ပရိသတ်တွေစိတ်ဝင်စာမှုမြင့်တက်နေတဲ့ မြမြ ရုပ်ရှင်ဇာတ်ကားကြီး တရားဝင်ရိုက်ကူးခွင့် ပြုလိုက်ပြီ
ယူနီကုဒ်ဖြင့်ဖတ်ရန်
ပရိသတ်ကြီးရေ ပြီးခဲ့တဲ့လပိုင်းလောက်က လူမှုကွန်ယက်ပရိသတ်တွေနဲ့ ပရိသတ်တွေကြား ဂယက်ထလူသိများခဲ့တဲ့ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မြမြဆိုတဲ့ မိန်းကလေးအကြောင်းကိုတော့ ပရိသတ်တွေ သိရှိပြီးလောက်ဖြစ်မှာပါနော်။
အမျိုးသားသုံးယောက်ရဲ့ အဓမ္မပြုကျင့်တာခံရပြီး သတ်ဖြတ်ခံလိုက်ရတဲ့ မြမြရဲ့ အကြောင်းလေးကိုတော့ ဒါရိုက်တာညိုမင်းလွင်က ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အခိုင်အမာရရှိထားတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ခွင့်ပြုအကြောင်းကြားစာရရှိခဲ့ပြီး အခုဆိုရင် တရားဝင်ရိုက်ကူးခွင့်ရရှိသွားပြီ ဖြစ်ပါတယ်နော်။
ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးမယ့် “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော သင်ဇာဝင့်ကျော်က မြမြအဖြစ် သရုပ်ဆောင်သွားမှာမို့
ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဓမ္မပြုကျင့်မယ့် လူကြမ်းသရုပ်ဆောင် ရွေးချယ်ပွဲကိုလည်း ပြုလုပ်ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်နော်။
ဇာတ်ကားမရိုက်ကူးခင်ကတည်း ပရိသတ်တွေရဲ့ စိတ်ဝင်တစား အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထာပြီး တတ်သစ်စ အနုပညာရှင်အသစ်တွေကို အခွင့်အရေးပေးပြီး ရိုက်ကူးမယ့်ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။
“မြမြ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညိုမင်းလွင်ကလည်း ပရိသတ်တွေကို ပြောပြထားတဲ့ ဗီဒီယိုင်လေးကိုလည်း အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်နော်။ ခရက်ဒစ်လပ်ကီးမြန်မာ.
Add a Comment
Your email address will not be published. Required fields are marked *