Quarantineဝင် နေသူအမျိုးသားက ရည်းစားနှင့်ခိုးတွေ့၍ အရေးယူခံရ
unicode
မကွေးတိုင်းဒေသကြီးချောက်မြို့မဟာစည်သာသနာ့ရိပ်သာရှိ ကွာရတင်းစင်တာတွင်Quarantineဝင်နေသူအမျိုးသားတစ်ဦးကစင်တာအပြင်ဘက်သို့ခိုးထွက်ကာရည်းစားဖြစ်သူနှင့်ချိန်းတွေ့ခဲ့သည့်အတွက်အောက်တိုဘာလ၁၂ရက်တွင်အမှု
ဖွင့်အရေးယူခဲ့ကြောင်းချောက်မြို့နယ်ဒုတိယမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်မျိုးလင်းကပြည်မြန်မာကိုပြောသည်။ အသက်၃၆နှစ်အရွယ် ဦး(—-)သည်ရန်ကုန်မှပြန်လာသည့်အတွက်အောက်တိုဘာလ၁၁ရက်တွင်Quarantineဝင်နေရခြင်းဖြစ်ပြီးယင်းနေ့ည၁၁နာရီခွဲခန့်အချိန်တွင်Quarantineစင်တာအပြင်ဘက်သို့ထွ
က်ကာရည်းစားနှင့်ချိန်းတွေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။Quarantineဝင်နေတဲ့အမျိုးသားကသူ့ရည်းစားနဲ့တွေ့ဖို့အပြင်ထွက်တယ်။အပြင်ထွက်တော့Qမှာတာဝန်ကျနေတဲ့သူတွေကသိလို့သတ်မှတ်ထားတဲ့နေရာကနေအပြင်ထွက်တယ်ဆိုပြီးတော့Covid-19ထိန်းချုပ်ရေးနှင့်အရေးပေါ်ကော်မတီဝင်တစ်ဦးကတရားလိုလုပ်ပြီးတိုင်တန်းပြီးအရေးယူ
ခံရခြင်းဖြစ် တယ်”ဟုဦးအောင်မျိုးလင်းကဆိုသည်။ အဆိုပါအမျိုးသားအားပြည်သူ့ကျန်းမာရေးဦးစီးဌာနကtest kitဖြင့်ကျန်းမာရေးစစ်ဆေးမှုဆောင်ရွက်ခဲ့ရာတွင်Covid-19 မတွေ့ရှိရသည့်အတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်းတွေ့ရသည်