Concert ဖျော်ဖြေပွဲတွင် ဟန်ပြသီဆိုခြင်းတွေကြာင့် အပြစ်တင်ဝေဖန်ခံနေရတဲ့ IZ*One

IZ*One အဖွဲ့ဟာဆိုရင် Mnet ရဲ့ပြိုင်ပွဲအစီစဉ်ဖြစ်တဲ့ Produce 48 ကနေ ပွဲဦးထုတ်ပေးထားတဲ့အဖွဲ့ပဲဖြစ်ပါတယ်။I.O.I, WANNA ONE အဖွဲ့တွေရဲ့ဂျုနီယာအဖွဲ့ဖြစ်ပြီး ကိုရီးယားနဲ့ဂျပန်တို့မှာနာမည်ကြီးကျော်ကြားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။IZ*One အဖွဲ့ဟာလတ်တလော အာရှနိုင်ငံတွေမှာ “EYES ON ME” Concert ဖျော်ဖြေပွဲကိုပြုလုပ်နေတာဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့က ဂျပန်နိုင်ငံ Fukuoka မြို့မှာကျင်းပသွားခဲ့တဲ့ပွဲမှာတော့ IZ*One အဖွဲ့ဟာ Lip-Sync လို့ခေါ်တဲ့ တကယ်သီဆိုတာမျိုးမဟုတ်ပဲ နောက်ခံသီချင်းဖွင့်ထားတာကို ပါးစပ်လှုပ်ရုံမျှသာဟန်ပြလိုက်လုပ်ခဲ့တာကို လူတွေကသတိထားမိခဲ့ကြပြီးအပြစ်တင်ဝေဖန်နေကြတာပဲဖြစ်ပါတယ်။

အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Ahn Yujin နဲ့ Choi Yena သာ ပွဲတစ်လျှောက်လုံးတိုက်ရိုက် Live သီဆိုခဲ့ကြတာပါ။IZ*One ရဲ့ Main နဲ့lead vocalists တွေကပါ Lip-Sync သီဆိုမှုကြောင့် ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြပါတယ်။ “IZ*One ရဲ့ အဓိကသီဆိုရတဲ့အဖွဲ့ဝင် Main Vocal ကအစ lip-Sync လုပ်တယ်လား” ရသမျှဝင်ငွေတွေအကုန်လုံးကို Choi Yena နဲ့ Ahn Yujin ကိုသာပေးလိုက်ကြပါ ကျန်တဲ့ကလေးတွေက ပိုက်ဆံကိုဒီလိုပုံစံမျိုးနဲ့ရနေကြတာလား?” ဆိုပြီးကိုရီးယားပရိသတ်တွေဆီက အပြစ်တင်ခံနေရတဲ့မှတ်ချက်တွေရရှိနေတာပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ အဖွဲ့ဝင် Choi Yena ကိုချီးကျုးမှုတွေပြုနေကြပါတယ်။ Yena ဟာ Rank 4 နဲ့ IZ*One အဖွဲ့ဝင်အဖြစ်ပါခဲ့တာဖြစ်ပြီး အသံကောင်းသူတစ်ဦးဖြစ်တဲ့အပြင် Rap သီဆိုမှုကိုပါရရှိသူဖြစ်ပါတယ်။”Yena ဟာလှလည်းလှပြီး အဖွဲ့ဝင်တွေထဲ Yena ကိုအရည်ချင်းအရှိဆုံးလို့ထင်တယ် .. သူတို့လိုအပ်တဲ့အခာတိုင်း Yena ကို Main Vocal အဖြစ်သုံးချင်သုံးပြီး Main Rapper အနေနဲ့ပါထားကြတယ်”ဆိုပြီးမှတ်ချက်တွေပေးခဲ့ကြတာဖြစ်ပါတယ်။

IZ*One အဖွဲ့ဟာ Music Chart တွေမှာလည်း ထိပ်စာရင်းထဲဝင်ပြီး အကောင်းဆုံးအဖွဲ့သစ်ဆုကိုလည်းအများအပြားရရှိခဲ့ဖူးပါတယ်။ Produce အစီစဉ်ရဲ့အစဉ်လာအတိုင်း ခတ္တအဖွဲ့ဖြစ်ပြီး ၂ နှစ်ခွဲစာချုပ်သက်တမ်းနဲ့သာ အဖွဲ့လိုက်လှုပ်ရှားမှုတွေပြုလုပ်သွားကြမှာပါ။

Kpop Idol တွေထဲ မိန်းကလေးအဖွဲ့အတော်အများက lip-Sync ကိုသာသီဆိုကြပါတယ်။တစ်ချိန်တည်းမှာ အကအဆိုလုပ်ရတဲ့ဖျော်ဖြေမှုဟာခက်ခဲ့တဲ့အတွက်ကြောင့်မလုပ်နိုင်ကြတာပဲဖြစ်ပါတယ်။IZ*One အဖွဲ့ရဲ့ပွဲဦးထွက်သီချင်းဖြစ်တဲ့ La Vie en Rose ဖျော်ဖြေမှုမှာ အဖွဲ့ဝင် Choi Yena နဲ့ Ahn Yujin တို့ရဲ့ Live သီဆိုနိုင်မှုဟာ ကျန်တဲ့အဖွဲ့ဝင်များနဲ့ကွဲထွက်နေတာကိုတွေ့ကြရမှာပါ။

La Vie en Rose

winkie
Ref:Koreaboo

Add a Comment

Your email address will not be published. Required fields are marked *