မြေးမလေးကေသရာနဲ့ကျမှ ဆံညှပ်တွေအမျိုးမျိုးနဲ့ ပြုသမျှနုနေရတဲ့ Rocker ကြီး ဇော်ဝင်းထွဋ်ရဲ့အဖြစ်








unicode

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဇော်ဝင်းထွဋ်ကတော့ ပရိသတ်တွေအကြိုက် Rock သီချင်းတွေကို သီဆိုရင်း ပရိသတ်အားပေးမှု ရရှိပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ သီချင်းတွေက ဒီနေ့ဒီအချိန်ထိတိုင် ပရိသတ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေလျက်ရှိပြီး မှတ်တိုင်တစ်ခု ထူထောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ကလည်း အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ကိုင်နေပြီး မိသားစုနဲ့အတူတူ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေလျက်ရှိပါတယ်။

လက်ရှိ ကိုဗစ်ကာလမှာတော့ ရှိုးပွဲတွေ သီဆိုခြင်းမရှိသေးတဲ့ ဇော်ဝင်းထွဋ်ကတော့ သားသမီးမြေးမြစ်တွေနဲ့ အေးချမ်းနေလျက်ရှိပါတယ်။ ဇော်ဝင်းထွဋ်ကတော့သူ့ရဲ့ အချစ်ဆုံးမြေးမလေး ကေသရာနဲ့အတူတူလည်း အချိန်တွေကုန်ဆုံးရင်း မြေးမလေးအလိုကျ ဆံညှပ်တွေအမျိုးမျိုးနဲ့ ပြုသမျှနုနေရပြီး ဆော့ကစားပေးနေရတာကို အခုလိုပဲ တွေ့ရပါတယ်။

ဇော်ဝင်းထွဋ်ကတော့ Stay Home ကာလမှာ မြေးမလေး ကေသရာကြောင့် ပျင်းဖို့အချိန်တောင်ရှိမယ်မထင်ပါဘူး။ ပရိသတ်ကြီးလည်း ဇော်ဝင်းထွဋ်တို့ မြေးအဖိုးနှစ်ယောက်ရဲ့ ဖြစ်ပုံကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။