ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ…လက္ေတြ႕ေပ်ာက္တဲ့ ေဆးနည္းေကာင္း

ကိုယ္ တိုင္ျဖစ္မွ ဘယ္ေလာက္ခံရခက္တဲ့ေရာဂါလဲဆိုတာသိရတယ္။ကိုယ့္လိုေရာဂါတူ မိတ္ေဆြေတြကိုလည္းကိုယ္ျခင္းစာမိတယ္။ဒါ့ေၾကာင့္ကုသိုလ္ယူတဲ့အေနနဲ႔ေဆးနည္းေလးမွ်ေဝပါတယ္ရွင္။

ေဆးနည္းမၫြန္းမွီ ေရာဂါအေျခေနခန႔္မွန္းလို႔ရေအာင္အရင္ေျပာျပမယ္ေနာ္။လြန္ခဲ့တဲ့ ရက္ ၂၀ က အသက္ရႈမဝဘူး။၃ရက္ေျမာက္ေန႔ပိုဆိုးလာတယ္။ဒါနဲ႔အေျခေနမေကာင္းလို႔ ေဆး႐ုံသြားရေတာ့တယ္။

အာရွေတာ္ဝင္ေဆး႐ုံနဲ႔ဖြားအိမ္နဲ႔ကလမ္းေလ်ာက္သြားရင္ ၅မိနစ္ဘဲ။အျမန္လိုလို႔ကားနဲ႔သြားတာ ၁၅ မိနစ္ၾကာတယ္။ကားပိတ္တာေလ။ကားေပၚမွာတင္ အသက္ရႈက်ပ္ၿပီး ျပာနမ္းသြားတယ္။ Emergency ေရာက္။လိုအပ္တာစစ္ၿပီး ႏွလုံးအထူးကုဆရာဝန္ႀကီးပါေမာကၡဦး—- နဲ႔ကုသမႈ႕ခံယူတယ္။

အဖြားက ႏွလုံးေသြးေၾကာ၂ေခ်ာင္းက်ဥ္းေနတာ။ႏွလုံးခုန္ႏႈန္းကလဲ ၅၀ေအာက္သာထိုးက်ခ်င္ေနတယ္။ကုသမႈ႕ ၅ရက္ထိအေျခေနကတိုးတက္မလာဘဲပါးစပ္ဟၿပီးေလရႈေနရတယ္။ဆရာဝန္ႀကီးကစိုးရိမ္ရတဲ့အေျခေနမဟုတ္ဘူးတဲ့ လူကအေမာေဖာက္ေနၿပီပါးစပ္ဟၿပီးရႈတဲ့ရက္ကမ်ားလာေတာ့ ရင္ဘက္ေတြပါနာ စကားေျပာလဲေမာ အသက္ရႈလဲေမာဘာမွကိုမလုပ္ႏိုင္ေတာ့တာ။

ေသမွာလဲေၾကာက္တယ္။ဒါနဲ႔ အင္တာနက္ထဲေဆးနည္းေတြရွာၾကည့္တယ္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါလို႔႐ိုက္ထည့္ၿပီးရွာလိုက္တာေဆးနည္းေတြအမ်ားႀကီးဘဲေတြ႕တယ္။ေဆးနည္းအမ်ားႀကီးထဲကမွ တစ္ခုကိုေ႐ြးလိုက္တယ္။

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ႂကြက္နား႐ြက္မႈိေျခာက္ လက္တစ္ဆုတ္တ႐ုတ္ဆီးသီးေျခာက္ ၅လုံး ဂ်င္းလက္တဆစ္ဆားအနည္းငယ္ေရဖန္ခြက္နဲ႔ ၃ခြက္ ၁ ခြက္တင္က်ိဳမနက္တစ္ခါေသာက္ညေနတစ္ခါထပ္ျပဳတ္ၿပီးညတခါေသာက္ျပဳတ္ရည္ ၂ခါယူပါတယ္။

အဖတ္ကိုေတာ့စားႏိုင္ရင္စား အဖြားေတာ့မစားႏိုင္လို႔အရည္ဘဲေသာက္တယ္။၁၅ ရက္ေသာက္ေပးရပါမယ္။ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ယူျပစ္သလိုသက္သာေပ်ာက္ကင္းေစတာ ကိုယ္ေတြ႕ပါေနာ္။ခုမေမာေတာ့ဘူး။အသက္ရႈလဲဝဝလင္လင္ဘဲ။ႏွလုံးခုန္ႏႈန္းေတာင္ ၇၀ေက်ာ္ထိတက္လာတယ္။

ပုံမွန္နီးပါးေနလို႔ေကာင္းပါၿပီ။ေငြမကုန္ လူမပန္းဘဲ လက္ေတြ႕သက္သာေပ်ာက္ကင္းတဲ့ေဆးနည္းေလးမို႔မွ်ေဝလိုက္ပါတယ္။ေရာဂါတူမိတ္ေဆြမ်ား သက္သာေပ်ာက္ကင္းၾကပါေစ။ဒီေဆးရဲ႕ ဆိုက်ိဳးတခုေတာ့ က်မ ၾကားဖူးပါတယ္ ။ၾကာရွည္ေသာက္မယ္ဆို ….ေက်ာက္ကပ္ကိုပ်က္စီးေစတတ္ပါတယ္တဲ့ …သတိထားေသာက္ေစျခင္ပါတယ္ ။

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ…လက္ေတြ႕ေပ်ာက္တဲ့ ေဆးနည္းေကာင္း …..

