






unicode

အပျိုအရွယ်ဖြစ်သွားပေမယ့် ကလေးတုန်းကအတိုင်း အမူအယာအိုက်တင်တွေ လုံးဝလျော့ မ သွားဘူးဆိုတဲ့ ပရိသတ်ရဲ့ မှတ်ချက်ကြောင့် ဝမ်းသာခဲ့ရတဲ့ ယွန်းယွန်း

ပါးချိုင့်လှလှလေးနဲ့ ချစ်စရာကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားသူ ယွန်းယွန်းကတော့ အဘွား ဖြစ် သူကြောင့် ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာ သူ တစ်ယောက်ပါပဲ။ ယွန်းယွန်းက သူမရဲ့ငယ်ဘဝတစ်လျှောက်မှာ ကလေးသရုပ်ဆောင် တစ် ယော က် အဖြစ် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတစ် ဆုကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ယွန်းယွန်းက လက်ရှိမှာ အသက် (၂၀) ကျော် အပျိုအရွယ်ဖြစ်နေပြီး သူမဝါသနာပါတဲ့ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းနေ ဆဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ယွန်းယွန်းက ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက် ရိုက်ကူးတဲ့ “အိမ်” Short Film လေးမှာ အေးမြတ်သူ၊ ထွန်းထွန်း၊ မေသဉ္ဇာဦးတို့နဲ့အတူတူ ပါဝင်သရုပ်ဆောင်ခဲ့ တာပဲ ဖြစ်ပါတယ်။ မနေ့က စက်တင်ဘာလ (၂၁) ရက်နေ့မှာတော့ “အိမ်” Short Film လေးက ထွက်ရှိလာခဲ့ပြီး ယွန်းယွန်းရဲ့ နောက်ဆုံးသရုပ်ဆောင်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်ကို တွေ့ရပါ တယ်။ ယွန်းယွန်းကတော့ လူကြီးအရွယ်ဖြစ်သွားခဲ့ပေမယ့် ကလေးတုန်းကအတိုင်း အမူအယာ အိုက်တင်တွေ လုံးဝလျော့မသွားဘူးဆိုတဲ့ ပရိသတ်ရဲ့ မှတ်ချက်တွေကို ရရှိခဲ့ကြောင်း အခုလိုပဲ ပြသထားပါတယ်။

ယွန်းယွန်းကတော့ သူမရဲ့ ကြိုးစားမှုရလဒ်တစ်ခုကို အသိအမှတ်ပြုပေးပြီး အားပေးကြတဲ့ ပရိသ တ် တစ်ယောက်ချင်းစီတိုင်းကြောင့် ခွန်အားတွေဖြစ်ပေါ်နေရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအ တွက် ယွန်းယွန်းပါဝင်သရုပ်ဆောင်ထားတဲ့ “အိမ်” Short Film လေးကို ယွန်းယွန်းရဲ့ ဖေ့စ် ဘု တ် စာမျက်နှာမှာ သွားရောက်ကြည့်ရှုဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆု တောင်း ပေးလိုက်ပါတယ်။