အႏုပညာရွင္ေတြကို အေကာင့္တုေတြနဲ႔ troll တာသည္းခံနိုင္ေပမယ့္ ဘာသာေရးနဲ႔ပတ္သတ္ၿပီး မtroll ဖို႔ိကို ေဖ့ဘြက္စာမ်က္ႏွာမွတစ္ဆင့္ ေတာင္းဆိုထားပါေသးတယ္။

Unicode

တစ်ချိန် က လူကြိုက်များခဲ့တဲ့ “အချစ်အတွက် ကံမကောင်းတဲ့သူ” ဆိုတဲ့ သီချင်းလေးရဲ့ Rap စာသားအဆိုရှင် ယုန်လေးကတော့ သူ့ရဲ့ကိုယ်တိုင်ရေး သီချင်းတစ်ပုဒ်ကြောင့် မကြာသေးခင်ကပဲ လူမှုစာမျက်နှာပေါ်မှာ ပွဲဆူစေခဲ့သူပါ။

အခုအချိန်မှာတော့ ယုန်လေးဟာ အလှူအတန်းတွေလုပ်ရင်း လိုအပ်သူတွေကို ကူညီကာ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ငြိမ်းချမ်းပါစေ မြန်မာပြည်သီချင်းဆိုတဲ့ ဝေဖန်မှုတွေရရှိခဲ့တဲ့ ယုန်လေးကတော့ သူ့ရဲ့မွေးနေ့အမှီ သီချင်းလေးတစ်ပုဒ်ကို ရိုက်ကူးတင်ဆက်သွားမယ်လို့ ပရိသက်ကို အသိပေးလာပါတယ်။

ယုန်လေးကတော့ ဒီသီချင်းကို သူ့ရဲ့မွေးနေ့ စက်တင်ဘာ ၁၃အမှီ တင်ဆက်ပေးမှာဖြစ်ပြီး ရိုက်ကွင်းတည်မှာမဟုတ်ဘဲ တစ်နေရာစီရိုက်ကူးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘာသာကြီးလေးခုအကြောင်းရိုက်ကူးမယ့် ဒီသီချင်းလေးမှာ ခရစ်ယာန်ဘာသာဝင် အနုပညာသမားတစ်ဦး လိုအပ်နေတဲ့အတွက် အကြံပေးကြဖို့လည်း ပရိသတ်ကြီးဆီက အကြံတောင်းထားပါတယ်။

မွေးနေ့အကြို ထီလက်မှတ်တွေဝေရာမှာလည်း ထီဆု ၂၂ခုပေါက်ခဲ့လို့ ဝမ်းသာနေတဲ့ယုန်လေးဟာ သူ့မွေးနေ့မှာလည်း ဘာသာကြီးလေးခုကို လှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ဆိုထားပါတယ်။

သူဟာ မကြာသေးခင်ကလည်း အနုပညာရှင်တွေကို အကောင့်တုတွေနဲ့ troll တာသည်းခံနိုင်ပေမယ့် ဘာသာရေးနဲ့ပတ်သတ်ပြီး မtroll ဖိို့ကို ဖေ့ဘွက်စာမျက်နှာမှတစ်ဆင့် တောင်းဆိုထားပါသေးတယ်။