စိတ်ပျက်ဖွယ်ကောင်းတဲ့ နိုင်ငံအချို့ရဲ့ အဖြစ်ပျက်များ


၁။ သြစတျေးလ


၂ ။စပိန်


၃။ဘရာဇီး


၎။ UAE


၅။ အင်္ဂလန်


Unicode

ကျနော်တို့ရဲ့ နိုင်ငံတွေ သိမြင်ခံစားမှုတွေကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ အထဲမှာ ရုပ်ရှင်တွေ၊ သတင်းတွေ ၊ တယောက်တယောက်ပြောတဲ့စကားတွေက အများကြီးပါဝင်နေပါတယ် ။ ဒါပေမယ့် ရုပ်ရှင်တွေကတော့ လုပ်ကြံရိုက်ကူးထားတာ ဖြစ်နိုင်တယ်ဆိုတဲ့အတွေးတွေကို ကျနော်တို့ မတွေးမိကြပါဘူး ။ နောက်ပြီး မိတ်ဆွေတစ်ယောက်က နိုင်ငံတစ်ခုကို တပတ်လောက် အလည်သွားပြီး ပြန်ပြောပြတာလောက်နဲ့ ကျနော်တို့အတွက် နိုင်ငံတစ်နိုင်ငံအကြောင်းသိဖို့ မလွယ်ကူပါဘူး ။သတင်းတွေကလည်း ကျနော်တို့ တွေးချင့်နေစရာ ကိစ္စတွေအများကြီးရှိနေပါတယ် ။ အခုကျနော်တို့က မိတ်ဆွေတွေကို ဖော်ပြပေးချင်တဲ့အကြာင်းရာကတော့ လူတွေလက်ခံသိရှိထားတဲ့ တချို့နိုင်ငံရဲ့ အချက်လက်တွေ မှားယွင်းနေတဲ့ ဆိုတဲ့အကြောင်းအရာလေးပဲ ဖြစ်ပါတယ် ။ ဘယ်နိုင်ငံတွေ ပါဝင်မလဲဆိုတာကိုတော့ အောက်မှာ ဆက်ပြီး ကြည့်ရှုကြရအောင်လား ခင်ဗျာ ။

၁။ သြစတျေးလ
သြစတေးလျနိုင်ငံကိုတော့ လူအများက အဆုံးမရှိတဲ့ ပူနွေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားခဲ့ပါတယ် ။ အဲ့တာကလည်း ကျနော်တို့ မြင်နေတွေ့နေရတဲ့ Sydney, Melbourne, Canberrra နဲ့ Adelaide တို့လို လူနေများတဲ့ မြို့တွေလောက်ကိုပဲ မြင်နေတွေ့နေကြားနေရလို့ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင်တော့ Canberra ဒေသမှာဆိုရင် တောင်တန်းတွေအများကြီးရှိပြီး ဆောင်းရာသီရဲ့ အပူချိန်ဟာ ၃၂ ဒီဂရီဖာရင်ဟိုက်ထိရှိတယ်လို့ ဆိုပါတယ် ။ အဲ့ဒီဒေသမှာတော့ အမြဲတမ်း နှင်းတွေ ၊ ရေခဲတွေ ဖုံးလွှမ်းနေပါတယ် ။

၂ ။စပိန်
စပိန်နိုင်ငံရဲ့ အဓိကပြယုဂ်ဟာ နွားရိုင်းသတ်ပွဲတွေ ဖြစ်တယ်လို့ ကျနော်တို့ မြင်တွေ့နေရကြပုံတွေအရ ယုံကြည်နေကြပါတယ် ။ တကယ်တော့ စပိန်နိုင်ငံ ရဲ့ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်မှုနှုန်းများတဲ့ တချို့ နေရာတွေမှာတော့ အတိုက်ခံလုပ်ပြီး အဲ့ဒီနွားရိုင်းသတ်ပွဲတွေကို ကျင်းပနေကြတာပါ။ စပိန်နိုင်ငံရဲ့ မြို့တော်တော်များများမှာတော့ အဲ့ဒီနွားရိုင်းသတ်ပွဲတွေ ကိုကျင်းပခွင့်မပြုကြတဲ့အပြင် ပြင်ပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ အဲ့ဒီလို့ ကျင်းပခွင့်မပြုတဲ့ နေရာတွေမှာတော့ ဘာစီလိုနာ မြို့လည်း ပါဝင်ပါတယ် ။

