မွေးနေ့ရှင်မေမေ့အတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ ကိတ်မု့န်လေး လက်ဆောင်ပေးဖို့ ကြိုးစားပန်းစားလုပ်နေတဲ့ ဖွေးဖွေး







Source: Phway Phway’s fb
unicode

နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ ဆယ်စုနှစ်တစ်ခုကျော်တိုင် အောင်မြင်မှုရရှိနေသလို သူမရဲ့ အောင်မြင်မှုကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့နေထိုင်မှုနဲ့ ပက်သတ်ပြီး ပွင့်ပွင့်လင်းလင်းချပြထားသလို သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို အမြဲတမ်းပြသလေ့ရှိတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းတဲ့ ပုံစံလေးကို ပိုလို့တောင် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၁) ရက်နေ့ကတော့ ဖွေးဖွေးရဲ့ မေမေ ဒေါ်သိင်္ဂီစံထွားရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ မေမေမွေးနေ့မှာ အမှတ်တရတွေဖြစ်ရအောင် ကိတ်မုန့်လေးတစ်လုံးကို သူမကိုယ်တိုင်ဖုတ်ပေးဖြစ်နေတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေထားပါတယ်။ ဖွေးဖွေးက မွေးနေ့ရှင်မေမေ့အတွက် ကိုယ်တိုင်ဖန်တီးထားတဲ့ ကိတ်မု့န်လေး လက်ဆောင်ပေးဖို့ ကြိုးစားနေတာကို အခုလိုပဲတွေ့ရပါတယ်။

ဖွေးဖွေးကတော့ မေမေပျော်သွားရအောင် ကြိုးစားပန်းစား ကိတ်မုန့်လေး ဖုတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖွေးဖွေးရဲ့ မေမေလည်း ချစ်သမီးလေးရဲ့ လက်ဆောင်ထူးလေးကြောင့် အရမ်းပျော်သွားမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။