Credit ယမင္း ျဖ

ကိုယ်တိုင်ဖြစ်မှဘယ်လောက်ခံရခက်တဲ့ရောဂါလဲဆိုတာသိရတယ်။ကိုယ့်လိုရောဂါတူ မိတ်ဆွေတွေကိုလည်းကိုယ်ခြင်းစာမိတယ်။ဒါ့ကြောင့်ကုသိုလ်ယူတဲ့အနေနဲ့ဆေးနည်းလေးမျှဝေပါတယ်ရှင်။

ဆေးနည်းမညွန်းမှီ ရောဂါအခြေနေခန့်မှန်းလို့ရအောင်အရင်ပြောပြမယ်နော်။လွန်ခဲ့တဲ့ ရက် ၂၀ က အသက်ရှုမဝဘူး။၃ရက်မြောက်နေ့ပိုဆိုးလာတယ်။ဒါနဲ့အခြေနေမကောင်းလို့ ဆေးရုံသွားရတော့တယ်။

အာရှတော်ဝင်ဆေးရုံနဲ့ဖွားအိမ်နဲ့ကလမ်းလျောက်သွားရင် ၅မိနစ်ဘဲ။အမြန်လိုလို့ကားနဲ့သွားတာ ၁၅ မိနစ်ကြာတယ်။ကားပိတ်တာလေ။ကားပေါ်မှာတင် အသက်ရှုကျပ်ပြီး ပြာနမ်းသွားတယ်။ Emergency ရောက်။လိုအပ်တာစစ်ပြီး နှလုံးအထူးကုဆရာဝန်ကြီးပါမောက္ခဦး—- နဲ့ကုသမှု့ခံယူတယ်။

အဖွားက နှလုံးသွေးကြော၂ချောင်းကျဉ်းနေတာ။နှလုံးခုန်နှုန်းကလဲ ၅၀အောက်သာထိုးကျချင်နေတယ်။ကုသမှု့ ၅ရက်ထိအခြေနေကတိုးတက်မလာဘဲပါးစပ်ဟပြီးလေရှုနေရတယ်။ဆရာဝန်ကြီးကစိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးတဲ့ လူကအမောဖောက်နေပြီပါးစပ်ဟပြီးရှုတဲ့ရက်ကများလာတော့ ရင်ဘက်တွေပါနာ စကားပြောလဲမော အသက်ရှုလဲမောဘာမှကိုမလုပ်နိုင်တော့တာ။

သေမှာလဲကြောက်တယ်။ဒါနဲ့ အင်တာနက်ထဲဆေးနည်းတွေရှာကြည့်တယ်။နှလုံးသွေးကြောကျဉ်းရောဂါလို့ရိုက်ထည့်ပြီးရှာလိုက်တာဆေးနည်းတွေအများကြီးဘဲတွေ့တယ်။ဆေးနည်းအများကြီးထဲကမှ တစ်ခုကိုရွေးလိုက်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက်ကြွက်နားရွက်မှိုခြောက် လက်တစ်ဆုတ်တရုတ်ဆီးသီးခြောက် ၅လုံး ဂျင်းလက်တဆစ်ဆားအနည်းငယ်ရေဖန်ခွက်နဲ့ ၃ခွက် ၁ ခွက်တင်ကျိုမနက်တစ်ခါသောက်ညနေတစ်ခါထပ်ပြုတ်ပြီးညတခါသောက်ပြုတ်ရည် ၂ခါယူပါတယ်။

အဖတ်ကိုတော့စားနိုင်ရင်စား အဖွားတော့မစားနိုင်လို့အရည်ဘဲသောက်တယ်။၁၅ ရက်သောက်ပေးရပါမယ်။နှလုံးသွေးကြောကျဉ်းရောဂါအတွက်ယူပြစ်သလိုသက်သာပျောက်ကင်းစေတာ ကိုယ်တွေ့ပါနော်။ခုမမောတော့ဘူး။အသက်ရှုလဲဝဝလင်လင်ဘဲ။နှလုံးခုန်နှုန်းတောင် ၇၀ကျော်ထိတက်လာတယ်။

ပုံမှန်နီးပါးနေလို့ကောင်းပါပြီ။ငွေမကုန် လူမပန်းဘဲ လက်တွေ့သက်သာပျောက်ကင်းတဲ့ဆေးနည်းလေးမို့မျှဝေလိုက်ပါတယ်။ရောဂါတူမိတ်ဆွေများ သက်သာပျောက်ကင်းကြပါစေ။ဒီဆေးရဲ့ ဆိုကျိုးတခုတော့ ကျမ ကြားဖူးပါတယ် ။ကြာရှည်သောက်မယ်ဆို ….ကျောက်ကပ်ကိုပျက်စီးစေတတ်ပါတယ်တဲ့ …သတိထားသောက်စေခြင်ပါတယ် ။

Credit ယမင်း ဖြ

Add a Comment

Your email address will not be published. Required fields are marked *