နှစ်လိုဖွယ်အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပရိသတ်အချစ်တော်လေး ဖြူဖြူထွေး







unicode

အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါနော်…..။

ဖြူဖြူထွေးဟာ မိဘအပေါ်ကိုလည်းသိတတ်လိမ္မာတဲ့သူလေးဖြစ်ပြီးတော့ ပျော်ပျော်နေတတ်တဲ့ သူလေးဆိုလည်း မမှားပါဘူး။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ရရှိနေတာလည်းဖြစ်ပါတယ်နော်။ ဖြူဖြူထွေးလေးဟာလည်း အမြဲလိုလိုအပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ချစ်စရာပုံလေးတွေကို မကြာခဏတင်ပေးတတ်ပါတယ်။

အခုဆိုရင်လည်း ဖြူဖြူထွေးလေးဟာ သူမရဲ့ Facebookစာမျက်နှာမှာ သူမရဲ့ချစ်စဖွယ်ပုံလေးတွေကို “3AM yes I’m texting you once again…yo yo” ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ဖြူဖြူထွေးလေးရဲ့ ချစ်စရာပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အချစ်ပိုနေကြမယ်ထင်ပါတယ်နော်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။