တူမဖြစ်သူ ကို ချီးကျူးစကားဆိုခဲ့တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်

အမူအရာတစ်ချို့ ဆင်တယ်လို့တောင် ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ တူမတော်လေး မေတိုးခိုင် နဲ့ အတူ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံဖော်ခဲ့ပြီး အဆိုပါရုပ်ရှင်ဇာတ်ကားကြီးဟာ စက်တင်ဘာလ ၁၂ရက်နေ့မှာ ရုံတင်ပြသတော့မှာဘဲ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ နေတိုး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့က အဓိကပါဝင်သ ရုပ်ဆောင်ထားပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်အနေနဲ့ မေတိုးခိုင်လေးက သရုပ်ဆောင်ထားပြီး သူမရဲ့ အတွေ့အကြုံတွေကို ပြောပြလာခဲ့ပါတယ်။

သူမပြောခဲ့တာကတော့ “ ၁၈နှစ်အရွယ် ကောင်မလေးတစ်ယောက်အနေနဲ့ ပေါ့ပေါ့ပါးပါး လေး သရုပ်ဆောင်ထားပါ တယ်။ နောက်ပိုင်း ဟဲဗီးစင်းတွေပါတာပေါ့နော် ဒီကားလေးထွက်လာရင် တော့ အားပေးပေးကြပါဦးနော် တကယ့် နာမည်ကြီး နှစ်ယောက်နဲ့ ရိုက်ရတာဆိုတော့ ကိုယ်ကအားတွေလဲ ရှိခဲ့သလို ကိုယ်အများကြီးကြိုးစားရအုံးမယ်ဆိုတာလဲ သိခဲ့တယ် ။ သူတို့နှစ်ယောက်က ဘေးကနေပံ့ပိုး ပေးကြတော့ ပိုပြီး အားရှိခဲ့ပါတယ်”

“ တကူးတက သင်ယူတာမျိုးမဟုတ်ဘဲ ကိုယ့်အခန်းမပါလဲ သူတို့အခန်းလေးကို တစ်ကူးတက သွားကြည့်ပြီး သင်ယူတာမျိုးပေါ့။ တီဝဲကလဲ အမြဲပြောတယ် တစ်ခုခုဆိုရင် မျက်ချေမပျက်အမြဲကြည့်နေ ပတ်ဝန်းကျင်ကိုလဲ အမြဲ လေ့လာနေဆိုပြီးလေ့လာဆိုတော့ လေ့လာဖြစ်ပါတယ်။ ခုနောက်ပိုင်း Romatic ကားလေးတွေလဲ ရှားလာပြီ ဆိုတော့ ခုလို ပေါ့ပေါ့ပါးပါး Romatic တွေက အရမ်းရှာပြီ ဆိုတော့ ပရိသတ်တွေကို အပျော်လေးတစ်ခုပေးနိုင်မယ်လို့ ထင်မိပါတယ်”

“အရမ်းရင်ခုန်ပါတယ်။ကြည့်ပြီးသား ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အတူကြည့်ရမှာဆိုတော့ ပိုပြီးရင်ခုန်ပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်က ရိုက်ထားတာဖြစ်ပေမယ့် ခုပြန်ကြည့်တော့ ပြုပြင်ချင်တာတွေ ၊ အားမရခဲ့တာတွေ အများကြီးရှိတယ် ။ အသစ်တစ်ယောက်အနေနဲ့ အများကြီးကြိုးစားထားတယ် ။ မနက်ဖြန် ရုံတင်တော့မှာဖြစ်လို့ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှြု့ပီး အားပေးပေးကြပါဦးလို့” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အိန္ဒြာကျော်ဇင် ကလဲ တူမလေးအတွက် “ ဖူးဖူးအတွက်ရိုက်ပေးတာလို့ ပြောရင်လဲ နည်းနည်းတော့ပြောလို့တော့ရတယ် ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာလဲ တကယ့်တူမအရင်းဖြစ်နေတဲ့ အခါကြတော့ ပိုပြီးလုပ်ရတာလဲ လုပ်လို့ပိုကောင်းသွား တယ်ပေါ့နော် သူ့အတွက်လဲ ကောင်းသွားတယ်။

ကိုယ့်အတွက်လဲကောင်းတယ် ဇာတ်လမ်းကြီးတစ်ပုဒ်လုံးအတွက်ကလဲ ဒီဇာတ်လမ်းကြီးကိုကြိုက်တယ် ရိုက်ဖို့လာပြောတဲ့အချိန်ကလဲ အားလုံးကအဆင်သင့်ဖြစ်နေလို့ ရိုက်ဖြစ်သွားတာပါ”

“အဲ့ကားဆိုရင် လွန်ခဲ့တဲ့ ၃နှစ်လောက်က ရိုက်ထားတာဆိုတော့ အသစ်တစ်ယောက်အနေနဲ့ ဆိုရင် သူ့ကို လုပ်နိုင်တယ်လို့ ပြောလို့ရတယ် အသစ်တစ်ယောက်က မုတွေဘာတွေထည့်ဖို့ဒီလိုခံစားချက်တွေကို ထည့်ဖို့ဆိုတာ သိပ်မလွယ်ဘူး ဒါပေမယ့် သူ့မှာက အခံပါရမီလေး အနုပညာဗီဇလေးပါနေတဲ့ အတွက်ကြောင့် သူအဲ့ဟာကို လွယ်လွယ်ကူကူလေးဘဲ လုပ်နိုင်တယ် ။သူ့အတွက် လွယ်နေတာတော့မဟုတ်ဘူးပေါ့နော် သုသုရဲ့ ကာရိုက်တာ ၀င်သွားတယ် ဆိုတာကို စိတ်ကျေနပ်မှုရတယ် ပေါ့နော်။ အပြင်မှာတော့ အဲ့ကားထဲကလိုမဟုတ်ဘူး ဘောက်ဆက်ဆက်” လို့လဲ သူမက ပြောခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ တူဝရီး နှစ်ယောက်ရဲ့ စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးထားတဲ့ ပုံရိပ်တွေက ပရိသတ်တွေကို ဘယ်လိုရသတွေပေးမလဲ ဆိုတာကိုတော့ ချစ်ပရိသတ်တွေက ကြည့်ရှု့ဝေဖန်ပေးကြပါဦးနော်။

May Phyo(mml)
Source – momolay tv

Add a Comment

Your email address will not be published. Required fields are marked *