၃။ဘရာဇီး
Rio De Janerio ဆိုတဲ့ မြို့ကို လက်ရှိအချိန်ထိ ဘရာဇီးနိုင်ငံရဲ့ မြို့တော်လို့ ထင်ထားနေတုန်းပဲ ဆိုရင်တော့ မိတ်ဆွေဟာ ခေတ်ကြီးတစ်ခုစာလောက် နောက်ကျကျန်နေခဲ့ပါပြီ။ အဲ့ဒီမြို့က နှစ်ပေါင်း ၂၀၀ လောက်အတွက်တော့ ဘရာဇီးနိုင်ငံရဲ့ မြို့တော် ဖြစ်နေခဲ့ပါတယ် ။ ဒါပေမယ့် 1960 ပြည့်နှစ်တွေကစပြီး ဘရာဇီးနိုင်ငံရဲ့ မြို့တော်ကို တခြားမြို့အား ပြောင်းလဲ သတ်မှတ်ခဲ့ကြပါတယ် ။အဲ့ဒီမြို့ကတော့ brasília မြို့ပဲဖြစ်ပါတယ် ။ Rio မြို့ကို နောက်ထပ်မှားယွင်းစွာ ထင်နေတဲ့ အကြောင်းအရာတစ်ခုပဲ ရှိပါသေးတယ် ။ အဲ့ဒါကတော့ ဘရာဇီးနိုင်ငံ ရဲ့ အကြီးဆုံးမြို့အဖြစ်လည်း သတ်မှတ်ကြပါတယ် ။အဲဒီအချက်ဟာလည်း မှားယွင်းတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

၄။ UAE

အသိနဲ့ တကယ့် လက်တွေ့နဲ့တက်တက်ဆင်အောင် လွဲနေတဲ့ အထဲမှာလည်း UAE ကလည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့မြင်တွေ့ရတဲ့ UAE နိုင်ငံရဲ့ မြင်ကွင်းတွေဟာ အရမ်းကြီးကို ခမ်းနားသပ်ရပ်နေပါတယ်။ အာရပ်နွယ်ဝင်နိုင်ငံတွေ ဝန်းရံနေတဲ့ UAE ရဲ့ တကယ့်လူနေမှုဘဝမှာတော့ထင်သလောက် မကြီးကျယ်နေပါဘူး ။ ဖော်ပြထားတဲ့ ပုံကိုပဲ ကြည့်ကြည့်ပါ ။ တကယ့်UAE ရဲ့ Life Style ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ် ။

၅။ အင်္ဂလန်

အင်္ဂလန်နိုင်ငံ ကိုတော့ မိုးများစွာ ရွာသွန်းလေ့ရှိတဲ့နိုင်ငံလို့ အများကထင်ကြပါတယ် ။ တကယ်တန်းတော့ အဲ့ဒီအမြင်ဟာ မှန်မနေခဲ့ပါဘူး ။ တကယ်တော့ အင်္ဂလန်နိုင်ငံရဲ့ လန်ဒန်မြို့ဟာ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမြို့ ထက် နှစ်စဉ်မိုးရေချိန်လက်မက နည်းပါတယ် ။ အဲ့ဒါကြောင့် ကျနော်တို့ မြင်နေကြားနေရတဲ့ နိုင်ငံတွေရဲ့ အချက်လက်တွေက ကျနော်တို့ အထင်အမြင်တွေကို လွဲမှားနေစေပါတယ် ဆိုတာ သိလိုက်ကြပြီထင်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *