အလှူလုပ်ရင်း ဒီရောဂါနဲ့သေသွားတောင် ပရဟိတအလုပ်တွေကို ဆက်လုပ်မယ်လို့ ပြောလာတဲ့ လူရွှင်တော်ဒိန်းဒေါင်
Unicode
ပရိတ်သတ်ကြီးရေ လူရွှင်တော်ဒိန်းဒေါင်ကိုတော့ ပရိတ်သတ်ကြီးအားလုံး
မသိသူမရှိဘူးထင်ပါတယ်နော်၊ လက်ရှိမှာလည်း လူရွှင်တော်အသင်းရဲ့ ခေါင်းဆောင်တာဝန်ကို ယူထားတဲ့အပြင် လိုအပ်တဲ့နေရာတွေ အိမ်ထောင်စုတွေကိုလည်း လိုက်လံလှူဒါန်းနေတာပါ။
ကိုယ်ကိုယ်တိုင်တောင် ကိုဗစ်ကူးခံရမှာကို မမှုပဲ လိုက်လံလှုဒါန်းနေတာပါ၊ ပရဟိတလုပ်နေပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေရှိလာတဲ့အပေါ်မှာရော ရှေ့ဆက်ပြီး လှူဒါန်းမှုတွေပြုလုပ်သွားမယ့်အပေါ်ရော
အခုလိုပဲ အင်တာဗျူးတစ်ခုမှာဖြေခဲ့ပါတယ် ကျနော် ဒီရောဂါနဲ့သေသွားလည်း ဘာမှမဖြစ်ဘူး။ တကယ်ငတ်နေတဲ့သူတွေကို ပေးချင်တယ်။ တကယ်ငတ်နေကြတာ မျက်မြင်ကိုယ်တွေ့ပါ၊ ကျနော့်အိတ်ထဲက စိုက်လှူတာတွေဆို
အွန်လိုင်းပေါ်မတင်ဘူး၊ ပကာသနတွေ ဖြစ်ကုန်လိမ့်မယ်။ ကျနော် တင်နေတာ အားလုံးက လှူတဲ့သူတွေ သာဓုခေါ်လို့ရအောင်၊ လှူချင်တဲ့သူတွေ လှူလို့ရအောင်ပါ။ အဲ့ရည်ရွယ်ချက် (၂)ခုပဲရှိပါတယ်”လို့ ပြောပြလာတာပါ။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအနေနဲ့လည်း ပရိတ်သတ်ကြီးရဲ့ အမြင်လေးတွေမျှဝေပေးခဲ့ပါဦးနော်။ အခုလိုအချိန်ပေးပြီး ပရိတ်သတ်ကြီးအားလုံး သာယာပျော်ရွှင်သောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။