ေျခေထာက္ႏွစ္ဖက္မရွိေတာ့တာေတာင္ ႏွစ္ေပါင္း 40 ၾကာတဲ့အထိ မိသားစုကို လယ္ယာလုပ္ငန္းျဖင့္ ေထာက္ပံေပးခဲ့တဲ့ အဘိုးအို

တ႐ုတ္နိုင္ငံရွိအသက္၆၀အ႐ြယ္ရွိတဲ့လယ္သမားအဖိုးတစ္ဦးဟာ ေျခေထာက္ႏွစ္ဖက္မရွိေတာ့ဘဲလယ္ကြင္းထဲမွာအလုပ္လုပ္ေနတဲ့ပုံေတြအင္တာနက္ေပၚပ်ံ့ႏွံ႕သြားၿပီးေနာက္ Netizenေတြရဲ႕အာ႐ုံစူးစိုက္မႈကိုခံခဲ့ရပါတယ္။

တ႐ုတ္နိုင္ငံ Henan ျပည္နယ္ရွိ XiTiangenဆိုတဲ့လယ္သမားအဖိုးဟာအသက္၁၉ႏွစ္အ႐ြယ္မွာမေတာ္တဆထိခိုက္မႈျဖစ္ပြါးခဲ့ၿပီး ေျခေထာက္ႏွစ္ဖက္စလုံးကိုဆုံးရႈံးခဲ့ရပါတယ္။ ဖခင္ျဖစ္သူဟာ၁၉၉၆ခုႏွစ္မွာကြယ္လြန္သြားခဲ့ၿပီးအသက္ႀကီးၿပီျဖစ္တဲ့အေမအိုႏွင့္

စိတ္ပိုင္းဆိုင္ရာမက်န္းမာတဲ့အစ္ကိုတစ္ေယာက္တို႔ကို ေစာင့္ေရွာက္ရန္သူ႕အားတစ္ေယာက္တည္းထားခဲ့ေၾကာင္းShanghaiistသတင္းအရသိရပါတယ္။အဖိုးXiဟာသူ႕ရဲ႕လက္ႏွစ္ဖက္ျဖင့္သာမိသားစုရဲ႕လယ္ယာလုပ္ငန္းကိုစီမံခန့္ခြဲရၿပီးအေမအိုႏွင့္အစ္ကိုတို႔ကိုလည္း ၾကည့္ရႈေစာင့္ေရွာက္ခဲ့ရပါတယ္။

စိတ္မေကာင္းစြာနဲ႕ဘဲအေမအိုဟာ၂၀၀၆ခုႏွစ္မွာကြယ္လြန္သြားခဲ့ၿပီး၂၀၁၅ခုႏွစ္မွာေတာ့အစ္ကိုျဖစ္သူဟာကြယ္လြန္သြားခဲ့ပါတယ္။ထို႔ေနာက္အဖိုးXiဟာလယ္ယာလုပ္ငန္းကိုဆက္လက္လုပ္ကိုင္နိုင္ရန္ တစ္ဝမ္းကြဲေဆြမ်ိဳးအိမ္သို႔ ေျပာင္းေ႐ြ႕ေနထိုင္ခဲ့ပါတယ္။အရာအားလုံးကိုလက္ျဖင့္သာ အခ်ိန္တိုင္းနီးပါးအသုံးျပဳခဲ့ရတာေၾကာင့္ အဖိုးXiရဲ႕လက္ေခ်ာင္းတခ်ိဳ႕ေတြဟာအၿမဲေကာက္ေကြ႕ေနပါေတာ့တယ္။

