HIV ေရာဂါပိုးအခံရိွျပီး အဆုတ္တျခမ္းပ်က္စီးေနတဲ့ သမီးေလးရဲ့ Covid-19 ေဆးစစ္ခ်က္အေျဖအေၾကာင္း ေျပာျပလာတဲ့ ခိုင္နွင္းေဝ

သရုပ္ေဆာင္ ခိုင္နွင္းေဝကေတာ့ လူမ်ိဳး၊ ဘာသာ၊ အဆင့္အတန္း၊ အသက္အရြယ္မေရြး ခ်ိဳ့တဲ့သူေတြကို သူမတတ္နိုင္တဲ့ အင္အားနဲ့ ေစာင့္ေရွာက္ေပးေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ခိုင္နွင္းေဝကေတာ့ အေၾကာင္းေၾကာင္းေၾကာင့္ မိဘနဲ့ ခြဲခြာေနရတဲ့ ကေလးငယ္ေတြကိုလည္း တတ္နိုင္သေလာက္ ကူညီေစာင့္ေရွာက္ထားသူ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ ခိုင္နွင္းေဝက မိဘနွစ္ပါးကြယ္လြန္သြားျပီး သူမရဲ့ ေဂဟာကို လြန္ခဲ့တဲ့ ရက္ပိုင္းကမွ ေရာက္ရိွလာတဲ့ သမီးေလးကို အေရးေပၚ ေဆးရံုတင္ခဲ့ရျပီးေနာက္ ေဆးစစ္ခ်က္အေျဖကို အခုလိုပဲ ေျပာလာပါတယ္။

“ဒီေန႔ သမီးေလးရ႔ဲ Covid-19 အေျဖ ကေတာ့ Negativeပါရွင္။ အထူးေစာင့္ၾကည့္အခန္းမွ အျပင္သို႔ေရႊ႕ေျပာင္းခ့ဲရၿပီး အဆုတ္တစ္ျခမ္း ပ်က္စီးထားပါေသာေၾကာင့္ ေအာက္ဆီဂ်င္ မျပတ္ ေပးထားရပါ တယ္။ နို့ဗူးတိုက္လို႔ မရေသးပဲ ေဆးရံုမွေပးတ့ဲ ႏို႔ကိုသာ အစာပိုက္န႔ဲထည့္ျပီး

တိုက္ရပါတယ္။ ေဆးရံုမွာ ရက္ရွည္တက္ရဦးမွာျဖစ္ၿပီး လိုအပ္တ့ဲ ေဆးစစ္ခ်က္ေတြ ထပ္ေစာင့္ၾကည့္ရပါမယ္ရွင္။ သမီးေလး ေဆးရံုတက္ဖို႔ႏွင့္ ေဆးရရွိေရးအတြက္ အစစအရာရာ ကူညီေဆာင္ရြက္ေပးပါေသာ

“ဆည္းဆာ ေရာင္ျခည္”HIV ကာကြယ္ေစာင့္ေရွာက္ေရး လူမႈကူညီမႈအသင္းမွ ဥကၠဌ ဦးေက်ာ္ႏိုင္ ႏွင့္ အသင္းအား ကူညီေထာက္ပ့ံေပးေသာ ပရဟိတ စိတ္ဓာတ္ရွိသူမ်ား အားလံုးကို

ေက်းဇူးအထူး တင္ရွိပါတယ္ရွင္။ သမီးေလး ဆက္လက္ အသက္ရွင္ႏိုင္ဖို႔ အားလံုး ဝိုင္းဝန္း ေမတၱာပို႔ေပးၾကပါဦးရွင္….🙏🏼🙏🏼🙏🏼” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ မွ်ေဝထားပါတယ္။

ခိုင္နွင္းေဝကေတာ့ သူမရဲ့ သမီးေလးနဲ့ ပက္သတ္ျပီး ကိုယ္တိုင္ဝမ္းနဲ့လြယ္ျပီးမေမြးထားေပမယ့္ မိခင္ရင္းတစ္ေယာက္လို စိုးရိမ္ပူပန္ေနရွာတာေတာ့ အမွန္ပါပဲ။ ပရိသတ္ၾကီးလည္း

အရြယ္နဲ့မမွ်ေအာင္ ေဝဒနာေတြခံစားေနရရွာတဲ့ သမီးေလးအတြက္ ဆုေတာင္းေမတၱာပို့သေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

unicode

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူမျိုး၊ ဘာသာ၊ အဆင့်အတန်း၊ အသက်အရွယ်မရွေး ချို့တဲ့သူတွေကို သူမတတ်နိုင်တဲ့ အင်အားနဲ့ စောင့်ရှောက်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ အကြောင်းကြောင်းကြောင့် မိဘနဲ့ ခွဲခွာနေရတဲ့ ကလေးငယ်တွေကိုလည်း တတ်နိုင်သလောက် ကူညီစောင့်ရှောက်ထားသူ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခိုင်နှင်းဝေက မိဘနှစ်ပါးကွယ်လွန်သွားပြီး သူမရဲ့ ဂေဟာကို လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ရောက်ရှိလာတဲ့ သမီးလေးကို အရေးပေါ် ဆေးရုံတင်ခဲ့ရပြီးနောက် ဆေးစစ်ချက်အဖြေကို အခုလိုပဲ ပြောလာပါတယ်။

“ဒီနေ့ သမီးလေးရဲ့ Covid-19 အဖြေ ကတော့ Negativeပါရှင်။ အထူးစောင့်ကြည့်အခန်းမှ အပြင်သို့ရွှေ့ပြောင်းခဲ့ရပြီး အဆုတ်တစ်ခြမ်း ပျက်စီးထားပါသောကြောင့် အောက်ဆီဂျင် မပြတ် ပေးထားရပါ တယ်။ နို့ဗူးတိုက်လို့ မရသေးပဲ ဆေးရုံမှပေးတဲ့ နို့ကိုသာ အစာပိုက်နဲ့ထည့်ပြီး တိုက်ရပါတယ်။ ဆေးရုံမှာ ရက်ရှည်တက်ရဦးမှာဖြစ်ပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ ထပ်စောင့်ကြည့်ရပါမယ်ရှင်။ သမီးလေး ဆေးရုံတက်ဖို့နှင့် ဆေးရရှိရေးအတွက် အစစအရာရာ ကူညီဆောင်ရွက်ပေးပါသော “ဆည်းဆာ ရောင်ခြည်”HIV ကာကွယ်စောင့်ရှောက်ရေး လူမှုကူညီမှုအသင်းမှ ဥက္ကဌ ဦးကျော်နိုင် နှင့် အသင်းအား ကူညီထောက်ပံ့ပေးသော ပရဟိတ စိတ်ဓာတ်ရှိသူများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ရှင်။ သမီးလေး ဆက်လက် အသက်ရှင်နိုင်ဖို့ အားလုံး ဝိုင်းဝန်း မေတ္တာပို့ပေးကြပါဦးရှင်….🙏🏼🙏🏼🙏🏼” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

ခိုင်နှင်းဝေကတော့ သူမရဲ့ သမီးလေးနဲ့ ပက်သတ်ပြီး ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမမွေးထားပေမယ့် မိခင်ရင်းတစ်ယောက်လို စိုးရိမ်ပူပန်နေရှာတာတော့ အမှန်ပါပဲ။ ပရိသတ်ကြီးလည်း အရွယ်နဲ့မမျှအောင် ဝေဒနာတွေခံစားနေရရှာတဲ့ သမီးလေးအတွက် ဆုတောင်းမေတ္တာပို့သပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။