ကိုကို,ညီညီကို သမီးလေး ဗစ်တိုးရီးယား တရားရုံးမှာ ပြောခဲ့တဲ့ စကားများ

ဗစ်တိုးရီးယားလေးအမှုကို ပရိသတ်ကြီးတို့ သိကြမှာပါ…နိုင်ငံကျော် ဒီသက်ငယ်မတော်တရားပြုလုပ်မှုအတွက် တရားအမှန်ပေါ်ဖို့ ဆန္ဒပြသူများစွာရှိခဲ့ပြီး လက်ရှိစွပ်စွဲခံထားရသူ တရားခံလို့ သံသယဖြစ်ခံရသူ အောင်ကြီးအပေါ်မှာလည်း တရားခံအစစ်မဟုတ်နိုင်ဘူးဆိုပြီး သုံးသပ်မှုတွေ များစွာ ရှိခဲ့တဲ့ နာမည်ကျော်အမှုပဲ ဖြစ်ပါတယ်…

ယနေ့မှာတော့ အဆိုပါအမှုအတွက် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးချိန်းအဖြစ် ထပ်မံစစ်ဆေးခဲ့ပြီး တရားရုံးမှာ ဗစ်တိုးရီးယားလေးက ကိုကို ညီညီ ဓာတ်ပုံကို ဖနောင့်နှင့်ပေါက်ပြီး ရွေးပြတယ်လို့ သိရပါတယ်…
အောင်ကြီး၊ ကိုကို၊ ညီညီ၊ ဆရာမ နှင်းနုပုံတွေကို ပြသပြီး မေးမြန်းရာမှာ ဗစ်တိုးရီယားလေးက
စွပ်စွဲခံထားရတဲ့ အောင်ကြီးကို မရွေးချယ်ဘဲ ခရိုင်တရားသူကြီး နှစ်ဦးရှေ့မှာ ကိုကိုညီညီ ဓာတ်ပုံကို ရွေးချယ်ပြီးတော့ ဖနောင့်နှင့်ပေါက်၍ လက်ဖြင့်ထုရိုက်ပြခဲ့တယ်လို့ သိရပါတယ်…

ရှေ့နေ့ ဒေါ်ရွက်နုအောင်ကလည်း “ကလေးက ကိုကိုညီညီလို့ မပြောဘူး။ ကိုကိုငယ်ငယ်က မီးမီးရဲ့ ရင်ဘတ်ကို ထုတယ်။ ကိုကိုအကြီးက မီးမီး ဖင်ဖုကို စိပ်တယ်လို့ ပြောသွားတယ်”ဟု ဆိုခဲ့ပါတယ်…
ဗစ်တိုးရီးယားလေးက ပုံတွေပြပြီး မမေးခင်မှာ အစမ်းမေးခွန်းတွေဖြစ်တဲ့ ဖင်ဖု နေရာ လက် ခေါင်း အစရှိတဲ့ မေးခွန်းတွေကို မှတ်ဥာဏ်ကောင်းကောင်းနဲ့ ဖြေကြားနိုင်ခဲ့တယ်လို့လဲ သိရပါတယ်…

ခုလို မှတ်ဥာဏ်ကောင်းကောင်းနဲ့ ဖြေကြားနိုင်တဲ့အပေါ် စစ်ဆေးတဲ့ တရားသူကြီးတွေကလည်း အံ့ဩခဲ့ရပါတယ်လို့ ဆိုပါတယ်…
ကဲ…ပရိသတ်ကြီးရေ အများစိတ်ဝင်စားနေကြတဲ့ ဒီအမှုရဲ့ အဖြစ်မှန်တော့ မကြာခင် ပေါ်တော့မယ်ထင်ပါတယ်…ပရိသတ်ကြီးတို့ အမြင်ကရော ဘယ်လိုရှိလဲ ရေးခဲ့ကြပါအုံးနော်…

Writer – HW ( Shwe Yaung Lan )
Source : 7Day Daily

Add a Comment

Your email address will not be published. Required fields are marked *