ေဒသခံတခ်ိဳ႕ကအဖိုးXiရဲ႕အျဖစ္အပ်က္ကိုသိရွိခဲ့ရၿပီးေနာက္စိတ္မေကာင္းျဖစ္ကာ၁လကို၁၈ေဒၚလာခန့္ ေထာက္ပံနိုင္မည့္အေသးစားလႉဒါန္းမႈေတြကိုစတင္ခဲ့ၾကပါတယ္။Netizenေတာ္ေတာ္မ်ားမ်ားဟာအလုပ္ႀကိဳးစားတဲ့လယ္သမားအဖိုးအားမၾကာမီမွာအနားယူနိုင္ၿပီးအလုပ္မလုပ္ရေတာ့ဘဲသူ႕ရဲ႕က်န္ရွိေနတဲ့ဘဝကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းနိုင္ေစရန္ ေမွ်ာ္လင့္ေနၾကပါတယ္။

unicode

တရုတ်နိုင်ငံရှိအသက်၆၀အရွယ်ရှိတဲ့လယ်သမားအဖိုးတစ်ဦးဟာ ခြေထောက်နှစ်ဖက်မရှိတော့ဘဲလယ်ကွင်းထဲမှာအလုပ်လုပ်နေတဲ့ပုံတွေအင်တာနက်ပေါ်ပျံ့နှံ့သွားပြီးနောက် Netizenတွေရဲ့အာရုံစူးစိုက်မှုကိုခံခဲ့ရပါတယ်။တရုတ်နိုင်ငံ Henan ပြည်နယ်ရှိ XiTiangenဆိုတဲ့လယ်သမားအဖိုးဟာအသက်၁၉နှစ်အရွယ်မှာမတော်တဆထိခိုက်မှုဖြစ်ပွါးခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံးကိုဆုံးရှုံးခဲ့ရပါတယ်။

ဖခင်ဖြစ်သူဟာ၁၉၉၆ခုနှစ်မှာကွယ်လွန်သွားခဲ့ပြီးအသက်ကြီးပြီဖြစ်တဲ့အမေအိုနှင့်စိတ်ပိုင်းဆိုင်ရာမကျန်းမာတဲ့အစ်ကိုတစ်ယောက်တို့ကို စောင့်ရှောက်ရန်သူ့အားတစ်ယောက်တည်းထားခဲ့ကြောင်းShanghaiistသတင်းအရသိရပါတယ်။အဖိုးXiဟာသူ့ရဲ့လက်နှစ်ဖက်ဖြင့်သာမိသားစုရဲ့လယ်ယာလုပ်ငန်းကိုစီမံခန့်ခွဲရပြီးအမေအိုနှင့်အစ်ကိုတို့ကိုလည်း ကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။

စိတ်မကောင်းစွာနဲ့ဘဲအမေအိုဟာ၂၀၀၆ခုနှစ်မှာကွယ်လွန်သွားခဲ့ပြီး၂၀၁၅ခုနှစ်မှာတော့အစ်ကိုဖြစ်သူဟာကွယ်လွန်သွားခဲ့ပါတယ်။ထို့နောက်အဖိုးXiဟာလယ်ယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်ရန် တစ်ဝမ်းကွဲဆွေမျိုးအိမ်သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါတယ်။အရာအားလုံးကိုလက်ဖြင့်သာ အချိန်တိုင်းနီးပါးအသုံးပြုခဲ့ရတာကြောင့် အဖိုးXiရဲ့လက်ချောင်းတချို့တွေဟာအမြဲကောက်ကွေ့နေပါတော့တယ်။

ဒေသခံတချို့ကအဖိုးXiရဲ့အဖြစ်အပျက်ကိုသိရှိခဲ့ရပြီးနောက်စိတ်မကောင်းဖြစ်ကာ၁လကို၁၈ဒေါ်လာခန့် ထောက်ပံနိုင်မည့်အသေးစားလှူဒါန်းမှုတွေကိုစတင်ခဲ့ကြပါတယ်။Netizenတော်တော်များများဟာအလုပ်ကြိုးစားတဲ့လယ်သမားအဖိုးအားမကြာမီမှာအနားယူနိုင်ပြီးအလုပ်မလုပ်ရတော့ဘဲသူ့ရဲ့ကျန်ရှိနေတဲ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေရန် မျှော်လင့်နေကြပါတယ်။